YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 147:1-20

ဆာလံ 147:1-20 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကောင်း​သည်​ဖြစ်၍၊ ချီး​မွမ်း​ကြ​လော့။ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ခြင်း​သည် သာ​ယာ​လျောက်​ပတ်​သည်​ဖြစ်၍၊ ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တည်​ဆောက်၍၊ အ​ဝေး​သို့​နှင်​လိုက်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​တော်​မူ၏။ စိတ်​ကြေ​မွ​သော​သူ​တို့​ကို နှစ်​သိမ့်​စေ၍၊ သူ​တို့၏​အ​နာ​ကို ကု​တော်​မူ၏။ ကြယ်​များ​ကို​ရေ​တွက်၍ အ​သီး​အ​သီး​တို့​ကို သ​မုတ်​တော်​မူ၏။ ငါ​တို့၏​ဘု​ရား​ရှင်​သည် ကြီး​မြတ်​တော်​မူ၏။ တန်​ခိုး​တော်​လည်း​ကြီး၏။ ဉာဏ်​တော်​သည် အ​န​န္တ​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို ကြွ​ပင့်၍၊ မ​တ​ရား​သော သူ​တို့​ကို​ကား၊ မြေ​ပေါ်​မှာ​လှဲ​တော်​မူ၏။ ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သီ​ချင်း​ဆို​ကြ​လော့။ စောင်း​တီး၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ ကောင်း​ကင်​ကို မိုး​တိမ်​များ​နှင့် ဖုံး​လွှမ်း​သ​ဖြင့်၊ မြေ​ကြီး​ဖို့ မိုး​ရေ​ကို​ပြင်​ဆင်၍၊ တောင်​များ​ပေါ်​မှာ မြက်​ပင်​ကို ပေါက်​စေ​တော်​မူ၏။ မြည်​တတ်​သော​ကျီး​ကန်း​က​လေး​မှ​စ၍၊ တိ​ရ​စ္ဆာန်​များ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ မြင်း၏​ခွန်​အား​နှင့် လူ၏​လျင်​မြန်​ခြင်း​ကို အား​ရ​နှစ်​သက်​တော်​မူ​ခြင်း​မ​ရှိ။ ကြောက်​ရွံ့​သော​သူ​နှင့် က​ရု​ဏာ​တော်​ကို​မျှော်​လင့်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ၏။ အို​ယေ​ရု​ရှ​လင်​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​လော့။ အို​ဇိ​အုန်​မြို့၊ သင်၏​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လော့။ အ​ကြောင်း​မူ​ကား၊ သင်၏​တံ​ခါး​ကန့်​လန့်​တို့​ကို ခိုင်​မာ​စေ၍၊ သင်၏​အ​ထဲ​မှာ သား​သ​မီး​များ​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ သင်၏ ပြည်​စွန်း​ပြည်​နား​မှာ အ​မှု​အ​ရေး​ကို​ငြိမ်း​စေ၍၊ အ​ကောင်း​ဆုံး​သော​စ​ပါး​နှင့် သင့်​ကို​ဝ​စွာ ကျွေး​မွေး​တော်​မူ၏။ မြေ​ကြီး​ပေါ်​သို့ ဗျာ​ဒိတ်​တော်​ကို​လွှတ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​သည် အ​လျင်​အ​မြန်​ပြေး​တတ်​ပါ၏။ မိုး​ပွင့်​ကို သိုး​မွေး​ကဲ့​သို့ ချ​တော်​မူ၏။ နှင်း​ခဲ​ကို​လည်း ပြာ​ကဲ့​သို့ ဆွတ်​ဖြူ​တော်​မူ၏။ မိ​မိ​မိုး​သီး​ကို စား​နုတ်​စား​ပေါက်​ကဲ့​သို့ လွှတ်​တော်​မူ၍၊ ချမ်း​စေ​တော်​မူ​ခြင်း​ကို အ​ဘယ်​သူ​ခံ​နိုင်​သ​နည်း။ တစ်​ဖန် နှုတ်​က​ပတ်​တော်​ကို​လွှတ်၍၊ ထို​မိုး​ပွင့်​အ​စ​ရှိ​သည်​တို့​ကို အ​ရည်​ကျို​တော်​မူ၏။ မိ​မိ​လေ​ကို လာ​စေ​တော်​မူ​သ​ဖြင့်၊ ရေ​တို့​သည် စီး​ကြ၏။ နှုတ်​က​ပတ်​အ​မိန့်​တော်​ကို ယာ​ကုပ်​အ​မျိုး၌​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​များ​ကို ဣ​သ​ရေ​လ​အ​မျိုး၌​လည်း​ကောင်း ဖော်​ပြ​တော်​မူ၏။ အ​ခြား​တစ်​ပါး​သော အ​မျိုး​သား​တို့၌ ထို​သို့​ပြု​တော်​မ​မူ။ စီ​ရင်​တော်​မူ​ချက်​များ​ကို သူ​တို့​မ​သိ​ရ​ကြ။ ဟာ​လေ​လု​ယ။

