YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 50:11-23

ဆာလံ 50:11-23 Judson Bible (JBMLE)

တောင်​ပေါ်​မှာ​နေ​တတ်​သော ငှက်​အ​ပေါင်း​တို့​ကို ငါ​သိ၏။ တော​သား​ရဲ​တို့​သည် ငါ၌​ရှိ​ကြ၏။ ငါ​သည် ငတ်​မွတ်​လျှင် သင့်​ကို​မ​ပြော။ လော​က​ဓာတ်​နှင့် လော​က​ဥ​စ္စာ​သည် ငါ၏​ဥ​စ္စာ​ဖြစ်၏။ နွား​သား​ကို ငါ​စား​မည်​လော။ ဆိတ်​သွေး​ကို ငါ​သောက်​မည်​လော။ ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။ အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ မ​တ​ရား​သော​သူ​ကို​ကား၊ သင်​သည် ငါ၏​အ​ထုံး​အ​ဖွဲ့​တို့​ကို ကြား​ပြော၍ ငါ၏​ပ​ဋိ​ညာဉ်​တ​ရား​ကို မြွက်​ဆို​ခြင်း​ငှာ အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ဆုံး​မ​သွန်​သင်​ခြင်း​ကို သင်​သည်​မုန်း၍ ငါ့​စ​ကား​ကို သင့်​နောက်၌ ပစ်​ထား​ပါ​သည်​တ​ကား။ သင်​သည် သူ​ခိုး​ကို​မြင်​လျှင်၊ သူ​နှင့် သ​ဘော​တူ​တတ်၏။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​တို့​နှင့် ဆက်​ဆံ​တတ်၏။ သင်၏​နှုတ်​ကို​ဒု​စ​ရိုက်၌​အပ်​နှံ၍၊ သင်၏​လျှာ​ဖြင့် မု​သား​ကို စီ​ရင်​တတ်၏။ သင်​သည်​ထိုင်​လျက်၊ ကိုယ်​ညီ​အစ်​ကို​ကို ဆန့်​ကျင်​ဘက်​ပြု၍ ပြော​ဆို​တတ်၏။ ကိုယ်​အ​မိ၏​သား​ကို ဆဲ​ရေး​တတ်၏။ ထို​သို့​ကျင့်၍ ငါ​သည်​တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ ငါ့​ကို သင်​နှင့်​တူ​သည်​ဟု ထင်​လေ​ပြီ​တ​ကား။ သင်၏​အ​ပြစ်​ကို ငါ​ဖော်​ပြ၍၊ သင့်​မျက်​မှောက်၌ ခင်း​ထား​မည်။ ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​သူ​တို့၊ ဤ​အ​မှု​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ဟုတ် သင်​တို့​ကို ကယ်​နုတ်​သော​သူ​မ​ရှိ။ ငါ​သည် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​မည်။ ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ငါ၏​ဘုန်း​ကို ထင်​ရှား​စေ​သော​သူ​ဖြစ်၏။ မိ​မိ​သွား​သော​လမ်း​ကို ဆင်​ခြင်​သော​သူ​အား​လည်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​ပြ​မည်​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။

ဆာလံ 50:11-23 Common Language Bible (BCL)

