ထာဝရဘုရားသည် သူ့ကို မိမိလက်တော်ဖြင့် ထောက်မတော်မူသောကြောင့် သူသည်လဲကျလျှင်လည်း ပြန်မထနိုင်တော့သည့်အဖြစ်သို့ ရောက်လိမ့်မည်မဟုတ်။ ငါသည် လူငယ်တစ်ဦးဖြစ်ခဲ့ပြီး ယခုအသက်ကြီးလေပြီ။ သို့သော် ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းခံရသည်ကိုလည်းကောင်း၊ သူ၏သားမြေးတို့သည် အစာတောင်းရမ်းနေကြရသည်ကိုလည်းကောင်း မတွေ့မမြင်ဖူးပေ။ သူသည် အစဉ်အမြဲသနားတတ်၍ ချေးငှားပေးတတ်၏။ သူ၏သားမြေးတို့သည်လည်း ကောင်းချီးမင်္ဂလာ ဖြစ်ကြ၏။ မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေထိုင်ရလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်တော်မူ၏။ မိမိ၏သန့်ရှင်းသူတို့ကိုလည်း စွန့်ပစ်တော်မမူ။ သူတို့သည် အစဉ်အမြဲစောင့်ရှောက်တော်မူခြင်းကို ခံရကြလိမ့်မည်။ ဆိုးယုတ်သောသူ၏သားမြေးတို့မူကား ဖယ်ရှားခြင်းခံကြရလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေဆက်ခံရ၍ ၎င်းတွင် ထာဝစဉ်နေထိုင်ရကြလိမ့်မည်။ ဖြောင့်မတ်သောသူ၏နှုတ်သည် ဉာဏ်ပညာစကားကိုမြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားမျှတသောစကားကိုပြောဆိုတတ်၏။ သူ့ဘုရားသခင်၏တရားတော်သည် သူ့စိတ်နှလုံးထဲ၌ရှိသည်ဖြစ်၍ သူသည် ခြေချော်ခြင်းရှိမည်မဟုတ်။ ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူကို စောင့်ကြည့်၍ သူ့ကိုသတ်ရန်ရှာကြံတတ်၏။ သို့သော် ထာဝရဘုရားသည် သူ့ကို ထိုဆိုးယုတ်သောသူ၏လက်ထဲ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ သူသည် တရားစီရင်ခြင်းခံရသောအခါ၌လည်း အပြစ်ရှိသည်ဟုစီရင်ခြင်းခံရမည်မဟုတ်။ ထာဝရဘုရားကိုစောင့်မျှော်၍ ကိုယ်တော်၏လမ်းကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်သည် ပြည်တော်ကိုအမွေဆက်ခံရရန် ကိုယ်တော်သည် သင့်ကိုချီးမြှောက်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့ဖယ်ရှားခြင်းခံရသည်ကို သင်မြင်ရလိမ့်မည်။ ဆိုးယုတ်၍ကြမ်းကြုတ်သောသူသည် မူရင်းဒေသပေါက် စိမ်းလန်းသောအပင်ကဲ့သို့ ပြန့်ကားကြီးထွားနေသည်ကို ငါမြင်ရ၏။ သို့သော် သူသည်ကွယ်ပျောက်သွား၏။ ကြည့်ရှုလော့။ သူမရှိတော့ပေ။ သူ့ကို ငါရှာသော်လည်း မတွေ့ရတော့ပေ။
ဆာလံကျမ်း 37 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 37
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 37:24-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