YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 19:7-14

ဆာလံ 19:7-14 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် စုံ​လင်​သည်​ဖြစ်၍ စိတ်​ဝိ​ညာဉ်​ကို ပြု​ပြင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ သက်​သေ​ခံ​တော်​မူ​ချက်​သည် ဟုတ်​မှန်​သည်​ဖြစ်၍ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​နည်း​ဥ​ပ​ဒေ​သ​တို့​သည် ဖြောင့်​မတ်​သည်​ဖြစ်၍ စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​သည် စင်​ကြယ်​သည်​ဖြစ်၍၊ မျက်​စိ​ကို​ရှင်း​လင်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​သ​ဘော​သည် သန့်​ရှင်း​သည်​ဖြစ်၍၊ ကာ​လ​အ​စဉ်​အ​မြဲ​တည်၏။ ထာ​ဝ​ရ​ဘု​ရား၏ စီ​ရင်​တော်​မူ​ချက်​တို့​သည် သ​စ္စာ​တ​ရား​နှင့်​ညီ၍၊ တ​ညီ​တ​ညွတ်​တည်း ဖြောင့်​မတ်​ကြ၏။ ရွှေ​ထက်​မ​က၊ များ​စွာ​သော​ရွှေ​စင်​ထက် နှစ်​သက်​ဖွယ်​ဖြစ်၍၊ ပျား​ရည်​ထက်​မ​က၊ ပျား​လ​ပို့​ထက်​ချို​ကြ၏။ တ​ရား​တော်​အား​ဖြင့် ကိုယ်​တော်၏​ကျွန်​သည် သ​တိ​ရ၍၊ တ​ရား​စောင့်​ခြင်း​အ​ကျိုး​သည် ကြီး​လှ​ပါ၏။ မိ​မိ​မှား​ယွင်း​ခြင်း​ကို အ​ဘယ်​သူ​သည် နား​လည်​နိုင်​သ​နည်း။ မ​ထင်​ရှား​သော​ဒု​စ​ရိုက်​အ​ပြစ်​နှင့် အ​ကျွန်ုပ်​ကို ကင်း​စင်​စေ၍၊ ရဲ​ရင့်​သော​ဒု​စ​ရိုက်​ကို​လည်း ကိုယ်​တော်၏​ကျွန်​သည် မ​ပြု​ရ​မည်​အ​ကြောင်း ဆီး​တား​တော်​မူ​ပါ။ ဒု​စ​ရိုက်​အ​ပြစ်​သည် အ​ကျွန်ုပ်​ကို အ​စိုး​မ​ရ​ပါ​စေ​နှင့်။ ထို​သို့​သော​အား​ဖြင့် အ​ကျွန်ုပ်​သည်​ဖြောင့်​မတ်​ခြင်း​ရှိ၍၊ ကြီး​စွာ​သော​ပြစ်​မှား​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​ပြော​သော​စ​ကား​နှင့် စိတ်​နှ​လုံး၏​အ​ကြံ​အ​စည်​သည် ရှေ့​တော်၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။ အို​ထာ​ဝ​ရ​ဘု​ရား အ​ကျွန်ုပ်၏​ကျောက်၊ အ​ကျွန်ုပ်​ကို​ရွေး​နုတ်​တော်​မူ​သော​ဘု​ရား။

