YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 68:32-35

ဆာလံ 68:32-35 Judson Bible (JBMLE)

မြေ​ကြီး​နိုင်​ငံ​တို့၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ သီ​ချင်း​ဆို​ကြ​လော့။ အ​စ​အ​ဦး၌ အ​ထက်​ကောင်း​ကင်​ဘ​ဝဂ်​ကို စီး၍​နေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ အ​သံ​တော်​ကို လွှတ်​တော်​မူ၍၊ အား​ကြီး​သော​အ​သံ​ဖြစ်၏။ ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​ကို ဘုန်း​တော်​လွှမ်း​မိုး​လျက်၊ တန်​ခိုး​တော်​လည်း မိုး​တိမ်​တို့​တွင် ထင်​ရှား​လျက်​ရှိ​သ​တည်း။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြင်​မှာ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကား၊ မိ​မိ​လူ​တို့​အား အ​ခွင့်​တန်​ခိုး​ကို​ပေး​တော်​မူ​သော ဘု​ရား​ပေ​တည်း။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

ဆာလံ 68:32-35 Common Language Bible (BCL)

လော​က​နိုင်​ငံ​အ​ပေါင်း​တို့၊ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​၍​ချီး​မွမ်း​ကြ​လော့။ ရှေး​မ​ဆွ​က​တည်​ရှိ​နေ​သည့်​မိုး​ကောင်း​ကင်​တွင် ကြွ​မြန်း​တော်​မူ​သော​ဘု​ရား​ရှင်​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ ကျယ်​စွာ​မိန့်​မြွက်​တော်​မူ​သော​အ​သံ​ကို နား​ထောင်​ကြ​လော့။ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို​ထုတ်​ဖော် ကြေ​ညာ​ကြ​လော့။ ကိုယ်​တော်​၏​ဂုဏ်​ကျက်​သ​ရေ​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင်​လွှမ်း​မိုး​၍ ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​သည် မိုး​ကောင်း​ကင်​၌​ထင်​ရှား​လျက်​ရှိ​၏။ သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ​ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ရို​သေ​ကြောက်​ရွံ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​တန်​ခိုး​နှင့် စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။

ဆာလံ 68:32-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကမ္ဘာမြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​တို့​၊ ဘုရားသခင်​ထံသို့ သီချင်းဆို​ကြ​လော့​။ ဘုရားရှင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ (​စေလာ ) ရှေးကာလ​ကပင်​တည်ရှိ​သည့် အမြင့်ဆုံးကောင်းကင်​ကို​စီး​တော်မူ​သော​အရှင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​သည် မိမိ​အသံ​၊ တန်ခိုးကြီး​သော​အသံ​ကို လွှင့်​တော်မူ​၏​။ ဘုရားသခင်​၏​အစွမ်းသတ္တိ​ကို သိမှတ်ဝန်ခံ​ကြ​လော့​။ ကိုယ်တော်​၏​အာနုဘော်​တော်​သည် အစ္စရေး​အပေါ်​၌​ရှိ​၍ ကိုယ်တော်​၏​အစွမ်းသတ္တိ​သည် မိုးတိမ်​တို့​၌​ရှိ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌ အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် လူမျိုး​တော်​အား အစွမ်းသတ္တိ​နှင့်​ခွန်အား​များ​ကို​ပေး​တော်မူ​၏​။ ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော​။