YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 55:1-10

ဆာလံ 55:1-10 Judson Bible (JBMLE)

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​သ​နား​တော်​ခံ​သော​အ​ခါ ရှောင်၍​နေ​တော်​မ​မူ​ပါ​နှင့်။ ကြည့်​ရှု​နား​ထောင်​တော်​မူ​ပါ။ ရန်​သူ၏​စ​ကား​သံ​ကြောင့်​လည်း​ကောင်း၊ မ​တ​ရား​သော​ညှဉ်း​ဆဲ​ခြင်း​ကြောင့်​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ညှိုး​ငယ်​သော​စိတ်​နှင့် ညည်း​တွား​မြည်​တမ်း​လျက် နေ​ရ​ပါ၏။ သူ​တို့​သည် အ​ကျွန်ုပ်​အ​ပေါ်၌ အ​ပြစ်​ကို​သက်​ရောက်​စေ၍၊ ဒေါ​သ​စိတ်​နှင့် မုန်း​ကြ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​သည် ကိုယ်​အ​ထဲ​မှာ တုန်​လှုပ်၍ သေ​ဘေး​ကို ကြောက်​အား​ကြီး​ပါ၏။ ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သို့​ရောက်၍ အ​လွန်​ထိတ်​လန့်​ခြင်း၌ မွန်း​လျက်​ရှိ​ရ​ပါ၏။ ငါ​သည် ချိုး​ငှက်​ကဲ့​သို့ အ​တောင်​ကို ရ​ပါ​စေ​သော။ ထို​သို့​ရ​လျှင် အ​ခြား​သို့​ပျံ​သွား၍၊ ငြိမ်​ဝပ်​လျက်​နေ​လိမ့်​မည်။ ဝေး​စွာ​သွား၍ တော​မှာ​နေ​ရာ​ကျ​လိမ့်​မည်။ ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​နှင့် လွတ်​ခြင်း​ငှာ၊ အ​လျင်​အ​မြန်​ပြေး​လိမ့်​မည်​ဟု အ​ကျွန်ုပ်​စိတ်​ရှိ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​စ​ကား​ကို ပ​ပျောက်​အောင် ကွဲ​ပြား​စေ​တော်​မူ​ပါ။ မြို့​တော်​တွင် အ​နိုင်​အ​ထက်​ပြု​ခြင်း​နှင့် လု​ယူ​ခြင်း​ကို အ​ကျွန်ုပ်​မြင်​ပါ​ပြီ။ မြို့​ရိုး​ပေါ်​မှာ နေ့​ည​မ​ပြတ် သူ​တို့​သည်​လည်​ကြ​ပါ၏။ မြို့​ထဲ​မှာ ဆိုး​ညစ်​သော​အ​မှု​နှင့် နှောင့်​ယှက်​ခြင်း​အ​မှု​ရှိ​ကြ​ပါ၏။

ဆာလံ 55:1-10 Common Language Bible (BCL)

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပန်​ကြား​သော​အ​ခါ မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​တောင်း​လျှောက်​သည်​ကို နား​ထောင်​တော်​မူ​၍​ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​မှု​များ​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပါ​၏။ ရန်​သူ​များ​၏​ခြိမ်း​ခြောက်​မှု​ကြောင့်​ကျွန်​တော်​မျိုး ကြောက်​လန့်​ပါ​၏။ သူ​ယုတ်​မာ​တို့​၏​နှိပ်​စက်​ညှဉ်း​ဆဲ​မှု​ကြောင့် ကျွန်​တော်​မျိုး​စိတ်​ပျက်​အား​လျော့​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​မျက်​ထွက်​၍ မုန်း​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​ကြောက်​လန့်​လျက် နေ​ပါ​၏။ သေ​ဘေး​ကို​လွန်​စွာ​ထိတ်​လန့်​လျက်​ရှိ​ပါ​၏။ ကြောက်​လန့်​တုန်​လှုပ်​လျက်၊လွန်​စွာ​တုန်​လှုပ် ချောက်​ချား​လျက်​ရှိ​ပါ​၏။ အ​ကယ်​၍​ချိုး​ငှက်​ကဲ့​သို့​ငါ့​မှာ​အ​တောင်​များ ရှိ​ခဲ့​ပါ​မူ​ငါ​သည်​အ​ဝေး​သို့​ပျံ​သွား​ကာ နား​နေ​စ​ရာ​အ​ရပ်​ကို​ရှာ​မည်။ ငါ​သည်​အ​လွန်​ဝေး​ရာ​အ​ရပ်​သို့​ပျံ​သွား​လျက် တော​ကန္တာ​ရ​တွင်​နေ​ထိုင်​ပါ​မည်။ ငါ​သည်​လျင်​မြန်​စွာ​သွား​၍​လေ​ပြင်း​နှင့် မိုး​သက်​မုန်​တိုင်း​တို့​မှ​အ​ကာ​အ​ကွယ်​ကို​ရှာ​မည်။ အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ပြော​ဆို​သည့် စ​ကား​များ​ကို​ရှုပ်​ထွေး​စေ​တော်​မူ​ပါ။ မြို့​တွင်း​၌​အ​ကြမ်း​ဖက်​မှု​နှင့်​လု​ယက်​မှု​တို့​ကို ကျွန်​တော်​မျိုး​မြင်​ပါ​၏။ ထို​သူ​တို့​သည်​မြို့​ကို​နေ့​ည​မ​ပြတ်​ဝိုင်း​ရံ​ထား ကြ​ပါ​၏။ မြို့​ထဲ​တွင်​ရာ​ဇ​ဝတ်​မှု၊နှောင့်​ယှက်​မှု​များ​နှင့် ပြည့်​နှက်​လျက်​ရှိ​ပါ​၏။