တော​ငှက်​အ​ပေါင်း​နှင့်​ကွင်း​ပြင်​များ​မှ​သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​လည်း​ငါ​ပိုင်​၏။ ``အ​ကယ်​၍​ငါ​သည်​ဆာ​မွတ်​ခဲ့​မူ​သင်​တို့​ထံ​မှ အ​စာ​ကို​တောင်း​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​ပေါ်​ရှိ အ​ရာ​ဟူ​သ​မျှ​ကို​ငါ​ပိုင်​သော​ကြောင့်​ဖြစ်​၏။ ငါ​သည်​အ​မဲ​သား​ကို​စား​ပါ​သ​လော။ ဆိတ်​သွေး​ကို​သောက်​ပါ​သ​လော။ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​သာ လျှင် ဘု​ရား​သ​ခင်​အား​သင်​တို့​ပူ​ဇော်​ရာ ယဇ်​ဖြစ်​စေ​ကြ​လော့။ ထို့​ပြင်၊အ​နန္တ​တန်​ခိုး​ရှင်​အား​သင်​တို့​သစ္စာ က​တိ​ထား​သည့်​အ​တိုင်း​ပြု​ကြ​လော့။ ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​သူ​ယုတ်​မာ အား ``သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ပ​ညတ်​တော်​တို့​ကို ရွတ်​ဆို​ရ​ပါ​သ​နည်း။ ငါ​၏​ပ​ဋိ​ညာဉ်​တော်​အ​ကြောင်း​ကို​အ​ဘယ်​ကြောင့် ပြော​ဆို​ရ​ပါ​သ​နည်း။ သင်​သည်​ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လက်​မ​ခံ။ ငါ​၏​ပ​ညတ်​တော်​တို့​ကို​ပစ်​ပယ်​၏။ သင်​သည်​သူ​ခိုး​နှင့်​တွေ့​လျှင်​မိတ်​ဖွဲ့​တတ်​၏။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​သူ​တို့​နှင့်​လည်း ပေါင်း​ဖော်​တတ်​၏။ ``သင်​သည်​အ​စဉ်​ပင်​ညစ်​ညမ်း​သည့်​စ​ကား​ကို ပြော​ဆို​တတ်​၏။ မု​သား​ကို​သုံး​ရန်​အ​ဘယ်​အ​ခါ​၌​မျှ နှောင့်​နှေး​သည်​မ​ရှိ။ မိ​မိ​၏​ညီ​ရင်း​အစ်​ကို​များ​ကို​ပင်​လျှင်​အ​စဉ် ပြစ်​တင်​စွပ်​စွဲ​တတ်​၏။ သင်​သည်​ဤ​အ​မှု​တို့​ကို​ပြု​ကျင့်​သော်​လည်း ငါ​သည်​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ သို့​ဖြစ်​၍​ငါ့​ကို​သင်​နှင့်​တူ​သည်​ဟု​ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သင့်​အား​ပြော​ဆို ဆုံး​မ​မည်။ သင်​၏​အ​ပြစ်​ကို​ပွင့်​လင်း​စွာ​သင့်​အား​ဖော်ပြ​မည်။ ``ငါ့​ကို​မေ့​လျော့​သူ​တို့၊​ဤ​အ​ချက်​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ပြု​ပါ​မူ​ငါ​သည်​သင်​တို့​အား​သုတ်​သင် ဖျက်​ဆီး​မည်။ သင်​တို့​အား​ကယ်​မည့်​သူ​လည်း​တစ်​ဦး​တစ်​ယောက် မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​ငါ့​အား ဂုဏ်​ပြု​ရာ​ယဇ်​ပင်​ဖြစ်​၏။ ငါ့​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့​အား ဧ​ကန်​အ​မှန်​ငါ​ကယ်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဆာလံ 50:11-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တောင်​များ​ပေါ်ရှိ​ကျေးငှက်​အားလုံး​ကို​ငါ​သိ​၏​။ တော​သတ္တဝါ​များ​ကို​လည်း​ငါ​ပိုင်​၏​။ ငါ​ဆာလောင်မွတ်သိပ်​ခဲ့​လျှင်ပင် သင့်​ကို ငါ​ပြော​မည်​မ​ဟုတ်​။ အကြောင်းမူကား ကမ္ဘာလောက​မှစ၍ ၎င်း​တွင်​ရှိသမျှ​သော​အရာ​တို့​ကို ငါ​ပိုင်​၏​။ နွားလား​တို့​၏​အသား​ကို ငါ​စား​မည်လော​။ ဆိတ်ထီး​တို့​၏​သွေး​ကို ငါ​သောက်​မည်လော​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​လော့​။ အမြင့်ဆုံး​သော​အရှင်​ထံ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို ပြည့်စုံ​စေ​လော့​။ ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ခေါ်​လော့​။ ငါ​သည် သင့်​ကို​ကယ်မ​မည်​။ သင်​သည်​လည်း ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။​” သို့သော် ဘုရားသခင်​သည် ဆိုးယုတ်​သော​သူ​အား “​ငါ​၏​ပြဋ္ဌာန်းချက်​များ​ကို​ပြောကြား​၍ ငါ​၏​ပဋိညာဉ်​ကို​နှုတ်​၌​ဆောင်​ထား​ခြင်း​သည် သင်​နှင့်​မည်သို့​ဆိုင်​သနည်း​။ အကြောင်းမူကား သင်​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​မုန်း​၏​။ ငါ​၏​စကား​တို့​ကို သင့်​နောက်၌​သာ ပစ်ထား​၏​။ သင်​သည် သူခိုး​နှင့်​တွေ့​သောအခါ သူ့​ကို​လက်ခံ​၏​။ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​တို့​နှင့်​လည်း ပေါင်းသင်း​ဆက်ဆံ​၏​။ သင်​၏​နှုတ်​ကို မကောင်းမှု​အတွက်​အသုံးပြု​ပြီး သင်​၏​လျှာ​ကို လိမ်လည်လှည့်ဖြားမှု​၌ မှီဝဲဆည်းကပ်​စေ​၏​။ သင်​သည်​ထိုင်​၍ သင့်​ညီအစ်ကို​ကို​ဆန့်ကျင်​ပြောဆို​လျက် သင့်​မိခင်​၏​သား​ကို​ဆဲဆို​တတ်​၏​။ ဤ​အမှု​တို့​ကို​သင်​ပြု​၍ ငါ​သည် တိတ်ဆိတ်​စွာ​နေ​သဖြင့် ငါ​သည် သင်​နှင့်​တူ​သည်​ဟု သင်​ထင်မှတ်​၏​။ ငါ​သည် သင့်​ကို​ဆုံးမ​၍ သင်​၏​အပြစ်​ကို သင့်​ရှေ့မှောက်​၌​ခင်းပြ​မည်​။ ဘုရားသခင်​ကို​မေ့လျော့​တတ်​သော​သူ​တို့​၊ ဤ​အချက်​ကို သတိ​နှင့်​ဆင်ခြင်​ကြ​လော့​။ သို့မဟုတ်​ပါက ငါ​သည် သင်​တို့​ကို အပိုင်းပိုင်း​ဆုတ်ဖြဲ​သဖြင့် ကယ်နုတ်​သူ​မ​ရှိ​ဖြစ်​လိမ့်မည်​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို​ပူဇော်​သော​သူ​သည် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ဖြစ်​၏​။ မိမိ​လမ်းခရီး​ကို​ပြင်ဆင်​သော​သူ​အား​လည်း ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို ငါ​ပြသ​မည်​”​ဟု မိန့်​တော်မူ​၏​။