YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 55:11-23

ဆာလံ 55:11-23 Judson Bible (JBMLE)

အ​ဓ​မ္မ​တ​ရား​တို့​သည် မြို့​အ​လယ်၌​ရှိ၍၊ ညှဉ်း​ဆဲ​ခြင်း​နှင့် လှည့်​စား​ခြင်း​သည် လမ်း​တို့၌ နေ​ရာ​ကျ​ကြ​ပါ၏။ ငါ့​ကို​ကဲ့​ရဲ့​သော​သူ​သည် ငါ့​ရန်​သူ​မ​ဟုတ်။ ဟုတ်​လျှင် သည်း​ခံ​နိုင်၏။ ငါ့​ကို​ရန်​ဘက်​ပြု​သော​သူ​သည် ငါ့​ကို​မုန်း​သော​သူ​မ​ဟုတ်။ ဟုတ်​လျှင် ထို​သူ​ကို​ငါ​ရှောင်​နိုင်၏။ ထို​သို့​ပြု​သော​သူ​သည် သင်​ဖြစ်၏။ ငါ​နှင့် ဘက်​သော​သူ၊ ငါ့​မိတ်​ဆွေ၊ ငါ​အ​သိ​အ​ကျွမ်း​ဖြစ်၏။ အ​ချင်း​ချင်း​သာ​ယာ​သော ဆွေး​နွေး​တိုင်​ပင်​ခြင်း​ကို ပြု​ကြ​ပြီ။ ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ လူ​အ​စု​အ​ဝေး​နှင့် အ​တူ​သွား​ကြ​ပြီ။ သူ​တို့​ကို သေ​မင်း​ဖမ်း​ဆီး​ပါ​စေ။ အ​သက်​ရှင်​လျက် မ​ရ​ဏ​နိုင်​ငံ​သို့ ဆင်း​သက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ဒု​စ​ရိုက်​တို့​သည် သူ​တို့​နေ​ရာ​တွင် သူ​တို့​အ​ထဲ၌​ရှိ​ကြ၏။ ငါ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို​ပ​တ္ထ​နာ​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကယ်​တင်​တော်​မူ​မည်။ ညဉ့်​ဦး​အ​ချိန်၊ နံ​နက်​အ​ချိန်၊ မွန်း​တည့်​အ​ချိန်​တို့၌ ငါ​သည်​ညည်း​တွား​မြည်​တမ်း၍၊ ငါ၏​အ​သံ​ကို ကြား​တော်​မူ​မည်။ ငါ့​ကို စစ်​တိုက်​ကြ​စဉ်​တွင်၊ ငါ့​အ​သက်​ကို ရွေး​နုတ်၍ ချမ်း​သာ​ပေး​တော်​မူ​မည်။ ငါ့​ဘက်၌​နေ​သော​သူ အ​များ​ရှိ​ကြ၏။ ရှေး​ကာ​လ​မှ​စ၍ အ​မြဲ​စီ​ရင်​သော ဘု​ရား​သ​ခင်​သည် နား​ထောင်၍ သူ​တို့​ကို နှိမ့်​ချ​တော်​မူ​မည်။ သူ​တို့​သည် ပြောင်း​လဲ​ခြင်း​မ​ရှိ​သော​ကြောင့် ဘု​ရား​သ​ခင်​ကို မ​ကြောက်​မ​ရွံ့​ကြ။ ထို​သို့​သော​သူ​သည် မိတ်​ဆွေ​ဖြစ်​သော​သူ​ကို​ပြစ်​မှား၍ သ​စ္စာ​ပျက်​တတ်၏။ သူ၏​စ​ကား​သည် ထော​ပတ်​ထက်​ချော​သော်​လည်း၊ စစ်​တိုက်​မည်​ဟု အ​ကြံ​ရှိ၏။ သူ၏​စ​ကား​သည် ဆီ​ထက်​ပျော့​သော်​လည်း၊ ထုတ်​သော​ဓား​ဖြစ်၏။ ထမ်း​ရွက်​ရ​သော​ဝန်​ကို ထာ​ဝ​ရ​ဘု​ရား၌ ချ​ထား​လော့။ သင့်​ကို​မ​စ​တော်​မူ​မည်။ ဖြောင့်​မတ်​သော​သူ​ကို