အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသောအခါ ရှောင်၍နေတော်မမူပါနှင့်။ ကြည့်ရှုနားထောင်တော်မူပါ။ ရန်သူ၏စကားသံကြောင့်လည်းကောင်း၊ မတရားသောညှဉ်းဆဲခြင်းကြောင့်လည်းကောင်း၊ အကျွန်ုပ်သည် ညှိုးငယ်သောစိတ်နှင့် ညည်းတွားမြည်တမ်းလျက် နေရပါ၏။ သူတို့သည် အကျွန်ုပ်အပေါ်၌ အပြစ်ကိုသက်ရောက်စေ၍၊ ဒေါသစိတ်နှင့် မုန်းကြပါ၏။ အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာ တုန်လှုပ်၍ သေဘေးကို ကြောက်အားကြီးပါ၏။ ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ရောက်၍ အလွန်ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ၏။ ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေသော။ ထိုသို့ရလျှင် အခြားသို့ပျံသွား၍၊ ငြိမ်ဝပ်လျက်နေလိမ့်မည်။ ဝေးစွာသွား၍ တောမှာနေရာကျလိမ့်မည်။ ပြင်းစွာသော မိုးသက်မုန်တိုင်းနှင့် လွတ်ခြင်းငှာ၊ အလျင်အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ်စိတ်ရှိပါ၏။ အိုထာဝရဘုရား၊ သူတို့စကားကို ပပျောက်အောင် ကွဲပြားစေတော်မူပါ။ မြို့တော်တွင် အနိုင်အထက်ပြုခြင်းနှင့် လုယူခြင်းကို အကျွန်ုပ်မြင်ပါပြီ။ မြို့ရိုးပေါ်မှာ နေ့ညမပြတ် သူတို့သည်လည်ကြပါ၏။ မြို့ထဲမှာ ဆိုးညစ်သောအမှုနှင့် နှောင့်ယှက်ခြင်းအမှုရှိကြပါ၏။
ဆာလံ 55 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 55:1-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