YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 51:1-13

ဆာ​လံ 51:1-13 BCL

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​အ​ညီ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ လွန်​စွာ​သ​နား​ကြင်​နာ​တော်​မူ​တတ်​သည် နှင့်​အ​ညီ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​အ​ပြစ်​မှ​သန့်​စင်​စေ တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​မှား​များ​ကို ဝန်​ချ​ပါ​၏။ မိ​မိ​၏​အ​ပြစ်​များ​ကို​အ​စဉ်​ပင်​သ​တိ​ရ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ပြစ်​မှား ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​၌​ဒု​စ​ရိုက်​ကို ပြု​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် တ​ရား​စီ​ရင်​တော်​မူ​သည်​မှာ​လျော်​ကန်​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ သည်​မှာ တ​ရား​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မွေး​ဖွား​ချိန်​မှ​စ​၍ ဆိုး​ညစ်​ခဲ့​ပါ​၏။ မွေး​ဖွား​က​တည်း​က​အ​ပြစ်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​သစ္စာ​တ​ရား​ကို နှစ်​သက်​တော်​မူ​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး စိတ်​နှ​လုံး​ကို​ဉာဏ်​ပ​ညာ​ဖြင့်​ပြည့်​ဝ​စေ တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​သန့်​စင်​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ဆေး​ကြော​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​မိုး​ပွင့်​ထက်​ပင် ပို​၍​ဖြူ​ပါ​လိမ့်​မည်။ ရွှင်​လန်း​ဝမ်း​မြောက်​သံ​များ​ကို​ကျွန်​တော်​မျိုး​အား ကြား​ခွင့်​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စိတ်​ပျက်​အား​လျော့​စေ​တော်​မူ​သော်​လည်း ကျွန်​တော်​မျိုး​သည်​တစ်​ဖန်​ပြန်​၍​ရွှင်​ပျ​လာ ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​မှ​မျက်​နှာ​လွှဲ​၍ ကျွန်​တော်​မျိုး​၏​ဒု​စ​ရိုက်​ရှိ​သ​မျှ​ကို​လည်း ပ​ပျောက်​စေ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို​သန့်​ရှင်း ဖြူ​စင်​အောင် ပြု​ပြင်​တော်​မူ​ပါ။ ကြံ့​ခိုင်​တည်​ကြည်​သော​စိတ်​သ​ဘော​သစ်​ကို ပေး​တော်​မူ​ပါ။ ရှေ့​တော်​မှောက်​မှ​ကျွန်​တော်​မျိုး​အား နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဝိ​ညာဉ်​တော်​ကို​ကျွန်​တော် မျိုး​ထံ​မှ ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကြောင့် ခံ​စား​ရ​ရှိ​သည့်​ဝမ်း​မြောက်​ခြင်း​ကို ကျွန်​တော်​မျိုး​အား​ပေး​သ​နား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​ကို​နာ​ခံ​တတ်​စေ တော်​မူ​ပါ။ ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​အ​ပြစ်​ကူး​သူ တို့​အား ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​သွန်​သင်​ပါ​မည်။ သူ​တို့​သည်​လည်း​အ​ထံ​တော်​သို့​ပြန်​လာ ကြ​ပါ​လိမ့်​မည်။

​ဆာ​လံ 51:1-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။