YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 51:1-13

ဆာလံ 51:1-13 Judson Bible (JBMLE)

အို​ဘု​ရား​သ​ခင်၊ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​စိတ်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ စုံ​မက်​တော်​မူ​ခြင်း က​ရု​ဏာ​များ​ပြား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​လွန်​ကျူး​ခြင်း​အ​ပြစ်​ကို ဖြေ​တော်​မူ​ပါ။ ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော၍၊ အ​ကျွန်ုပ်​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​လွန်​ကျူး​ပါ​ပြီ​ဟု​ဝန်​ချ​လျက် ကိုယ်​အ​ပြစ်​ကို အ​စဉ်​မ​ပြတ် အောက်​မေ့​လျက်​နေ​ပါ၏။ ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကို​သာ​ပြစ်​မှား၍ မျက်​မှောက်​တော်၌​ပင် မ​တ​ရား​သော​အ​မှု​ကို ပြု​ပါ​ပြီ။ သို့​ဖြစ်၍ မိန့်​တော်​မူ​ချက်​သည် ဖြောင့်​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​သည် အ​ပြစ်​လွတ်​ပါ၏။ အ​ကျွန်ုပ်​သည် မွေး​စ​က​ပင် အ​ပြစ်​ပါ​လျက်​ရှိ၏။ အ​မိ​ဝမ်း​ထဲ​မှာ ပ​ဋိ​သ​န္ဓေ​ယူ​စဉ်​ပင် အ​ပြစ်​စွဲ​ပါ၏။ ဟုတ်​မှန်​ဖြောင့်​မတ်​သော​စိတ်​နှ​လုံး​ကို နှစ်​သက်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​ထဲ​မှာ ပ​ညာ​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ ဟုဿုပ်​ပင်​ညွန့်​နှင့် သန့်​ရှင်း​ခြင်း​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မိုး​ပွင့်​ထက်​သာ၍ ဖြူ​စေ​ခြင်း​ငှာ ဆေး​ကြော​တော်​မူ​ပါ။ စိတ်​သက်​သာ​ဝမ်း​မြောက်​ခြင်း​ရှိ​မည်​အ​ကြောင်း​စ​ကား​ကို အ​ကျွန်ုပ်​အား ကြား​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ ချိုး​ဖဲ့​တော်​မူ​သော အ​ရိုး​တို့​သည် ရွှင်​မြူး​ခြင်း​ရှိ​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​လွန်​ကျူး​ခြင်း ဒု​စ​ရိုက်​တို့​မှ မျက်​နှာ​တော်​ကို​လွှဲ၍၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို​လည်း ဖြေ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို အ​ထံ​တော်​ထဲ​က နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ ကယ်​တင်​တော်​မူ​ခြင်း​နှင့်​ယှဉ်​သော ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို ပြန်၍​ပေး​သ​နား​တော်​မူ​ပါ။ ကြည်​ညို​သော စေ​တ​နာ​စိတ်​သ​ဘော​သည် အ​ကျွန်ုပ်​ကို​ထောက်​မ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​လည်း မ​တ​ရား​သော​သူ​တို့​အား တ​ရား​လမ်း​ကို ပြ​သ​သွန်​သင်​ပါ​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ​သို့ ပြန်​ကြ​ပါ​လိမ့်​မည်။

ဆာလံ 51:1-13 Common Language Bible (BCL)

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​အ​ညီ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ လွန်​စွာ​သ​နား​ကြင်​နာ​တော်​မူ​တတ်​သည် နှင့်​အ​ညီ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​အ​ပြစ်​မှ​သန့်​စင်​စေ တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​မှား​များ​ကို ဝန်​ချ​ပါ​၏။ မိ​မိ​၏​အ​ပြစ်​များ​ကို​အ​စဉ်​ပင်​သ​တိ​ရ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ပြစ်​မှား ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​၌​ဒု​စ​ရိုက်​ကို ပြု​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် တ​ရား​စီ​ရင်​တော်​မူ​သည်​မှာ​လျော်​ကန်​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ သည်​မှာ တ​ရား​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မွေး​ဖွား​ချိန်​မှ​စ​၍ ဆိုး​ညစ်​ခဲ့​ပါ​၏။ မွေး​ဖွား​က​တည်း​က​အ​ပြစ်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​သစ္စာ​တ​ရား​ကို နှစ်​သက်​တော်​မူ​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး စိတ်​နှ​လုံး​ကို​ဉာဏ်​ပ​ညာ​ဖြင့်​ပြည့်​ဝ​စေ တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​သန့်​စင်​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ဆေး​ကြော​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​မိုး​ပွင့်​ထက်​ပင် ပို​၍​ဖြူ​ပါ​လိမ့်​မည်။ ရွှင်​လန်း​ဝမ်း​မြောက်​သံ​များ​ကို​ကျွန်​တော်​မျိုး​အား ကြား​ခွင့်​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စိတ်​ပျက်​အား​လျော့​စေ​တော်​မူ​သော်​လည်း ကျွန်​တော်​မျိုး​သည်​တစ်​ဖန်​ပြန်​၍​ရွှင်​ပျ​လာ ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​မှ​မျက်​နှာ​လွှဲ​၍ ကျွန်​တော်​မျိုး​၏​ဒု​စ​ရိုက်​ရှိ​သ​မျှ​ကို​လည်း ပ​ပျောက်​စေ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို​သန့်​ရှင်း ဖြူ​စင်​အောင် ပြု​ပြင်​တော်​မူ​ပါ။ ကြံ့​ခိုင်​တည်​ကြည်​သော​စိတ်​သ​ဘော​သစ်​ကို ပေး​တော်​မူ​ပါ။ ရှေ့​တော်​မှောက်​မှ​ကျွန်​တော်​မျိုး​အား နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဝိ​ညာဉ်​တော်​ကို​ကျွန်​တော် မျိုး​ထံ​မှ ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကြောင့် ခံ​စား​ရ​ရှိ​သည့်​ဝမ်း​မြောက်​ခြင်း​ကို ကျွန်​တော်​မျိုး​အား​ပေး​သ​နား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​ကို​နာ​ခံ​တတ်​စေ တော်​မူ​ပါ။ ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​အ​ပြစ်​ကူး​သူ တို့​အား ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​သွန်​သင်​ပါ​မည်။ သူ​တို့​သည်​လည်း​အ​ထံ​တော်​သို့​ပြန်​လာ ကြ​ပါ​လိမ့်​မည်။

