YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 55

55
သစ္စာ​မဲ့​ခံ​ရ​သူ​၏ဆု​တောင်း
1အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​သ​နား​တော်​ခံ​သော​အ​ခါ ရှောင်၍​နေ​တော်​မ​မူ​ပါ​နှင့်။ 2ကြည့်​ရှု​နား​ထောင်​တော်​မူ​ပါ။ ရန်​သူ၏​စ​ကား​သံ​ကြောင့်​လည်း​ကောင်း၊ မ​တ​ရား​သော​ညှဉ်း​ဆဲ​ခြင်း​ကြောင့်​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ညှိုး​ငယ်​သော​စိတ်​နှင့် ညည်း​တွား​မြည်​တမ်း​လျက် နေ​ရ​ပါ၏။ 3သူ​တို့​သည် အ​ကျွန်ုပ်​အ​ပေါ်၌ အ​ပြစ်​ကို​သက်​ရောက်​စေ၍၊ ဒေါ​သ​စိတ်​နှင့် မုန်း​ကြ​ပါ၏။ 4အ​ကျွန်ုပ်​နှ​လုံး​သည် ကိုယ်​အ​ထဲ​မှာ တုန်​လှုပ်၍ သေ​ဘေး​ကို ကြောက်​အား​ကြီး​ပါ၏။ 5ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သို့​ရောက်၍ အ​လွန်​ထိတ်​လန့်​ခြင်း၌ မွန်း​လျက်​ရှိ​ရ​ပါ၏။ 6ငါ​သည် ချိုး​ငှက်​ကဲ့​သို့ အ​တောင်​ကို ရ​ပါ​စေ​သော။ ထို​သို့​ရ​လျှင် အ​ခြား​သို့​ပျံ​သွား၍၊ ငြိမ်​ဝပ်​လျက်​နေ​လိမ့်​မည်။ 7ဝေး​စွာ​သွား၍ တော​မှာ​နေ​ရာ​ကျ​လိမ့်​မည်။ 8ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​နှင့် လွတ်​ခြင်း​ငှာ၊ အ​လျင်​အ​မြန်​ပြေး​လိမ့်​မည်​ဟု အ​ကျွန်ုပ်​စိတ်​ရှိ​ပါ၏။
9အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​စ​ကား​ကို ပ​ပျောက်​အောင် ကွဲ​ပြား​စေ​တော်​မူ​ပါ။ မြို့​တော်​တွင် အ​နိုင်​အ​ထက်​ပြု​ခြင်း​နှင့် လု​ယူ​ခြင်း​ကို အ​ကျွန်ုပ်​မြင်​ပါ​ပြီ။ 10မြို့​ရိုး​ပေါ်​မှာ နေ့​ည​မ​ပြတ် သူ​တို့​သည်​လည်​ကြ​ပါ၏။ မြို့​ထဲ​မှာ ဆိုး​ညစ်​သော​အ​မှု​နှင့် နှောင့်​ယှက်​ခြင်း​အ​မှု​ရှိ​ကြ​ပါ၏။ 11အ​ဓ​မ္မ​တ​ရား​တို့​သည် မြို့​အ​လယ်၌​ရှိ၍၊ ညှဉ်း​ဆဲ​ခြင်း​နှင့် လှည့်​စား​ခြင်း​သည် လမ်း​တို့၌ နေ​ရာ​ကျ​ကြ​ပါ၏။ 12ငါ့​ကို​ကဲ့​ရဲ့​သော​သူ​သည် ငါ့​ရန်​သူ​မ​ဟုတ်။ ဟုတ်​လျှင် သည်း​ခံ​နိုင်၏။ ငါ့​ကို​ရန်​ဘက်​ပြု​သော​သူ​သည် ငါ့​ကို​မုန်း​သော​သူ​မ​ဟုတ်။ ဟုတ်​လျှင် ထို​သူ​ကို​ငါ​ရှောင်​နိုင်၏။ 13ထို​သို့​ပြု​သော​သူ​သည် သင်​ဖြစ်၏။ ငါ​နှင့် ဘက်​သော​သူ၊ ငါ့​မိတ်​ဆွေ၊ ငါ​အ​သိ​အ​ကျွမ်း​ဖြစ်၏။ 14အ​ချင်း​ချင်း​သာ​ယာ​သော ဆွေး​နွေး​တိုင်​ပင်​ခြင်း​ကို ပြု​ကြ​ပြီ။ ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ လူ​အ​စု​အ​ဝေး​နှင့် အ​တူ​သွား​ကြ​ပြီ။ 15သူ​တို့​ကို သေ​မင်း​ဖမ်း​ဆီး​ပါ​စေ။ အ​သက်​ရှင်​လျက် မ​ရ​ဏ​နိုင်​ငံ​သို့ ဆင်း​သက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ဒု​စ​ရိုက်​တို့​သည် သူ​တို့​နေ​ရာ​တွင် သူ​တို့​အ​ထဲ၌​ရှိ​ကြ၏။
16ငါ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို​ပ​တ္ထ​နာ​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကယ်​တင်​တော်​မူ​မည်။ 17ညဉ့်​ဦး​အ​ချိန်၊ နံ​နက်​အ​ချိန်၊ မွန်း​တည့်​အ​ချိန်​တို့၌ ငါ​သည်​ညည်း​တွား​မြည်​တမ်း၍၊ ငါ၏​အ​သံ​ကို ကြား​တော်​မူ​မည်။ 18ငါ့​ကို စစ်​တိုက်​ကြ​စဉ်​တွင်၊ ငါ့​အ​သက်​ကို ရွေး​နုတ်၍ ချမ်း​သာ​ပေး​တော်​မူ​မည်။ ငါ့​ဘက်၌​နေ​သော​သူ အ​များ​ရှိ​ကြ၏။ 19ရှေး​ကာ​လ​မှ​စ၍ အ​မြဲ​စီ​ရင်​သော ဘု​ရား​သ​ခင်​သည် နား​ထောင်၍ သူ​တို့​ကို နှိမ့်​ချ​တော်​မူ​မည်။ သူ​တို့​သည် ပြောင်း​လဲ​ခြင်း​မ​ရှိ​သော​ကြောင့် ဘု​ရား​သ​ခင်​ကို မ​ကြောက်​မ​ရွံ့​ကြ။ 20ထို​သို့​သော​သူ​သည် မိတ်​ဆွေ​ဖြစ်​သော​သူ​ကို​ပြစ်​မှား၍ သ​စ္စာ​ပျက်​တတ်၏။ 21သူ၏​စ​ကား​သည် ထော​ပတ်​ထက်​ချော​သော်​လည်း၊ စစ်​တိုက်​မည်​ဟု အ​ကြံ​ရှိ၏။ သူ၏​စ​ကား​သည် ဆီ​ထက်​ပျော့​သော်​လည်း၊ ထုတ်​သော​ဓား​ဖြစ်၏။
22ထမ်း​ရွက်​ရ​သော​ဝန်​ကို ထာ​ဝ​ရ​ဘု​ရား၌ ချ​ထား​လော့။ သင့်​ကို​မ​စ​တော်​မူ​မည်။ ဖြောင့်​မတ်​သော​သူ​ကို အ​စဉ်​အ​မြဲ လှုပ်​ရှား​စေ​တော်​မ​မူ​ရာ။ 23အို​ဘု​ရား​သ​ခင်၊ အ​ခြား​သော​သူ​တို့​ကို ဖျက်​ဆီး​ရာ​တွင်း​ထဲ​သို့ ချ​တော်​မူ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​နှင့် သ​စ္စာ​ပျက်​သော​သူ​တို့​သည် မိ​မိ​အ​သက်​တာ တစ်​ဝက်​ခန့်​မျှ မ​ရှင်​ရ​ကြ။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၌ ခို​လှုံ​ပါ​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 55: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