YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 16

16
ဘု​ရား​ရှင်ကိုကိုး​စား​ခြင်း
1အ​ကျွန်ုပ်​ကို စောင့်​မ​တော်​မူ​ပါ​ဘု​ရား။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ 2ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို အ​ကျွန်ုပ်​လျှောက်​ဆို​ပါ​ပြီ။ ကျေး​ဇူး​တော်​မှ​တစ်​ပါး အ​ခြား​သော​မင်္ဂ​လာ​သည် အ​ကျွန်ုပ်၌ မ​ရှိ​ပါ။ 3ပြည်​တော်၌​နေ​သော​သန့်​ရှင်း​သူ​နှင့် ထူး​ဆန်း​သော​သူ​တို့​ကို​သာ နှစ်​သက်​ပါ၏။ 4အ​ခြား​သော​လမ်း​သို့ လိုက်​ပြေး​သော​သူ​တို့​သည် များ​စွာ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​အ​သွေး​ကို မ​လှူ​မ​ဆက်​လို။ သူ​တို့​ဘု​ရား၏​နာ​မ​ကို မ​မြွက်​လို။ 5ထာ​ဝ​ရ​ဘု​ရား​သည် ငါ​အ​မွေ​ခံ​ရာ​အ​ဖို့၊ ငါ​စား​သောက်​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​မွေ​အ​နှစ်​ကို စောင့်​ရှောက်​တော်​မူ၏။ 6ငါ​ပိုင်​ထိုက်​သော နယ်​နိ​မိတ်​သည် သာ​ယာ​သော​အ​ရပ်​တွင်​ကျ၍၊ ကောင်း​မွန်​သော အ​မွေ​ကို ငါ​ခံ​ရ​ပြီ။
7ငါ့​ကို​ပြု​စု​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ည​အ​ချိန်၌​ပင် ငါ့​နှ​လုံး​သည် ငါ့​ကို​နှိုး​ဆော်​တတ်၏။ 8ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ် မျက်​မှောက်​ပြု၏။ အ​ကြောင်း​မူ​ကား၊ ငါ​လက်​ယာ​ဘက်၌ တည်​ရှိ​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လှုပ်​ရှား​ခြင်း​မ​ရှိ​ရ။ ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည်​သာ​ယာ​ခြင်း၊ 9ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး၊ ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။ 10အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌ ပစ်​ထား​တော်​မ​မူ။ ကိုယ်​တော်၏ သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​စပ်​ခြင်း​ကို​ရှိ​စေ​တော်​မ​မူ​ဘဲ​လျက်၊#တ၊ ၁၃:၃၅။ 11အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ အ​ထံ​တော်၌ စုံ​လင်​သော​ဝမ်း​မြောက်​ခြင်း​အ​ခွင့်​နှင့် လက်​ယာ​တော်​နား​မှာ အ​စဉ်​အ​မြဲ​ပျော်​မွေ့​ခြင်း​အ​ခွင့်​ရှိ​ပါ၏။#တ၊ ၂:၂၅-၂၈။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။