YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 53:1-3

ဆာလံကျမ်း 53:1-3 MSBU

မိုက်မဲ​သော​သူ​က “​ဘုရားသခင်​မ​ရှိ​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​တတ်​၏​။ ထိုသို့သော​သူ​တို့​သည် အကျင့်ပျက်ပြား​၍ စက်ဆုပ်ရွံရှာ​ဖွယ်​ကောင်း​သော​မတရားမှု​ကို​ပြု​တတ်​ကြ​၏​။ ကောင်း​သော​အမှု​ကို ပြု​သော​သူ​မ​ရှိ​။ ပညာသတိ​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ရှာ​သော​သူ ရှိ​၊ မ​ရှိ​သိမြင်​ရန် ဘုရားသခင်​သည် လူသား​တို့​ကို ကောင်းကင်ဘုံ​မှ​ငုံ့ကြည့်​တော်မူ​၏​။ လူ​အပေါင်း​တို့​သည် ဖောက်ပြန်​ကြ​ပြီ​။ တညီတညွတ်တည်း​ဆွေးမြည့်ယိုယွင်း​ကြ​ပြီ​။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ​၊ တစ်​ယောက်​မျှ​မ​ရှိ​။