ဆာလံ 147:1-20 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​အား​ထော​မ​နာ သီ​ချင်း​ဆို​ခြင်း​သည်​မွန်​မြတ်​ပါ​ပေ​သည်။ ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​ရ​ခြင်း​သည် မှန်​ကန်​လျောက်​ပတ်​ဖွယ်​ကောင်း​ပါ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ပြန်​လည်​ထူ​ထောင်​လျက်​တိုင်း​တစ်​ပါး​တွင် နေ​ကြ​ရ​သူ ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​လည် ခေါ်​ဆောင်​လာ​တော်​မူ​၏။ စိတ်​နှလုံး​ကြေ​ကွဲ​သူ​တို့​ကို​နှစ်​သိမ့်​စေ​တော် မူ​၍ သူ​တို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​ပတ်​စည်း တော်​မူ​၏။ ကိုယ်​တော်​သည်​ကြယ်​တာ​ရာ​များ​၏​အ​ရေ အ​တွက်​ကို သတ်​မှတ်​တော်​မူ​၍​ကြယ်​တစ်​လုံး​စီ​ကို​နာ​မည် မှည့်​ခေါ်​တော်​မူ​၏။ ငါ​တို့​၏​ဘု​ရား​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​၏။ ကိုယ်​တော်​၏​ဉာဏ်​ပ​ညာ​တော်​ကို​တိုင်း​ထွာ​၍ မ​ရ​နိုင်​ပါ။ ကိုယ်​တော်​သည်​နိမ့်​ကျ​သူ​တို့​ကို​ထူ​ပင့်​တော် မူ​၍ ယုတ်​မာ​သူ​တို့​ကို​မူ​မြေ​သို့​တိုင်​အောင်​လဲ​ကျ စေ​တော်​မူ​၏။ ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၍​ထာ​ဝ​ရ ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ စောင်း​ကို​တီး​၍​ဂီ​တ​သံ​ဖြင့်​ငါ​တို့​ဘု​ရား အား ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း​ကင်​ပြင်​ကို​မိုး​တိမ် များ​ဖြင့် ဖုံး​လွှမ်း​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​စေ​တော်​မူ​၍ တောင်​ကုန်း​များ​တွင်​မြက်​များ​ကို​ပေါက်​စေ တော်​မူ​၏။ ကိုယ်​တော်​သည်​တိ​ရစ္ဆာန်​များ​အား အ​စာ​ရေ​စာ​ကို​ပေး​တော်​မူ​၏။ ကျီး​သား​ငယ်​တို့​အော်​သော​အ​ခါ ကျွေး​မွေး​တော်​မူ​၏။ ကိုယ်​တော်​သည်​ခွန်​အား​ကြီး​မား​သော​မြင်း​တို့ ကို​သော်​လည်း​ကောင်း၊ ရဲ​စွမ်း​သတ္တိ​ရှိ​သော​စစ်​သည်​တို့​ကို​လည်း​ကောင်း နှစ်​သက်​တော်​မူ​သည်​မဟုတ်။ သို့​ရာ​တွင်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ​များ၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သူ​များ ကို နှစ်​သက်​တော်​မူ​ပေ​သည်။ အို ယေ​ရု​ရှ​လင်​မြို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​လော့။ အို ဇိ​အုန်​မြို့၊သင်​၏​ဘု​ရား​ကို​ထော​မ​နာ​ပြု လော့။ ကိုယ်​တော်​သည်​သင်​၏​မြို့​တံ​ခါး​ကို​ခိုင်​ခံ့ စေ​တော်​မူ​၍ သင်​၏​မြို့​သူ​မြို့​သား​တို့​ကို​ကောင်း​ချီး​ပေး တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​၏​မြို့​တံ​ခါး​ကို​ဘေး​မဲ့ လုံ​ခြုံ​စွာ​ထား​တော်​မူ​၍ သင့်​အား​အ​ကောင်း​ဆုံး​သော​ဂျုံ​ဆန်​ဖြင့် ရောင့်​ရဲ​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​အား အ​မိန့်​ပေး​တော်​မူ​၏။ ထို​အ​မိန့်​တော်​အ​တိုင်း​လျင်​မြန်​စွာ​ဖြစ် ပျက်​လာ​၏။ ကိုယ်​တော်​သည်​သိုး​မွေး​သ​ဖွယ်​ထူ​ထပ်​သော မိုး​ပွင့်​များ​ကို​ကျ​စေ​တော်​မူ​၍ ပြာ​မှုန့်​သ​ဖွယ်​ဆီး​နှင်း​ခဲ​များ​ကို​ကြဲ​ချ တော်​မူ​၏။ ကိုယ်​တော်​သည်​မိုး​သီး​များ​ကို​မုန့်​ကျိုး