YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 37:24-36

ဆာလံ 37:24-36 Judson Bible (JBMLE)

ထို​သူ​သည် လဲ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​လက်​ကို ကိုင်​မ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​သည် စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​သည်​အ​ကြောင်း၊ သူ၏​သား​မြေး​တို့​သည် တောင်း၍​စား​ရ​သည်​အ​ကြောင်း​ကို ငါ​သည် အ​သက်​ပျို​သည်​ကာ​လ​မှ​စ၍ အို​သည်​တိုင်​အောင် မ​မြင်​စ​ဖူး။ သူ​သည် အ​စဉ်​သ​နား​သော​စိတ်​ရှိ​သည်​နှင့်၊ သူ​တစ်​ပါး​တို့​အား ချေး​ငှား​တတ်​သည်​ဖြစ်၍၊ သူ၏​သား​မြေး​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ၏။ ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို ပြု​လော့။ သို့​ပြု​လျှင် အ​စဉ်​အ​မြဲ​နေ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​ကို​နှစ်​သက်​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​တို့​ကို​လည်း စွန့်​တော်​မ​မူ။ သူ​တို့​သည် စောင့်​မ​တော်​မူ​ခြင်း​ကို အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ၏​သား​မြေး​တို့​မူ​ကား၊ ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ၍ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ၏​နှုတ်​သည် ပ​ညာ​ကို​မြွက်​ဆို​တတ်၏။ သူ၏​လျှာ​သည်​လည်း တ​ရား​သော​စ​ကား​ကို ပြော​ဆို​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် သူ၏​စိတ်​နှ​လုံး​ထဲ​မှာ တည်​သည်​ဖြစ်၍၊ သူ​သွား​သော​အ​ခါ မ​ချော်​မ​လဲ​ရ။ မ​တ​ရား​သော​သူ​သည် ဖြောင့်​မတ်​သော​သူ​ကို ချောင်း​မြောင်း၍ သတ်​ခြင်း​ငှာ ရှာ​ကြံ​တတ်၏။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၏​လက်၌ ဖြောင့်​မတ်​သော​သူ​ကို စွန့်​ပစ်​တော်​မူ​မည် မ​ဟုတ်။ အ​စစ်​ခံ​ရ​သော​အ​ခါ အ​ပြစ်​စီ​ရင်​တော်​မူ​မည် မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်၍၊ လမ်း​တော်​ကို လျှောက်​သွား​လော့။ ပြည်​တော်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​နှင့် ချီး​မြှောက်​တော်​မူ​မည်။ မ​တ​ရား​သော​သူ​တို့ ဆုံး​ရှုံး​ခြင်း​ကို သင်​သည် ကြည့်​မြင်​ရ​လိမ့်​မည်။ မ​တ​ရား​သော​သူ​သည် အ​စိုး​တ​ရ​ပြု၍၊ ပေါက်​ရင်း​အ​ရပ်​မှာ ကြီး​ပွား​သော သစ်​ပင်​လန်း​လန်း​ရှိ​သ​ကဲ့​သို့၊ ကိုယ်​ကို​ကိုယ်​ပြန့်​ပွား​စေ​သည်​ကို ငါ​မြင်​ရ​သော်​လည်း၊ နောက်​တစ်​ဖန်​သူ​သည် ရွေ့​သွား၍ ကွယ်​ပျောက်၏။ သူ့​ကို​လည်း ငါ​ရှာ၍​မ​တွေ့​ရ။

