YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 48:1-14

ဆာလံ 48:1-14 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်​တော်​မူ၏။ သန့်​ရှင်း​သော တောင်​တော်​ပေါ်​မှာ ငါ​တို့​ဘု​ရား​သ​ခင်၏​မြို့​တော်​တွင် အ​ထူး​သ​ဖြင့် ထော​မ​နာ​ချီး​မွမ်း​ခြင်း​ကို ခံ​ထိုက်​တော်​မူ၏။ မြေ​ကြီး​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ ဇိ​အုန်​တောင်​ထိပ်​သည် အ​ဆင်း​လှ​ပေ၏။ မြောက်​မျက်​နှာ​ဘက်၌ မ​ဟာ​မင်း​ကြီး၏ မြို့​တော်​သည် တည်၏။ ထို​မြို့၏​ဘုံ​ဗိ​မာန်​တို့​တွင် ဘု​ရား​သ​ခင်၌ ခို​လှုံ​ရ​သည်​ကို သိ​ရ၏။ ရှင်​ဘု​ရင်​တို့​သည် စည်း​ဝေး၍ အ​တူ​လျှောက်​သွား​ကြ၏။ မြင်​သော​အ​ခါ မှိုင်​တွေ၍ ထိတ်​လန့်​လျက် ပြေး​ကြ၏။ ထို​အ​ရပ်၌ သူ​တို့​သည် ကြောက်​လန့်​ခြင်း​သို့​ရောက်၍ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ဝေ​ဒ​နာ​ရှိ​ကြ၏။ တာ​ရှု​သင်္ဘော​တို့​ကို ချိုး​ဖျက်​သော အ​ရှေ့​လေ​နှင့် တွေ့​သ​ကဲ့​သို့​ဖြစ်​ကြ၏။ ငါ​တို့​သည် ကြား​ဖူး​သည်​အ​တိုင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ငါ​တို့​ဘု​ရား​သ​ခင်၏​မြို့​တော်၌ တွေ့​မြင်​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် မြို့​တော်​ကို အ​စဉ်​အ​မြဲ တည်​စေ​တော်​မူ​မည်။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ဗိ​မာန်​တော်​ထဲ​မှာ က​ရု​ဏာ​တော်​ကို အောက်​မေ့​ကြ​ပါ၏။ အို​ဘု​ရား​သ​ခင်၊ နာ​မ​တော်​သည် မြေ​ကြီး​စွန်း​တိုင်​အောင်​နှံ့​ပြား​သည်​နည်း​တူ၊ ဂုဏ်​အ​သ​ရေ​တော်​လည်း နှံ့​ပြား​လျက်​ရှိ၏။ လက်​ယာ​လက်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ပြည့်​ဝ​လျက်​ရှိ​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​များ​ကြောင့် ဇိ​အုန်​တောင်​သည်​ဝမ်း​မြောက်၍၊ ယု​ဒ​အ​မျိုး​သ​မီး​တို့​သည် ရွှင်​လန်း​ကြ​ပါ၏။ သား​မြေး​တို့​အား ကြား​ပြော​မည်​အ​ကြောင်း ဇိ​အုန်​မြို့​ကို ပတ်​ပတ်​လည်၍ ပြ​အိုး​တို့​ကို ရေ​တွက်​ကြ​လော့။ ရင်​တား​တို့​ကို​မှတ်၍ ဘုံ​ဗိ​မာန်​များ​ကို​လည်း ဆင်​ခြင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထို​ဘု​ရား​သ​ခင်​သည် ကာ​လ​အ​စဉ်​အ​မြဲ ငါ​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏။ သေ​သည်​ကာ​လ​တိုင်​အောင် ငါ​တို့​ကို ပို့​ဆောင်​တော်​မူ​လ​တ္တံ့​သ​တည်း။

ဆာလံ 48:1-14 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍​သန့်​ရှင်း မြင့်​မြတ်​သည့်​တောင်​တော် တည်း​ဟူ​သော ငါ​တို့​ဘု​ရား​၏​မြို့​တော်​တွင်​အ​လွန် ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​ပေ​၏။ ဘု​ရား​သ​ခင်​၏​တောင်​တော်​ဖြစ်​သည့် ဇိ​အုန်​တောင်​သည်​မြင့်​မား​၍​လှ​ပ​တင့်​တယ် ပါ​၏။ မ​ဟာ​မင်း​မြတ်​၏​မြို့​တော်​သည်​ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​စိတ်​ရွှင်​လန်း​စေ​ပါ​၏။ ထို​မြို့​တော်​၏​ခံ​တပ်​များ​အ​တွင်း​အ​ထံ တော်​တွင် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ကြောင်း​ကို​ဘု​ရား​သ​ခင် ပြ​သ​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​တို့​သည်​စု​ရုံး​လျက်​ဇိ​အုန်​တောင်​ကို တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြ​၏။ ထို​တောင်​ကို​မြင်​သော​အ​ခါ​သူ​တို့​သည် အံ့​သြ​ထိတ်​လန့်​၍​ထွက်​ပြေး​ကြ​၏။ သူ​တို့​သည်​သား​ဖွား​ချိန်​နီး​သည့် အ​မျိုး​သ​မီး​ကဲ့​သို့​လည်း​ကောင်း၊ ပြင်း​ထန်​သော​လေ​မုန်​တိုင်း​မိ​သ​ဖြင့်​လူး​နေ​ရ​သော သင်္ဘော​ကြီး​များ​ကဲ့​သို့​လည်း​ကောင်း ထိတ်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​ကို ငါ​တို့​ကြား​ဖူး​ကြ​၏။ ယင်း​သို့​ကြား​ဖူး​ကြ​သည့်​အ​တိုင်း​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ငါ​တို့​ဘု​ရား​၏ မြို့​တော်​တွင်​ယ​ခု​ငါ​တို့​တွေ့​မြင်​ကြ​ရ​လေ​ပြီ။ ကိုယ်​တော်​သည်​ထို​မြို့​တော်​ကို​ကာ​လ​အ​စဉ်​အ​ဆက် ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​အ​တွင်း​၌ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဆင်​ခြင်​ကြ​ပါ​၏။ နေ​ရာ​တ​ကာ​တွင်​လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဂုဏ်​သ​တင်း​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​သို့​ပျံ့​နှံ့​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​စွာ အုပ်​စိုး​တော်​မူ​ပါ​၏။ ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​သည်​ဝမ်း​မြောက် ကြ​ပါ​စေ။ ကိုယ်​တော်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင် တော်​မူ​ပါ​၏။ ယု​ဒ​ပြည်​မြို့​ကြီး​များ​တွင်​ရွှင်​လန်း​မှု​ရှိ ပါ​စေ။ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့၊ဇိ​အုန်​တောင် ကို လှည့်​ပတ်​၍​ပြ​အိုး​တို့​ကို​ရေ​တွက်​လော့။ ထို​မြို့​၏​တံ​တိုင်း​များ​ကို​မှတ်​သား​၍​ခံ​တပ် များ​ကို စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ ထို​အ​ခါ​သင်​တို့​သည်``ဤ​ဘု​ရား​ကား ကမ္ဘာ​အ​ဆက်​ဆက်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ငါ​တို့​အား လမ်း​ပြ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်'' ဟု နောင်​လာ​နောက်​သား​တို့​အား ပြော​ကြား​နိုင်​ကြ​လိမ့်​မည်။

