YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 6:1-10

ဆာလံ 6:1-10 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​ကို​အ​ပြစ်​တင်​တော်​မ​မူ​ပါ​နှင့်။ ပြင်း​စွာ​အ​မျက်​ထွက်၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ခွန်​အား​နည်း​လှ​ပါ၏။ ကယ်​မ​သ​နား​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​ရိုး​တို့​သည် တုန်​လှုပ်​ကြ​ပါ၏။ ကျန်း​မာ​ပ​က​တိ​ရှိ​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​သည် အ​လွန်​တုန်​လှုပ်​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​တော်​မူ​မည်​နည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ တစ်​ဖန်​ကြွ​လာ၍ အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​ကို ကယ်​ယူ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ သေ​လျက်​နေ​စဉ်​တွင် ကိုယ်​တော်​ကို အောက်​မေ့​ခြင်း​မ​ရှိ​ပါ။ မ​ရ​ဏာ​နိုင်​ငံ​တွင် ကျေး​ဇူး​တော်​ကို အ​ဘယ်​သူ​ချီး​မွမ်း​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ညည်း​တွား၍ ပင်​ပန်း​လှ​ပါ၏။ အ​ကျွန်ုပ်​ခု​တင်​ကို ကိုယ်​မျက်​ရည်၌ တစ်​ည​လုံး​မျှော၍၊ အိပ်​ရာ​ကို​လည်း မွန်း​စေ​ပါ၏။ ဝမ်း​နည်း​ခြင်း​အား​ဖြင့် မျက်​စိ​ပျက်၍၊ ရန်​သူ​များ​ကြောင့် ပြာ​မှုန်​လျက်​ရှိ​ပါ၏။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။ ငါ​ငို​ကြွေး​သံ​ကို ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ၏။ ငါ​တောင်း​ပန်​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ၏။ ငါ​ပြု​သော​ပ​တ္ထ​နာ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား နာ​ယူ​တော်​မူ၏။ ငါ့​ရန်​သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်၍ ဆုံး​ရှုံး​ခြင်း ရှိ​ကြ​လိမ့်​မည်။ ချက်​ချင်း​ပြန်​သွား၍ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

ဆာလံ 6:1-10 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​အ​မျက်​တော်​ထွက်​၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။ အ​မျက်​တော်​ထွက်​၍​အ​ပြစ်​ဒဏ်​ပေး​တော် မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​သည်​မော​ပန်း​နွမ်း​နယ်​လျက်​ရှိ သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ လုံး​ဝ​အင်​အား​ကုန်​ခန်း​လျက်​ရှိ​သ​ဖြင့် ပြန်​လည်​အင်​အား​ပြည့်​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​စိတ်​နှစ်​ပါး​ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​စား​လျက်​ရှိ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကာ​လ​ကြာ​မှ​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​မည်​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​၍​ကျွန်​တော်​မျိုး​အား​ကယ်​တော် မူ​ပါ။ ကိုယ်​တော်​၏​က​ရု​ဏာ​တော်​နှင့်​အ​ညီ​ကျွန်​တော် မျိုး​အား သေ​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ပါ။ မ​ရ​ဏာ​နိုင်​ငံ​တွင်​ကိုယ်​တော်​အား အောက်​မေ့​သ​တိ​ရ​သူ​မ​ရှိ​ပါ။ ထို​အ​ရပ်​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား ထော​မ​နာ​ပြု​နိုင်​မည်​မ​ဟုတ်​ပါ။ ကျွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် မော​ပန်း​နွမ်း​နယ်​လျက်​ရှိ​ပါ​၏။ ည​တိုင်း​ပင်​လျှင်​ငို​ယို​ရ​သ​ဖြင့်​အိပ်​ရာ​သည် စို​စွတ်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ခေါင်း​အုံး​သည်​မျက်​ရည် စို​ရွှဲ​လျက်​ရှိ​ပါ​၏။ ရန်​သူ​များ​ကြောင့်​ငို​ယို​ရ​သ​ဖြင့်​ကျွန်​တော် မျိုး​၏ မျက်​စိ​များ​သည်​ရောင်​လျက်​ရှိ​ပါ​၏။ ကြည့်​၍​ပင်​မ​မြင်​နိုင်​ပါ။ အ​ကျင့်​ဆိုး​ယုတ်​သူ​တို့၊ငါ့​ထံ​မှ​ထွက်​သွား ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ငို​ကြွေး​သံ​ကို ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​တောင်း​လျှောက်​သံ​ကို​ကြား တော်​မူ​၏။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​မည်။ ငါ​၏​ရန်​သူ​တို့​သည်​အ​ရှက်​တ​ကွဲ အ​ရေး​နိမ့်​ကြ​လိမ့်​မည်။ သူ​တို့​သည်​တစ်​ခ​ဏ​ချင်း​တွင်​က​စဥ့်​က​ရဲ​ဖြစ်​လျက် ပြေး​ရ​ကြ​လိမ့်​မည်။

ဆာလံ 6:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​၏​အမျက်​တော်​ဖြင့် အကျွန်ုပ်​ကို​ဆုံးမ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အမျက်ဒေါသ​ဖြင့် အကျွန်ုပ်​ကို​ပဲ့ပြင်​တော်​မ​မူ​ပါ​နှင့်​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် အားအင်ချည့်နဲ့​နေ​သည်​ဖြစ်၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​အရိုး​တို့​သည် ထိတ်လန့်​လျက်​ရှိ​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​ကို​ကျန်းမာ​စေ​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည်​လည်း အလွန်​ထိတ်လန့်​နေ​ပါ​၏​။ အို ထာဝရဘုရား​၊ မည်မျှ​ကြာ​ပါ​မည်နည်း​။ အို ထာဝရဘုရား​၊ တစ်ဖန်​ကြွလာ​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ကယ်မ​တော်မူ​ပါ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။ အကြောင်းမူကား သေလွန်သူ​တို့​အလယ်​တွင် ကိုယ်တော်​ကို​အောက်မေ့​ခြင်း​မ​ရှိ​ပါ​။ မရဏာနိုင်ငံ​တွင် ကိုယ်တော်​ကို​မည်သူ​ချီးမွမ်း​ပါ​မည်နည်း​။ အကျွန်ုပ်​သည် ညည်းတွား​ရ​သဖြင့်​ပင်ပန်း​လှ​ပါ​၏​။ ညစဉ်ညတိုင်း အကျွန်ုပ်​၏​မျက်ရည်​များ​ဖြင့် အကျွန်ုပ်​၏​ညောင်စောင်း​သည် အိုင်ထွန်း​၍ အကျွန်ုပ်​၏​ခုတင်​သည် စိုရွှဲ​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​၏​မျက်စိ​သည် ပူဆွေး​ခြင်း​ကြောင့်​အားယုတ်​၍ အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့​ကြောင့် မှုန်ဝါး​သွား​ပါ​၏​။ အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​၊ ငါ့​ထံမှ​ထွက်သွား​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ငါ​၏​ငိုကြွေး​သံ​ကို​ကြား​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ငါ​၏​အသနားခံချက်​ကို ကြား​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ငါ​၏​ဆုတောင်းချက်​ကို လက်ခံ​တော်မူ​၏​။ ငါ​၏​ရန်သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​၍ အလွန်​ထိတ်လန့်​ကြ​လိမ့်မည်​။ သူ​တို့​သည် ပြန်လှည့်​၍ ချက်ချင်း​ပင်​အရှက်ကွဲ​ကြ​လိမ့်မည်​။