ဆာလံ 37:24-36 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ကူ​မ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည်​လဲ သော်​လည်း မ​ထ​ဘဲ​နေ​လိမ့်​မည်​မ​ဟုတ်။ ယ​ခု​အ​ခါ​ငါ​သည်​အ​သက်​ကြီး​ရင့်​လေ​ပြီ။ ငါ​သည်​ကြာ​ရှည်​စွာ​အ​သက်​ရှင်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​သူ​တော်​ကောင်း​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ပစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​၏​သား​သ​မီး​တို့​တောင်း​စား​ရ​သည်​ကို လည်း​ကောင်း တစ်​ချိန်​တစ်​ခါ​မျှ​ငါ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။ သူ​သည်​အ​စဉ်​ပင်​သူ​တစ်​ပါး​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​ချေး​ငှား​တတ်​၏။ သူ​၏​သား​သ​မီး​များ​သည်​လည်း​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​ရ​ကြ​၏။ ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​၍​သု​စ​ရိုက်​ကို​ပြု​လော့။ သို့​ပြု​လျှင်​သင်​၏​သား​မြေး​တို့​သည်​ပြည်​တော် တွင် အ​စဉ်​အ​မြဲ​နေ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မှန်​တ​ရား​ကို​နှစ်​သက်​တော်​မူ​၍ မိ​မိ​အား​သစ္စာ​စောင့်​သည့်​လူ​စု​တော်​ကို စွန့်​ပစ်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​အ​စဉ်​အ​မြဲ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​သား​မြေး​များ​မူ​ကား ပြည်​နှင်​ဒဏ်​သင့်​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​တို့​သည်​ပြည်​တော်​ကို​ပိုင်​ဆိုင်​၍ အ​စဉ်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​သည်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​ရှိ​သော စ​ကား​ကို​ပြော​ဆို​တတ်​၏။ သူ​သည်​အ​စဉ်​ပင်​တ​ရား​မျှ​တ​၏။ သူ​သည်​မိ​မိ​ဘု​ရား​၏​တ​ရား​တော်​ကို နှ​လုံး​သွင်း​၍​ထား​၏။ အ​ဘယ်​အ​ခါ​၌​မျှ​ထို​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပေ။ သူ​ယုတ်​မာ​သည်​သူ​တော်​ကောင်း​အား​ချောင်း​မြောင်း​၍ သတ်​ရန်​ကြိုး​စား​တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တော်​ကောင်း​အား​ရန်​သူ​၏​လက်​တွင်​စွန့်​ပစ်​၍ ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​တ​ရား​ရုံး​သို့​ရောက်​၍​အ​စစ်​ခံ​ရ​သော် သူ့​အား အ​ပြစ်​ဒဏ်​သင့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကို​မျှော်​ကိုး​လျက်​ပ​ညတ်​တော် တို့​ကို စောင့်​ထိန်း​လော့။ ကိုယ်​တော်​သည်​သင့်​အား​ပြည်​တော်​ကို ပိုင်​ဆိုင်​ရ​သော​အ​ခွင့်​နှင့်​ချီး​မြှင့်​တော်​မူ လိမ့်​မည်။ သင်​သည်​သူ​ယုတ်​မာ​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​သည်​ကို​မြင်​ရ​လိမ့်​မည်။ ငါ​သည်​ပိုင်​စိုး​ပိုင်​နင်း​ပြု​တတ်​သည့် သူ​ယုတ်​မာ​တစ်​ယောက်​ကို​တွေ့​မြင်​ဖူး​၏။ သူ​သည်​လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​ကဲ့​သို့ လူ​အ​ပေါင်း​တို့​အ​ပေါ်​တွင်​လွှမ်း​မိုး​လျက်​နေ​၏။ သို့​ရာ​တွင်​နောက်​တစ်​ကြိမ်​ငါ​ဖြတ်​သွား​သော အ​ခါ သူ​သည်​ထို​အ​ရပ်​တွင်​မ​ရှိ​တော့​ပြီ။ သူ့​ကို​ရှာ​သော်​လည်း​မ​တွေ့​မ​မြင်​နိုင်​တော့​ပေ။