အ​စဉ်​အ​မြဲ လှုပ်​ရှား​စေ​တော်​မ​မူ​ရာ။ အို​ဘု​ရား​သ​ခင်၊ အ​ခြား​သော​သူ​တို့​ကို ဖျက်​ဆီး​ရာ​တွင်း​ထဲ​သို့ ချ​တော်​မူ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​နှင့် သ​စ္စာ​ပျက်​သော​သူ​တို့​သည် မိ​မိ​အ​သက်​တာ တစ်​ဝက်​ခန့်​မျှ မ​ရှင်​ရ​ကြ။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၌ ခို​လှုံ​ပါ​မည်။

ဆာလံ 55:11-23 Common Language Bible (BCL)

နေ​ရာ​တ​ကာ​တွင်​အ​ပျက်​အ​စီး​များ​ရှိ​နေ​ပါ​၏။ လမ်း​များ​၌​နှိပ်​စက်​ညှဉ်း​ဆဲ​မှု၊လိမ်​လည် လှည့်​စား​မှု​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။ အ​ကယ်​၍​ငါ့​အား​ပြောင်​လှောင်​သူ​သည် ငါ​၏​ရန်​သူ​ဖြစ်​ခဲ့​သော်​ငါ​သည်​သည်း​ခံ​နိုင် ပါ​၏။ ငါ့​ကို​အ​ကြောင်း​ပြု​၍​ကြွား​ဝါ​သော​ရန်​ဘက် ဖြစ်​ခဲ့​သော် ငါ​သည်​သူ့​ကို​ရှောင်​ရှား​နိုင်​၏။ သို့​ရာ​တွင်​ယင်း​သို့​ပြု​သူ​မှာ​ငါ​၏​အ​ပေါင်း​အ​ဖော်၊ လုပ်​ဖော်​ဆောင်​ဘက်၊ ရင်း​နှီး​သည့်​မိတ်​ဆွေ​ဖြစ်​သူ​ပင်​ဖြစ်​ပါ​သည်​တ​ကား။ သင်​နှင့်​ငါ​သည်​ရင်း​နှီး​စွာ​ဆွေး​နွေး​တိုင်​ပင်​ခဲ့​ကြ​၏။ ဗိ​မာန်​တော်​တွင်​လည်း​အ​တူ​တူ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​၏။ ငါ​၏​ရန်​သူ​များ​သည်​သေ​နေ့​မ​စေ့​မီ သေ​ရ​ကြ​ပါ​စေ​သော။ အ​ရှင်​လတ်​လတ်​သေ​ရွာ​သို့​သွား​ရ​ကြ​ပါ​စေ​သော။ သူ​တို့​၏​နေ​အိမ်​များ​သည်​ဆိုး​ညစ်​မှု​ကြီး​စိုး​ရာ ဌာ​န​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​သည်​ဆိုး​ညစ်​မှု​နှင့် ပြည့်​နှက်​လျက်​ရှိ​၏။ ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။ ငါ​၏​ညည်း​တွား​မြည်​တမ်း​သံ​များ​သည်​နံ​နက်​ချိန်၊ မွန်း​တည့်​ချိန်၊ညဥ့်​အ​ချိန်​တို့​၌ အ​ထံ​တော်​သို့​ရောက်​သ​ဖြင့်​ကိုယ်​တော်​သည် ကြား​တော်​မူ​လိမ့်​မည်။ ဤ​မျှ​များ​လှ​သော​ရန်​သူ​တို့​နှင့် တိုက်​ခိုက်​ရာ​စစ်​ပွဲ​များ​မှ​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ပြန်​လာ​စေ​တော်​မူ​လိမ့်​မည်။ ရှေး​ကမ္ဘာ​အ​ဆက်​ဆက်​မှ​စ​၍ လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​အား