YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 6

6
ဒုက္ခ​ရောက်​စဉ်​အ​ခါ​ကူ​မ​တော်​မူ​ရန် ဆု​တောင်း​ပတ္ထနာ#* ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။
1အို ထာ​ဝ​ရ​ဘု​ရား၊
ကျွန်​တော်​မျိုး​အား​အ​မျက်​တော်​ထွက်​၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။
အ​မျက်​တော်​ထွက်​၍​အ​ပြစ်​ဒဏ်​ပေး​တော် မ​မူ​ပါ​နှင့်။#ဆာ၊ ၃၈:၁။
2ကျွန်​တော်​မျိုး​သည်​မော​ပန်း​နွမ်း​နယ်​လျက်​ရှိ သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။
လုံး​ဝ​အင်​အား​ကုန်​ခန်း​လျက်​ရှိ​သ​ဖြင့် ပြန်​လည်​အင်​အား​ပြည့်​စေ​တော်​မူ​ပါ။
3ကျွန်​တော်​မျိုး​သည်​ကိုယ်​စိတ်​နှစ်​ပါး​ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​စား​လျက်​ရှိ​ပါ၏။
အို ထာ​ဝ​ရ​ဘု​ရား၊
အ​ဘယ်​ကာ​လ​ကြာ​မှ​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​မည်​နည်း။
4အို ထာ​ဝ​ရ​ဘု​ရား၊
ကြွ​လာ​တော်​မူ​၍​ကျွန်​တော်​မျိုး​အား​ကယ်​တော် မူ​ပါ။
ကိုယ်​တော်​၏​က​ရု​ဏာ​တော်​နှင့်​အ​ညီ​ကျွန်​တော် မျိုး​အား သေ​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ပါ။
5မ​ရ​ဏာ​နိုင်​ငံ​တွင်​ကိုယ်​တော်​အား အောက်​မေ့​သ​တိ​ရ​သူ​မ​ရှိ​ပါ။
ထို​အ​ရပ်​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား ထော​မ​နာ​ပြု​နိုင်​မည်​မ​ဟုတ်​ပါ။
6ကျွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် မော​ပန်း​နွမ်း​နယ်​လျက်​ရှိ​ပါ​၏။
ည​တိုင်း​ပင်​လျှင်​ငို​ယို​ရ​သ​ဖြင့်​အိပ်​ရာ​သည် စို​စွတ်​လျက်​ရှိ​ပါ​၏။
ကျွန်​တော်​မျိုး​၏​ခေါင်း​အုံး​သည်​မျက်​ရည် စို​ရွှဲ​လျက်​ရှိ​ပါ​၏။
7ရန်​သူ​များ​ကြောင့်​ငို​ယို​ရ​သ​ဖြင့်​ကျွန်​တော် မျိုး​၏ မျက်​စိ​များ​သည်​ရောင်​လျက်​ရှိ​ပါ​၏။
ကြည့်​၍​ပင်​မ​မြင်​နိုင်​ပါ။
8အ​ကျင့်​ဆိုး​ယုတ်​သူ​တို့၊ငါ့​ထံ​မှ​ထွက်​သွား ကြ​လော့။
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ငို​ကြွေး​သံ​ကို ကြား​တော်​မူ​၏။#မ၊ ၇:၂၃။ လု၊ ၁၃:၂၇။
9ကူ​မ​တော်​မူ​ရန်​ငါ​တောင်း​လျှောက်​သံ​ကို​ကြား တော်​မူ​၏။
ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​မည်။
10ငါ​၏​ရန်​သူ​တို့​သည်​အ​ရှက်​တ​ကွဲ အ​ရေး​နိမ့်​ကြ​လိမ့်​မည်။
သူ​တို့​သည်​တစ်​ခ​ဏ​ချင်း​တွင်​က​စဥ့်​က​ရဲ​ဖြစ်​လျက် ပြေး​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာ​လံ 6: BCL

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။