YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 68:15-18

ဆာလံ 68:15-18 Judson Bible (JBMLE)

ဘု​ရား​သ​ခင်၏​တောင်​တည်း​ဟူ​သော ဗာ​ရှန်​တောင်၊ မြင့်​သော​ထိပ်​များ​နှင့် ပြည့်​စုံ​သော ဗာ​ရှန်​တောင်​တို့၊ သင်​တို့​သည် မြင့်​သော​တောင်​ထိပ်​များ​နှင့် ပြည့်​စုံ​သော်​လည်း၊ ဘု​ရား​သ​ခင် ကျိန်း​ဝပ်​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သော​တောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​နေ​ရာ​ချ​တော်​မူ​သော​တောင်​တော်​ကို အ​ဘယ်​ကြောင့် စောင်း​မြောင်း​ကြ​သ​နည်း။ ဘု​ရား​သ​ခင်၏​ရ​ထား​တော်​တို့​သည် အ​ထောင်​အ​သောင်း​မ​က များ​ကြ၏။ ဘု​ရား​ရှင်​ပါ​တော်​မူ၏။ သိ​နာ​တောင်​လည်း သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရှိ​သ​တည်း။ ကိုယ်​တော်​သည် မြင့်​သော​အ​ရပ်​သို့ တက်​ကြွ​တော်​မူ​သ​ဖြင့်၊ များ​စွာ​သော သူ​တို့​ကို​ဖမ်း​သွား​တော်​မူ၍၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​တို့​တွင် ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ လူ​တို့​အ​ဖို့​မ​က၊ ပုန်​ကန်​သော လူ​တို့​အ​ဖို့ ဆု​လာဘ်​များ​ကို ခံ​ရ​တော်​မူ​ပြီ။

ဆာလံ 68:15-18 Common Language Bible (BCL)

ဗာ​ရှန်​တောင်​သည်​လွန်​စွာ​ကြီး​မား​လှ​ပါ​ပေ​သည်။ တောင်​ထိပ်​များ​စွာ​ရှိ​သည့်​တောင်​ဖြစ်​ပါ​သည် တ​ကား။ ကြီး​မား​သည့်​တောင်​ထိပ်​များ​မှ​သင်​သည် အ​ဘယ်​ကြောင့်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော် မူ​ရန် ရွေး​ချယ်​ထား​သည့်​တောင်​တော်​ကို​မ​ထီ​လေး​စား စိတ်​ဖြင့်​ကြည့်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​တောင်​ပေါ်​တွင်​ထာ​ဝ​စဉ် ကိန်း​ဝပ်​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အင်​အား​ကြီး​မား​သည့် စစ်​ရ​ထား​ထောင်​ပေါင်း​များ​စွာ​နှင့် သိ​နာ​တောင်​မှ​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၏။ ကိုယ်​တော်​သည်​သုံ့​ပန်း​များ​ကို​ခေါ်​ဆောင်​၍ မြင့်​သော​အ​ရပ်​သို့​တက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​ပုန်​ကန်​သူ​တို့​၏​ထံ​မှ လက်​ဆောင်​ပဏ္ဏာ​များ​ကို​ခံ​ယူ​တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရပ် တွင် ကိန်း​ဝပ်​တော်​မူ​မည်။

ဆာလံ 68:15-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​၏​တောင်​တော်​သည် ဗာရှန်​တောင်​ဖြစ်​၏​။ တောင်​ထိပ်​များစွာ​ရှိ​သော ဗာရှန်​တောင်​ဖြစ်​၏​။ တောင်ထိပ်​များစွာ​ရှိ​သော​တောင်​တို့​၊ ဘုရားသခင်​သည် မိမိ​စံပယ်​ရာ​အရပ် ဖြစ်စေ​လို​သော​တောင်​ကို သင်​တို့​သည် အဘယ်ကြောင့်​မနာလိုစိတ်​နှင့်​ကြည့်​နေ​ကြ​သနည်း​။ အမှန်စင်စစ် ထာဝရဘုရား​သည် ထို​အရပ်​၌ အစဉ်​ကိန်းဝပ်​တော်မူ​လိမ့်မည်​။ ဘုရားသခင်​၏​စစ်ရထား​တို့​သည် အထောင်​အသောင်း​မက​များပြား​ကြ​၏​။ ဘုရားရှင်​သည် သိနာ​တောင်​မှာ​ကဲ့သို့ သူ​တို့​နှင့်အတူ သန့်ရှင်းရာဌာန​တော်​၌ ရှိ​တော်မူ​၏​။ ကိုယ်တော်​သည် မြင့်သောအရပ်​သို့ တက်သွား​တော်မူ​သောအခါ သုံ့ပန်း​တို့​ကို ဖမ်းဆီးခေါ်ဆောင်​သွား​၍ လူ​တို့​ထံမှ​မက ငြင်းဆန်​သော​သူ​တို့​ထံမှ​ပင် လက်ဆောင်​များ​ကို​ခံယူ​တော်မူ​၏​။ ဤသည်ကား ထာဝရအရှင်​ဘုရားသခင်​သည် ထို​အရပ်​၌​ကိန်းဝပ်​တော်မူ​ရန်​ဖြစ်​၏​။