ပိုင်​သ​အုပ်​စိုး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ​၏​ပတ္ထနာ​စ​ကား​ကို​ကြား​၍​ရန်​သူ​တို့​အား အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​စိတ်​နှ​လုံး ပြောင်း​လဲ​မှု​မ​ရှိ​ကြ။ ကိုယ်​တော်​ကို​လည်း​မ​ကြောက်​ရွံ့​ကြ​သော​ကြောင့် ဖြစ်​၏။ ငါ​၏​မိတ်​ဆွေ​ဟောင်း​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို တိုက်​ခိုက်​၍​မိ​မိ​၏​က​တိ​ကို​လည်း​ဖျက်​၏။ သူ​၏​စ​ကား​တို့​သည်​ထော​ပတ်​ထက်​ပင် ချော​မွတ်​သော်​လည်း သူ​၏​စိတ်​နှ​လုံး​ထဲ​၌​မူ​ကား မုန်း​တီး​တတ်​သော​သ​ဘော​ရှိ​၏။ သူ​၏​စ​ကား​တို့​သည်​ဆီ​ကဲ့​သို့​ပျော့​ပျောင်း သော်​လည်း ထက်​သော​ဋ္ဌား​ကဲ့​သို့​ထိ​ခိုက်​နာ​ကြင်​စေ​တတ်​၏။ သင်​၏​ဝန်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​လွှဲ​အပ်​လော့။ ကိုယ်​တော်​သည်​သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​ကို​အ​ဘယ်​အ​ခါ​၌ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည် လူ​သတ်​သ​မား​များ​နှင့်​လူ​လိမ်​များ​အား သူ​တို့​သက်​တမ်း​ထက်​ဝက်​မ​ကျိုး​မီ​သင်္ချိုင်း တွင်း​သို့ သက်​ဆင်း​စေ​တော်​မူ​မည်။ ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​ကို​ကိုး​စား ပါ​မည်။

ဆာလံ 55:11-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုတ်မာစဉ်းလဲမှု​သည် ထို​မြို့​ထဲ​၌​ရှိ​၍ ဖိနှိပ်ခြယ်လှယ်​ခြင်း​နှင့်​လိမ်လည်လှည့်ဖြား​ခြင်း​သည် ထို​မြို့​၏​လမ်းမ​ပေါ်မှ မည်သည့်​အခါ​မျှ ထွက်ခွာ​လိမ့်မည်​မ​ဟုတ်​ပါ​။ အမှန်စင်စစ် ငါ့​ကို​ကဲ့ရဲ့ပြစ်တင်​သော​သူ​သည် ရန်သူ​မ​ဟုတ်​။ ဟုတ်​လျှင် ငါ​ခံနိုင်​ခဲ့​ပေ​လိမ့်မည်​။ ငါ့​တစ်ဖက်​၌ မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​သည် ငါ့​ကို​မုန်း​သော​သူ​မ​ဟုတ်​။ ဟုတ်​လျှင် သူ​မ​မြင်​အောင် ငါ​ပုန်းရှောင်​ခဲ့​ပေ​လိမ့်မည်​။ သို့သော် ထို​သူ​မှာ ငါ​ကဲ့သို့သော​လူသား​တစ်ဦး​ဖြစ်ပြီး ငါ့​အပေါင်းအဖော်​၊ ငါ့​အသိမိတ်ဆွေ​ဖြစ်​သော သင်​ပင်​ဖြစ်​ပါ​သည်​တကား​။ ငါ​တို့​သည် အချင်းချင်း