ဆာလံ 51:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ပယ်ဖျက်​တော်မူ​ပါ​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို အကုန်အစင်​ဆေးကြော​၍ အကျွန်ုပ်​၏​အပြစ်​မှ အကျွန်ုပ်​ကို​စင်ကြယ်​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို အကျွန်ုပ်​သိ​ပါ​၏​။ အကျွန်ုပ်​၏​အပြစ်​သည် အကျွန်ုပ်​၏​ရှေ့မှောက်​၌ အစဉ်​ရှိ​နေ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော့်​ကို​၊ ကိုယ်တော့်​ကို​သာ ပြစ်မှား​၍ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ မကောင်း​သော​အမှု​ကို ပြု​မိ​ပါ​ပြီ​။ သို့ဖြစ်၍ ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သောအခါ ဖြောင့်မတ်​ပါ​၏​။ ကိုယ်တော်​တရားစီရင်​တော်မူ​သောအခါ သန့်ရှင်းစင်ကြယ်​ပါ​၏​။ အကျွန်ုပ်​သည် ဒုစရိုက်​ထဲ၌​မွေးဖွား​လာ​ပါ​၏​။ အကျွန်ုပ်​၏​မိခင်​သည် အကျွန်ုပ်​ကို ကိုယ်ဝန်​ရ​စဉ်ကပင် အကျွန်ုပ်​သည် အပြစ်​ထဲ၌​ရှိ​ပါ​၏​။ ကိုယ်တော်​သည် အတွင်းစိတ်​၌​မှန်ကန်မှု​ရှိ​ခြင်း​ကို နှစ်သက်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​အတွင်း​နှလုံးသား​ထဲ၌ ဉာဏ်ပညာ​ကို သွန်သင်​ပေး​တော်မူ​၏​။ အကျွန်ုပ်​ကို ဟုဿုပ်ခက်​ဖြင့် သန့်စင်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် စင်ကြယ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ဆေးကြော​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် နှင်းပွင့်​ထက် ပို၍​ဖြူ​ပါ​လိမ့်မည်​။ အကျွန်ုပ်​အား ရွှင်မြူး​ခြင်း​နှင့်​ဝမ်းမြောက်​ခြင်း​ကို ကြား​စေ​တော်မူ​ပါ​။ ကိုယ်တော်​ကြေမွ​စေ​သော​အရိုး​တို့​ကို​လည်း ရွှင်လန်း​စေ​တော်မူ​ပါ​။ အကျွန်ုပ်​၏​အပြစ်​များ​မှ မျက်နှာ​တော်​လွှဲ​၍ အကျွန်ုပ်​၏​ဒုစရိုက်​အားလုံး​ကို ပယ်ဖျက်​တော်မူ​ပါ​။ အို ဘုရားသခင်​၊ အကျွန်ုပ်​အထဲ​၌ စင်ကြယ်​သော​စိတ်နှလုံး​ကို ဖန်ဆင်း​တော်မူ​ပါ​။ အကျွန်ုပ်​အတွင်း​ထဲ၌ တည်ကြည်​သော စိတ်သဘော​ကို အသစ်​ပြုပြင်​တော်မူ​ပါ​။ အကျွန်ုပ်​ကို ကိုယ်တော်​၏​ရှေ့မှောက်​မှ နှင်ထုတ်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို အကျွန်ုပ်​ထံမှ​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော ရွှင်မြူး​ခြင်း​ကို အကျွန်ုပ်​အား ပြန်လည်ခံစား​စေ​၍ စေတနာထက်သန်​သော​ဝိညာဉ်​တော်​ဖြင့် အကျွန်ုပ်​ကို ထောက်မ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် အပြစ်ကျူးလွန်​သော​သူ​တို့​အား ကိုယ်တော်​၏​လမ်း​တို့​ကို​သင်ကြား​ပေး​ပါ​မည်​။ အပြစ်သား​တို့​သည်​လည်း ကိုယ်တော်​ထံ ပြန်လာ​ကြ​ပါ​လိမ့်မည်​။