ဆာလံ 48:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​၌ အလွန်​ချီးမွမ်းဖွယ် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​သည် မြင့်မား​တင့်တယ်​၍ ကမ္ဘာမြေ​တစ်ခွင်လုံး​၏ ဝမ်းမြောက်စရာ​အကြောင်း​ဖြစ်​၏​။ မြောက်ဘက်​စွန်း​ရှိ​ဇိအုန်​တောင်​သည် ကြီးမြတ်​သော ရှင်ဘုရင်​၏​မြို့​တော်​ဖြစ်​၏​။ ဘုရားသခင်​သည် ထို​မြို့​၏​ခံတပ်​များ​တွင် ခိုကိုး​ရာ​ဖြစ်ကြောင်း မိမိကိုယ်ကို​ထင်ရှား​စေ​တော်မူ​၏​။ ကြည့်ရှု​လော့​။ ရှင်ဘုရင်​တို့​သည် စုဝေး​လျက် အတူတကွ​ချီတက်​လာ​ကြ​၏​။ သူ​တို့​သည် ၎င်း​ကို​မြင်​ရ​ကြ​သည်​နှင့် အံ့အားသင့်​လျက် ထိတ်လန့်​၍​ပြေးလွှား​ကြ​၏​။ ထို​အရပ်​တွင် ထိတ်လန့်တုန်လှုပ်​ခြင်း​သည် သူ​တို့​ကို​ဖမ်းဆုပ်​ထား​၍ သူ​တို့​သည် သားဖွား​နေ​သော​အမျိုးသမီး​ကဲ့သို့ ဝေဒနာ​ခံစား​ကြ​ရ​၏​။ ကိုယ်တော်​သည် တာရှု​သင်္ဘော​တို့​ကို အရှေ့​လေ​ဖြင့်​ကျိုးပဲ့​စေ​တော်မူ​၏​။ ငါ​တို့​ကြား​ခဲ့​ရ​သည့်​အတိုင်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏ မြို့​တော်​တည်းဟူသော ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​တွင် ငါ​တို့​မြင်​ရ​ကြ​လေ​ပြီ​။ ဘုရားသခင်​သည် ထို​မြို့​တော်​ကို ကာလ​အစဉ်အဆက်​တည်​စေ​တော်မူ​မည်​။ (​စေလာ ) အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို ကိုယ်တော်​၏​ဗိမာန်တော်​ထဲ​၌ အကျွန်ုပ်​တို့​အောက်မေ့ဆင်ခြင်​ကြ​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​သည် ကိုယ်တော်​၏​နာမ​တော်​နည်းတူ ကမ္ဘာမြေ​အစွန်း​တိုင်အောင် ပျံ့နှံ့​ပါ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ဖြောင့်မတ်​ခြင်း​နှင့်​ပြည့်ဝ​ပါ​၏​။ ကိုယ်တော်​၏​တရားစီရင်​တော်မူ​ချက်​များ​ကြောင့် ဇိအုန်​တောင်​သည် ဝမ်းမြောက်​ပါစေ​။ ယုဒ​သမီးပျို​တို့​သည် ရွှင်လန်း​ကြ​ပါစေ​။ ဇိအုန်​အနှံ့​လှည့်ပတ်သွားလာ​၍ မျှော်စင်​တို့​ကို​ရေတွက်​ကြ​လော့​။ လာမည့်​မျိုးဆက်​ကို​ပြောပြ​နိုင်​ရန် ထို​မြို့​တော်​၏​တံတိုင်း​ကို သင်​တို့​၏​စိတ်နှလုံး​၌​မှတ်သား​ထား​၍ ခံတပ်​များ​ကို​စစ်ဆေး​ကြည့်ရှု​ကြ​လော့​။ အကြောင်းမူကား ဤ​ဘုရားသခင်​သည် ကာလ​အစဉ်အဆက် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​တို့​သေဆုံး​သည့်​တိုင်အောင် ငါ​တို့​ကို ပို့ဆောင်​တော်မူ​လိမ့်မည်​။