YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 53

53
လူ​တို့​၏​ဆိုး​ညစ်မှု
(ဆာ​လံ၊ ၁၄။)
1ဘု​ရား​သ​ခင်​မ​ရှိ​ဟု မိုက်​သော​သူ​သည်​ထင်​တတ်၏။ ထို​သို့​သော သူ​တို့​သည် ဆွေး​မြေ့​ယို​ယွင်း၍ စက်​ဆုပ်​ဖွယ်​သော ဒု​စ​ရိုက်​ကို ပြု​တတ်​ကြ၏။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ 2နား​လည်​သော​သူ၊ ဘု​ရား​သ​ခင်​ကို​ရှာ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မြင်​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ပေါ်​က လူ​သား​တို့​ကို ငုံ့၍​ကြည့်​ရှု​တော်​မူ၍၊ 3လူ​အ​ပေါင်း​တို့​သည် ဆုတ်​သွား​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း ဆွေး​မြေ့​ယို​ယွင်း​ခြင်း​ရှိ​ကြ၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။#ရော၊ ၃:၁၀-၁၂။
4မုန့်​ကို​စား​သ​ကဲ့​သို့ ငါ၏​လူ​တို့​ကို​ကိုက်​စား၍၊ ဘု​ရား​သ​ခင်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​ဓ​မ္မ​လူ​တို့​သည် မ​သိ​ဘဲ​နေ​ရ​ကြ​သ​လော။ 5သို့​ဖြစ်၍ ကြောက်​လန့်​စ​ရာ​မ​ရှိ​သော်​လည်း၊ အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင့်​ကို​ဝန်း​ရံ၍ တပ်​ချ​သော​သူ၏​အ​ရိုး​တို့​ကို ဘု​ရား​သ​ခင်​သည် ဖ​ရို​ဖ​ရဲ​ကွဲ​ပြား​စေ​တော်​မူ​မည်။ သူ​တို့​ကို ဘု​ရား​သ​ခင် ရှုတ်​ချ​တော်​မူ​သော​ကြောင့်၊ သင်​သည် သူ​တို့​ကို​အ​ရှက်​ခွဲ​ရ​လိမ့်​မည်။ 6ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ပေါ်​ထွန်း​ပါ​စေ​သော။ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​မျိုး​တော်​ကို တစ်​ဖန်​ဘု​ရား​သ​ခင်​သည် ဆောင်​ခဲ့​တော်​မူ​သော​အ​ခါ၊ ယာ​ကုပ်​သည် ဝမ်း​မြောက်​ခြင်း၊ ဣ​သ​ရေ​လ​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 53: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