ရင်းနှီး​စွာ​ဆွေးနွေးတိုင်ပင်​ကြ​ပြီး ဘုရားသခင်​၏​အိမ်​တော်​သို့ လူ​အစုအဝေး​နှင့်အတူ သွား​ခဲ့​ကြ​၏​။ သေ​ခြင်း​သည် သူ​တို့​ကို ရုတ်တရက်​ဖမ်း​ပါစေ​။ သူ​တို့​သည် မရဏာနိုင်ငံ​သို့ အရှင်လတ်လတ်​ဆင်းသွား​ကြ​ရ​ပါစေ​။ အကြောင်းမူကား မကောင်းမှု​တို့​သည် သူ​တို့​တည်းခိုနေထိုင်​ရာ​နေရာ သူ​တို့​အလယ်​၌​ရှိ​ကြ​၏​။ ငါ​သည် ဘုရားသခင်​ကို​ခေါ်​၍ ထာဝရဘုရား​သည် ငါ့​ကို​ကယ်တင်​တော်မူ​၏​။ နေဝင်ချိန်​၊ နံနက်ချိန်​၊ မွန်းတည့်ချိန်​တွင် ငါ​သည် ညည်းတွားပြောဆို​လျက် အော်ဟစ်မြည်တမ်း​သောအခါ ကိုယ်တော်​သည် ငါ​၏​အသံ​ကို​ကြား​တော်မူ​လိမ့်မည်​။ များစွာ​သော​သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​ကြ​သော်လည်း ကိုယ်တော်​သည် ငါ​ရင်ဆိုင်​ရ​သော​စစ်မက်​ထဲမှ ငါ​၏​စိတ်ဝိညာဉ်​ကို ဘေးကင်း​စွာ ရွေးနုတ်ကယ်တင်​တော်မူ​၏​။ ရှေးကာလ​ကပင် စိုးစံ​တော်မူ​သော​ဘုရားသခင်​သည် ကြား​၍ သူ​တို့​ကို​နှိမ့်ချ​တော်မူ​လိမ့်မည်​။ (​စေလာ ) သူ​တို့​သည် မည်သည့်​အခါ​မျှ​ပြောင်းလဲ​ခြင်း​မ​ရှိ​ကြ​။ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​လည်း​မ​ရှိ​ကြ​။ ထိုသို့သော​သူ​သည် သူ​၏​မိတ်ဆွေ​များ​ကို လက်ရောက်​ကျူးလွန်​၍ သူ​၏​ပဋိညာဉ်​ကို ရှုတ်ချ​လေ​ပြီ​။ သူ​၏​နှုတ်​သည် ထောပတ်​ကဲ့သို့​ညက်ညော​သော်လည်း သူ​၏​စိတ်နှလုံး​၌ စစ်မက်​ရှိ​၏​။ သူ​၏​စကား​တို့​သည် ဆီ​ထက်​ချောမွတ်​သော်လည်း ဆွဲထုတ်​ထား​သော​ဓား​များ​ဖြစ်​ကြ​၏​။ သင်​၏​ဝန်ထုပ်ဝန်ပိုး​ကို ထာဝရဘုရား​ထံ၌ ချထား​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင့်​ကို​ထောက်မ​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​ကို မည်သည့်​အခါ​မျှ တုန်လှုပ်​စေ​တော်မူ​မည်​မ​ဟုတ်​။ သို့သော် အို ဘုရားသခင်​၊ ကိုယ်တော်​သည် ထို​သူ​တို့​ကို ပုပ်ပျက်ရာ​တွင်း​ထဲသို့​ဆင်းသွား​စေ​တော်မူ​၏​။ သွေးဆာ​သော​သူ​နှင့် လိမ်လည်လှည့်ဖြား​သော သူ​တို့​သည် မိမိ​တို့​နေ့ရက်​ကာလ​၏​ထက်ဝက်​မျှပင် အသက်ရှင်​ရ​မည်​မ​ဟုတ်​။ အကျွန်ုပ်​မူကား ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​မည်​။