ဆာလံ 16:5-6
ဆာလံ 16:5-6 Judson Bible (JBMLE)
ထာဝရဘုရားသည် ငါအမွေခံရာအဖို့၊ ငါစားသောက်ရာအဖို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။ ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီ။
ဆာလံ 16:5-6 Common Language Bible (BCL)
အို ထာဝဘုရား၊ ကျွန်တော်မျိုးမှီခိုရာကိုယ်တော်ရှင်တစ်ပါး သာလျှင် ရှိပါ၏။ ကျွန်တော်မျိုးလိုသောအရာရှိသမျှတို့ကိုလည်း ကိုယ်တော်ရှင်ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏အနာဂတ်သည်ကိုယ်တော်၏ လက်ဝယ်ရှိပါ၏။ ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပေးတော်မူသော ဆုကျေးဇူးတော်များသည် အံ့သြဖွယ်ကောင်းလှပါသည်။ ယင်းတို့သည်ကောင်းမြတ်လှပါသည်တကား။
ဆာလံ 16:5-6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားသည် ငါခွဲဝေရရှိထားသောငါ၏ဝေစု၊ ငါ၏ခွက်ဖလားဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ရရှိမည့်အမွေဝေစုကို ထိန်းသိမ်းပေးထားတော်မူ၏။ ငါ့အတွက်သတ်မှတ်ထားသောနယ်မြေသည် နှစ်လိုဖွယ်ကောင်းသောအရပ်တို့၌ ကျလေပြီ။ အမှန်ပင် သာယာကြည်နူးဖွယ်ကောင်းသော အမွေကို ငါခံရလေပြီ။