ဆာလံ 37:24-36 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် သူ့​ကို မိမိ​လက်​တော်​ဖြင့် ထောက်မ​တော်မူ​သောကြောင့် သူ​သည်​လဲကျ​လျှင်လည်း ပြန်မထ​နိုင်​တော့​သည့်​အဖြစ်​သို့ ရောက်​လိမ့်မည်​မ​ဟုတ်​။ ငါ​သည် လူငယ်​တစ်​ဦး​ဖြစ်​ခဲ့​ပြီး ယခု​အသက်ကြီး​လေ​ပြီ​။ သို့သော် ဖြောင့်မတ်​သော​သူ​သည် စွန့်ပစ်​ခြင်း​ခံရ​သည်​ကို​လည်းကောင်း​၊ သူ​၏​သားမြေး​တို့​သည် အစာ​တောင်းရမ်း​နေ​ကြ​ရ​သည်​ကို​လည်းကောင်း မ​တွေ့​မ​မြင်​ဖူး​ပေ​။ သူ​သည် အစဉ်အမြဲ​သနား​တတ်​၍ ချေးငှား​ပေး​တတ်​၏​။ သူ​၏​သားမြေး​တို့​သည်​လည်း ကောင်းချီးမင်္ဂလာ ဖြစ်​ကြ​၏​။ မကောင်းမှု​မှ​ဖယ်ခွာ​၍ ကောင်း​သော​အမှု​ကို​ပြု​လော့​။ သို့ပြုလျှင် အစဉ်အမြဲ​နေထိုင်​ရ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် တရားမျှတမှု​ကို​နှစ်သက်​တော်မူ​၏​။ မိမိ​၏​သန့်ရှင်း​သူ​တို့​ကို​လည်း စွန့်ပစ်​တော်​မ​မူ​။ သူ​တို့​သည် အစဉ်အမြဲ​စောင့်ရှောက်​တော်မူ​ခြင်း​ကို ခံရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​၏​သားမြေး​တို့​မူကား ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​၍ ၎င်း​တွင် ထာဝစဉ်​နေထိုင်​ရ​ကြ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် ဉာဏ်ပညာ​စကား​ကို​မြွက်ဆို​တတ်​၏​။ သူ​၏​လျှာ​သည်​လည်း တရားမျှတ​သော​စကား​ကို​ပြောဆို​တတ်​၏​။ သူ့​ဘုရားသခင်​၏​တရားတော်​သည် သူ့​စိတ်နှလုံး​ထဲ၌​ရှိ​သည်​ဖြစ်၍ သူ​သည် ခြေ​ချော်​ခြင်း​ရှိ​မည်​မ​ဟုတ်​။ ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​ကို စောင့်ကြည့်​၍ သူ့​ကို​သတ်​ရန်​ရှာကြံ​တတ်​၏​။ သို့သော် ထာဝရဘုရား​သည် သူ့​ကို ထို​ဆိုးယုတ်​သော​သူ​၏​လက်​ထဲ၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်​။ သူ​သည် တရားစီရင်​ခြင်း​ခံရ​သောအခါ​၌​လည်း အပြစ်​ရှိ​သည်​ဟု​စီရင်​ခြင်း​ခံရ​မည်​မ​ဟုတ်​။ ထာဝရဘုရား​ကို​စောင့်မျှော်​၍ ကိုယ်တော်​၏​လမ်း​ကို စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင်​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ရန် ကိုယ်တော်​သည် သင့်​ကို​ချီးမြှောက်​တော်မူ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​ဖယ်ရှား​ခြင်း​ခံရ​သည်​ကို သင်​မြင်​ရ​လိမ့်မည်​။ ဆိုးယုတ်​၍​ကြမ်းကြုတ်​သော​သူ​သည် မူရင်း​ဒေသ​ပေါက် စိမ်းလန်း​သော​အပင်​ကဲ့သို့ ပြန့်ကား​ကြီးထွား​နေ​သည်​ကို ငါ​မြင်​ရ​၏​။ သို့သော် သူ​သည်​ကွယ်ပျောက်​သွား​၏​။ ကြည့်ရှု​လော့​။ သူ​မ​ရှိ​တော့​ပေ​။ သူ့​ကို ငါ​ရှာ​သော်လည်း မ​တွေ့​ရ​တော့​ပေ​။