YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 68:28-31

ဆာလံ 68:28-31 Judson Bible (JBMLE)

အို ဘု​ရား​သ​ခင်၊ တန်​ခိုး​တော်​ကို ပြ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့၌​ပြု​သော ကျေး​ဇူး​တော်​ကို တည်​စေ​တော်​မူ​ပါ။ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ဗိ​မာန်​တော်​အ​ဖို့ ရှင်​ဘု​ရင်​တို့​သည် ကိုယ်​တော်​ထံ​သို့ လက်​ဆောင်​များ​ကို ဆောင်​ခဲ့​ကြ​ပါ​စေ​သော။ ကျူ​တော​သား​ရဲ​ကို​လည်း​ကောင်း၊ နွား​လား​ဥ​သ​ဘ​အ​စု​အ​ဝေး​နှင့် လူ​မျိုး​တို့၏​နွား​ပျို​တို့​ကို​လည်း​ကောင်း ဆုံး​မ​တော်​မူ​သ​ဖြင့်၊ အ​သီး​အ​သီး​တို့​သည် ငွေ​စ​နှင့် ကိုယ်​ကို​နှိမ့်​ချ​ကြ​ပါ​စေ​သော။ စစ်​မှု​ကို နှစ်​သက်​သော လူ​မျိုး​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​ပါ။ အဲ​ဂု​တ္တု​ပြည်​မှ သံ​တ​မန်​တို့​သည် လာ​ကြ​ပါ​စေ​သော။ ကု​ရှ​ပြည်​သည် မိ​မိ​လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ အ​လျင်​အ​မြန် ဆန့်​ရ​ပါ​စေ​သော။

ဆာလံ 68:28-31 Common Language Bible (BCL)

အို ဘု​ရား​သ​ခင်၊ ရှင်​ဘု​ရင်​များ​ကိုယ်​တော်​ထံ​လက်​ဆောင်​များ ဆက်​သ​ရာ​ယေ​ရု​ရှင်​လင်​မြို့​ရှိ​ဗိ​မာန်​တော်​မှ ကျွန်​တော်​မျိုး​တို့​အ​တွက်​အ​သုံး​ပြု​တော်​မူ ခဲ့​သော တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ။ ကူ​တော​မှ​သား​ရဲ​တိ​ရစ္ဆာန်​ဖြစ်​သည့်​အီ​ဂျစ် ပြည်​ကို ဆုံး​မ​တော်​မူ​ပါ။ နွား​လား​ဥ​သ​ဘ​များ​နှင့်​နောက်​လိုက် နွား​ပျို​များ​တည်း​ဟူ​သော​လူ​မျိုး​များ သည် ကိုယ်​တော်​ရှင်​အား​ဦး​ညွှတ်​ပျပ်​ဝပ်​၍ လက်​ဆောင် ပဏ္ဏာ​ဆက်​သ​လာ​သည်​တိုင်​အောင်​သူ​တို့​အား ဆုံး​မ​တော်​မူ​ပါ။ စစ်​တိုက်​ရန်​နှစ်​သက်​သော​လူ​မျိုး​တို့​ကို​ကွဲ​လွင့် စေ​တော်​မူ​ပါ။ အီ​ဂျစ်​ပြည်​မှ​သံ​တ​မန်​များ​သည်​အ​ထံ တော်​သို့ လာ​ကြ​ပါ​လိမ့်​မည်။ ဆူ​ဒန်​ပြည်​သား​တို့​သည်​လက်​အုပ်​ချီ​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ ပြု​ကြ​ပါ​လိမ့်​မည်။

ဆာလံ 68:28-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​၏​ဘုရားသခင်​သည် သင်​၏​အစွမ်းသတ္တိ​ကို​မိန့်မှာ​တော်မူ​ပြီ​။ အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​အတွက် ပြု​တော်မူ​သည့်​အတိုင်း တန်ခိုး​တော်​ကို​ပြသ​တော်မူ​ပါ​။ ဂျေရုဆလင်​မြို့​ရှိ ကိုယ်တော်​၏​ဗိမာန်တော်​ကြောင့် ရှင်ဘုရင်​တို့​သည် ကိုယ်တော့်​ထံသို့ လက်ဆောင်ပဏ္ဏာ​ယူဆောင်​လာ​ကြ​ပါ​လိမ့်မည်​။ ကျူတော​သားရဲတိရစ္ဆာန်​နှင့် လူမျိုး​နွားသငယ်​များ​အလယ်​ရှိ နွားလား​အုပ်ကြီး​တို့​ကို ဆုံးမ​တော်မူ​ပါ​။ ငွေ​ချောင်း​များ​ရှိ​သော​သူ​ကို ခြေ​ဖြင့်​နင်းချေ​လျက် စစ်မက်​ကို​နှစ်သက်​သော​လူမျိုး​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​တော်မူ​ပါ​။ သံတမန်​တို့​သည် အီဂျစ်​ပြည်​မှ​ရောက်လာ​ကြ​လိမ့်မည်​။ အီသီယိုးပီးယား​ပြည်​သည် ဘုရားသခင်​ထံသို့ မိမိ​လက်​ကို​ဆန့်​လိမ့်မည်​။