YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 53:1-3

ဆာလံ 53:1-3 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​မ​ရှိ​ဟု မိုက်​သော​သူ​သည်​ထင်​တတ်၏။ ထို​သို့​သော သူ​တို့​သည် ဆွေး​မြေ့​ယို​ယွင်း၍ စက်​ဆုပ်​ဖွယ်​သော ဒု​စ​ရိုက်​ကို ပြု​တတ်​ကြ၏။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ နား​လည်​သော​သူ၊ ဘု​ရား​သ​ခင်​ကို​ရှာ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မြင်​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ပေါ်​က လူ​သား​တို့​ကို ငုံ့၍​ကြည့်​ရှု​တော်​မူ၍၊ လူ​အ​ပေါင်း​တို့​သည် ဆုတ်​သွား​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း ဆွေး​မြေ့​ယို​ယွင်း​ခြင်း​ရှိ​ကြ၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။

ဆာလံ 53:1-3 Common Language Bible (BCL)

လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​တတ်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍ စက်​ဆုပ်​သော​အ​မှု​တို့​ကို​ပြု​ကြ​လေ​ပြီ။ မှန်​ရာ​ကို​ပြု​ကျင့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။ ဘု​ရား​သ​ခင်​သည်​အ​သိ​ပ​ညာ​ရှိ​သူ​များ၊ မိ​မိ​အား ကိုး​ကွယ်​ဝတ်​ပြု​သူ​များ​ရှိ​မ​ရှိ​ကို​သိ​မြင် နိုင်​ရန် ကောင်း​ကင်​ဘုံ​မှ​လူ​သား​တို့​အား​ကြည့်​တော် မူ​၏။ သို့​ရာ​တွင်​လူ​တို့​သည်​ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​ကုန်​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​လျှင်​တ​ညီ​တ​ညွတ်​တည်း ဆိုး​ညစ်​ကြ​၏။ သူ​တို့​တွင်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​မ​ရှိ။ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။

ဆာလံ 53:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိုက်မဲ​သော​သူ​က “​ဘုရားသခင်​မ​ရှိ​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​တတ်​၏​။ ထိုသို့သော​သူ​တို့​သည် အကျင့်ပျက်ပြား​၍ စက်ဆုပ်ရွံရှာ​ဖွယ်​ကောင်း​သော​မတရားမှု​ကို​ပြု​တတ်​ကြ​၏​။ ကောင်း​သော​အမှု​ကို ပြု​သော​သူ​မ​ရှိ​။ ပညာသတိ​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ရှာ​သော​သူ ရှိ​၊ မ​ရှိ​သိမြင်​ရန် ဘုရားသခင်​သည် လူသား​တို့​ကို ကောင်းကင်ဘုံ​မှ​ငုံ့ကြည့်​တော်မူ​၏​။ လူ​အပေါင်း​တို့​သည် ဖောက်ပြန်​ကြ​ပြီ​။ တညီတညွတ်တည်း​ဆွေးမြည့်ယိုယွင်း​ကြ​ပြီ​။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ​၊ တစ်​ယောက်​မျှ​မ​ရှိ​။