YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 6

6
သနားတော်မူရန်ဆုတောင်းခြင်း
ဂီတမှူး​အတွက်​၊ ကြိုးတပ်​တူရိယာ​များ​ဖြင့်​၊ ရှစ်​ကြိုး​တပ်​စောင်း​သံစဉ်​၊ ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ ကိုယ်တော်​၏​အမျက်​တော်​ဖြင့် အကျွန်ုပ်​ကို​ဆုံးမ​တော်​မ​မူ​ပါ​နှင့်​။
ကိုယ်တော်​၏​အမျက်ဒေါသ​ဖြင့် အကျွန်ုပ်​ကို​ပဲ့ပြင်​တော်​မ​မူ​ပါ​နှင့်​။
2အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် အားအင်ချည့်နဲ့​နေ​သည်​ဖြစ်၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။
အို ထာဝရဘုရား​၊ အကျွန်ုပ်​အရိုး​တို့​သည် ထိတ်လန့်​လျက်​ရှိ​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​ကို​ကျန်းမာ​စေ​တော်မူ​ပါ​။
3အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည်​လည်း အလွန်​ထိတ်လန့်​နေ​ပါ​၏​။
အို ထာဝရဘုရား​၊ မည်မျှ​ကြာ​ပါ​မည်နည်း​။
4အို ထာဝရဘုရား​၊ တစ်ဖန်​ကြွလာ​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ကယ်မ​တော်မူ​ပါ​။
ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။
5အကြောင်းမူကား သေလွန်သူ​တို့​အလယ်​တွင် ကိုယ်တော်​ကို​အောက်မေ့​ခြင်း​မ​ရှိ​ပါ​။
မရဏာနိုင်ငံ​တွင် ကိုယ်တော်​ကို​မည်သူ​ချီးမွမ်း​ပါ​မည်နည်း​။
6အကျွန်ုပ်​သည် ညည်းတွား​ရ​သဖြင့်​ပင်ပန်း​လှ​ပါ​၏​။
ညစဉ်ညတိုင်း အကျွန်ုပ်​၏​မျက်ရည်​များ​ဖြင့် အကျွန်ုပ်​၏​ညောင်စောင်း​သည် အိုင်ထွန်း​၍ အကျွန်ုပ်​၏​ခုတင်​သည် စိုရွှဲ​လျက်​ရှိ​ပါ​၏​။
7အကျွန်ုပ်​၏​မျက်စိ​သည် ပူဆွေး​ခြင်း​ကြောင့်​အားယုတ်​၍
အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့​ကြောင့် မှုန်ဝါး​သွား​ပါ​၏​။
8အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​၊ ငါ့​ထံမှ​ထွက်သွား​ကြ​လော့​။
အကြောင်းမူကား ထာဝရဘုရား​သည် ငါ​၏​ငိုကြွေး​သံ​ကို​ကြား​တော်မူ​ပြီ​။
9ထာဝရဘုရား​သည် ငါ​၏​အသနားခံချက်​ကို ကြား​တော်မူ​ပြီ​။
ထာဝရဘုရား​သည် ငါ​၏​ဆုတောင်းချက်​ကို လက်ခံ​တော်မူ​၏​။
10ငါ​၏​ရန်သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​၍ အလွန်​ထိတ်လန့်​ကြ​လိမ့်မည်​။
သူ​တို့​သည် ပြန်လှည့်​၍ ချက်ချင်း​ပင်​အရှက်ကွဲ​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။