ဆာလံ 55:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ဆုတောင်းသံ​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အသနားခံ​သည်​ကို​လည်း လျစ်လျူရှု​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​ကို​အာရုံစိုက်​နားထောင်​၍ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။ အကျွန်ုပ်​သည် အကျွန်ုပ်​၏​စိတ်ဒုက္ခ​ကြောင့် နေမထိထိုင်မသာ​ဖြစ်​ပြီး စိတ်ရှုပ်ထွေး​နေ​ပါ​၏​။ ရန်သူ​၏​အသံ​နှင့် ဆိုးယုတ်​သော​သူ​၏​ဖိစီးမှု​ကြောင့် စိတ်ရှုပ်ထွေး​နေ​ပါ​၏​။ အကြောင်းမူကား သူ​တို့​သည် အကျွန်ုပ်​အပေါ် ဆင်းရဲဒုက္ခ​ကျရောက်​စေ​၍ အကျွန်ုပ်​ကို​အမျက်​ထွက်​လျက် အငြိုးထား​ကြ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အထဲ​၌ တုန်လှုပ်​လျက်​နေ​ပါ​၏​။ သေ​ခြင်း​နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်​ရာ​များ​သည် အကျွန်ုပ်​အပေါ်​ကျရောက်​လာ​ပါ​၏​။ ကြောက်ရွံ့​ခြင်း​နှင့်​ထိတ်လန့်တုန်လှုပ်​ခြင်း​သည် အကျွန်ုပ်​အပေါ်​ကျရောက်​၍ ကြောက်ရွံ့စိတ်​သည်​လည်း အကျွန်ုပ်​ကို​လွှမ်းမိုး​လျက်​ရှိ​ပါ​၏​။ ထိုအခါ ငါ​က “​ငါ​၌ ချိုးငှက်​ကဲ့သို့​အတောင်​ရှိ​ခဲ့​လျှင် ငါ​သည် ပျံသန်း​သွား​၍ နားနေ​ပေ​လိမ့်မည်​။ ကြည့်ရှု​လော့​။ ငါ​သည် ဝေး​ရာ​သို့​ထွက်ပြေး​၍ တောကန္တာရ​၌​နေ​ပေ​လိမ့်မည်​။ (​စေလာ ) လေပြင်းဘေး​မှ​လည်းကောင်း​၊ မုန်တိုင်းဘေး​မှ​လည်းကောင်း လွတ်မြောက်​ရာ​သို့ ငါ​အလျင်အမြန်​သွား​ပေ​လိမ့်မည်​”​ဟု ဆို​၏​။ အို ဘုရားရှင်​၊ သူ​တို့​၏​စကား​ကို ရှုပ်ထွေး​ကွဲပြား​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် မြို့​ထဲ၌ ရက်စက်ကြမ်းကြုတ်မှု​၊ ခိုက်ရန်ဖြစ်ပွားမှု​ကို တွေ့မြင်​ရ​ပါ​၏​။ သူ​တို့​သည် ထို​မြို့​ကို ၎င်း​၏​မြို့ရိုး​ပေါ်မှ နေ့​ည​မပြတ်​လှည့်ပတ်​ကြ​ပါ​၏​။ အပြစ်ဒုစရိုက်​နှင့်​အခက်အခဲ​ပြဿနာ​သည်​လည်း ထို​မြို့​ထဲ​၌​ရှိ​ပါ​၏​။