ဆာလံ 19:7-14 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည်​ပြီး​ပြည့် စုံ​လင်​အောင်​ကောင်း​မြတ်​သည်​ဖြစ်​၍​စိတ်​ဝိ​ညာဉ် ကို ပြန်​လည်​သစ်​လွင်​လန်း​ဆန်း​စေ​တတ်​၏။ ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ချက်​တို့​သည် အား​ကိုး​အား​ထား​ထိုက်​သည်​ဖြစ်​၍ မ​လိမ္မာ​သူ​တို့​ကို​လိမ္မာ​စေ​တတ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​နည်း​ဥ​ပ​ဒေ​တို့​သည် မှန်​ကန်​သည်​ဖြစ်​၍​လိုက်​နာ​စောင့်​ထိန်း​သူ တို့​၏ စိတ်​ကို​ရွှင်​လန်း​စေ​တတ်​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​တ​ရား မျှ​တ​သည် ဖြစ်​၍​စိတ်​နှ​လုံး​ကို​အ​သိ​ဉာဏ်​ပေး​တတ်​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ထာ​ဝ​စဉ်​တည်​မြဲ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​သည်​ဖြစ်​၍​ကာ​လ​အ​စဉ်​တ​ရား မျှ​တ​ပေ​၏။ ယင်း​တို့​သည်​ရွှေ​ထက်​မ​က၊အ​ကောင်း​ဆုံး ရွှေ​ထက် ပို​မို​နှစ်​သက်​ဖွယ်​ဖြစ်​၏။ ယင်း​တို့​သည်​ပျား​ရည်​ထက်​မ​က၊အ​စစ်​ဆုံး ပျား​ရည်​ထက်​ပို​၍​ချို​ကြ​၏။ ကိုယ်​တော်​၏​ကျွန်​ဖြစ်​သူ​ကျွန်​တော်​မျိုး​အား ထို​စီ​ရင်​တော်​မူ​ချက်​များ​က​အ​သိ​ဉာဏ်​ကို ပေး​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​လိုက်​နာ စောင့်​ထိန်း​သည်​ဖြစ်​၍​အ​ကျိုး​ကျေး​ဇူး​များ​ကို ခံ​ယူ​ရ​ရှိ​ပါ​၏။ အ​ဘယ်​သူ​မျှ​မိ​မိ​၏​အ​မှား​အ​ယွင်း​များ​ကို မ​မြင်​နိုင်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ မ​ထင်​ရှား​သည့်​အ​ပြစ်​များ​နှင့်​ကျွန်​တော်​မျိုး​အား ကင်း​စင်​စေ​တော်​မူ​ပါ။ တ​မင်​တ​ကာ​ကြံ​ရွယ်​ချက်​ဖြင့်​ပြု​သည့်​အ​ပြစ် ဒု​စ​ရိုက်​များ​နှင့်​လည်း​ကင်း​စင်​စေ​တော်​မူ​ပါ။ ထို​ဒု​စ​ရိုက်​တို့​သည်​ကျွန်​တော်​မျိုး​အား အ​စိုး​မ​ရ​ပါ​စေ​နှင့်။ သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​သည် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဖြစ်​လျက်​အ​ပြစ် ဒု​စ​ရိုက်​နှင့် ကင်း​စင်​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​ရွေး​နုတ်​တော်​မူ​သော အ​ရှင်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​နှုတ်​ထွက်​စ​ကား​များ​နှင့် စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​သည်​ရှေ့​တော် ၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။

ဆာလံ 19:7-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​တရားတော်​သည် ပြည့်ဝစုံလင်​၍ စိတ်ဝိညာဉ်​ကို​လန်းဆန်း​စေ​၏​။ ထာဝရဘုရား​၏​သက်သေခံချက်​သည် ယုံကြည်​စိတ်ချ​ရ​၍ အသိပညာ​နည်းပါး​သော​သူ​တို့​ကို ပညာရှိ​စေ​၏​။ ထာဝရဘုရား​၏​ဥပဒေသ​တို့​သည် ဖြောင့်မှန်​၍ စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​၏​။ ထာဝရဘုရား​၏​ပညတ်တော်​သည် သန့်ရှင်း​၍ မျက်စိ​ကို​အလင်းပေး​၏​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် စင်ကြယ်​၍ ထာဝရ​တည်​၏​။ ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် မှန်ကန်​၍ တညီတညွတ်တည်း​ဖြောင့်မတ်​ကြ​၏​။ ၎င်း​တို့​သည် ရွှေ​ထက်​မက များစွာ​သော​ရွှေစင်​ထက်​ပင် နှစ်လိုဖွယ်​ဖြစ်​ပြီး ပျားရည်​ထက်​မက ပျားလပို့​မှ​ပျားရည်​ထက်ပင် ချိုမြိန်​၏​။ ၎င်း​တို့​အားဖြင့် ကိုယ်တော်​၏​အစေအပါး​သည် သတိပေး​ခြင်း​ကို​ခံရ​ပါ​၏​။ ၎င်း​တို့​ကို​စောင့်ထိန်း​ခြင်း​အကျိုး​သည် ကြီးမား​လှ​ပါ​၏​။ မည်သူ​သည် မိမိ​၏​အမှား​များ​ကို သိနားလည်​နိုင်​ပါ​သနည်း​။ ကွယ်ဝှက်​နေ​သော​အပြစ်​များ​နှင့် အကျွန်ုပ်​ကို​ကင်းလွတ်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​အစေအပါး​ကို တမင်​ကျူးလွန်​သော​အပြစ်​များ​နှင့်​လည်း ကင်းဝေး​စေ​တော်မူ​ပါ​။ ထို​အပြစ်​များ​သည် အကျွန်ုပ်​ကို​မ​စိုးမိုး​ပါစေ​နှင့်​။ သို့မှသာ အကျွန်ုပ်​သည် အပြစ်ကင်း​၍ ကြီးမား​သော​အပြစ်​ကျူးလွန်​ခြင်း​နှင့် ကင်းလွတ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​၏​ကျောက်ဆောင်​၊ အကျွန်ုပ်​ကို​ရွေးနုတ်​တော်မူ​သော​အရှင် အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​နှုတ်ထွက်​စကား​များ​နှင့် အကျွန်ုပ်​စိတ်နှလုံး​၏​အတွေးအကြံ​သည် ရှေ့​တော်​၌​နှစ်သက်​ဖွယ်​ဖြစ်​ပါစေသော​။