မုန့်​ပဲ့​များ​သ​ဖွယ်​ကျ​စေ​တော်​မူ​၏။ ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​လိုက်​သည့် အ​အေး​ဋ္ဌာတ်​ကို​အ​ဘယ်​သူ​မျှ​မ​ခံ နိုင်​ပေ။ ထို​နောက်​ကိုယ်​တော်​သည်​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ရေ​ခဲ​သည်​အ​ရည်​ပျော်​လေ​၏။ လေ​ကို​တိုက်​စေ​တော်​မူ​သ​ဖြင့် ရေ​သည်​စီး​ဆင်း​လေ​၏။ ကိုယ်​တော်​သည်​နှုတ်​က​ပတ်​တော်​ကို​မိ​မိ လူ​စု​တော်​အား​လည်း​ကောင်း၊ အ​ထုံး​အ​ဖွဲ့​တော်​နှင့်​ပ​ညတ်​တော်​များ​ကို ဣသ​ရေ​လ​အား​လည်း​ကောင်း​ပေး​အပ်​တော် မူ​၏။ ကိုယ်​တော်​သည်​အ​ခြား​လူ​မျိုး​တို့​အ​တွက် ဤ​သို့​ပြု​တော်​မ​မူ။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​များ​ကို မ​သိ​ရ​ကြ။

ဆာလံ 147:1-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဟာလေလုယ​။ ငါ​တို့​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​ခြင်း​သည် အမှန်ပင်​ကောင်းမြတ်​ပေ​၏​။ ကိုယ်တော်​ကို​ချီးမွမ်း​ခြင်း​သည် သင့်လျော်​၍ အမှန်ပင်​နှစ်လို​ဖွယ်​ကောင်း​၏​။ ထာဝရဘုရား​သည် ဂျေရုဆလင်​မြို့​ကို တည်ဆောက်​၍ နှင်ထုတ်​ခြင်း​ခံရ​သော​အစ္စရေး​လူမျိုး​ကို စုဝေး​စေ​တော်မူ​၏​။ ကိုယ်တော်​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​ကို ကျန်းမာ​စေ​၍ သူ​တို့​၏​ဒဏ်ရာ​များ​ကို ပတ်စည်း​ပေး​တော်မူ​၏​။ ကိုယ်တော်​သည် ကြယ်​တို့​၏​အရေအတွက်​ကို သတ်မှတ်​၍ ၎င်း​တို့​အားလုံး​ကို အမည်​ပေး​တော်မူ​၏​။ ငါ​တို့​၏​အရှင်​သည် ကြီးမြတ်​တော်မူ​၏​။ တန်ခိုး​တော်​လည်း ကြီးမား​တော်မူ​၏​။ ကိုယ်တော်​၏​ထိုးထွင်းဉာဏ်​သည် အနန္တ​ဖြစ်​၏​။ ထာဝရဘုရား​သည် စိတ်နှိမ့်ချ​သော​သူ​တို့​ကို စောင်မ​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​ကို မြေပြင်​အထိ​နိမ့်ကျ​စေ​တော်မူ​၏​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ထာဝရဘုရား​ထံ တေးဖွဲ့​သီဆို​ကြ​လော့​။ စောင်း​တီး​၍ ငါ​တို့​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​သည် ကောင်းကင်​ကို​တိမ်တိုက်​များ​ဖြင့် ဖုံးလွှမ်း​လျက် မြေကြီး​အတွက် မိုးရေ​ကို​ပြင်ဆင်​၍ တောင်​များ​ပေါ်၌ မြက်ပင်​ကို​ပေါက်​စေ​တော်မူ​၏​။ တိရစ္ဆာန်​မှစ၍ အော်မြည်​သော ကျီးကန်း​ကလေး​တို့​အား အစာ​ကို​ပေး​တော်မူ​၏​။ ကိုယ်တော်​သည် မြင်း​၏​ခွန်အား​ကို အလိုရှိ​တော်​မ​မူ​။ လူ​၏​ခြေ​တို့​ကို နှစ်သက်​တော်​မ​မူ​။ ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​များ​နှင့် မိမိ​၏​မေတ္တာကရုဏာ​တော်​ကို မျှော်လင့်ကိုးစား​သော​သူ​များ​ကို နှစ်သက်​တော်မူ​၏​။ အို ဂျေရုဆလင်​၊ ထာဝရဘုရား​ကို​ထောမနာပြု​လော့​။ အို ဇိအုန်​၊ သင်​၏​ဘုရားသခင်​ကို​ချီးမွမ်း​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် သင်​၏​မြို့​တံခါး​ကန့်လန့်ကျင်​တို့​ကို ခိုင်ခံ့​စေ​၍ သင့်​အထဲ​၌​ရှိ​သော သင်​၏​သားသမီး​တို့​ကို ကောင်းချီးပေး​တော်မူ​၏​။ ကိုယ်တော်​သည် သင်​၏​နယ်နိမိတ်​ထဲ၌ ငြိမ်းချမ်းမှု​ရှိ​စေ​၍ အကောင်းဆုံး​သော​ဂျုံဆန်​ဖြင့် သင့်​ကို​ဝပြော​စေ​တော်မူ​၏​။ ကိုယ်တော်​သည် မိမိ​၏​မိန့်​တော်မူ​ချက်​ကို ကမ္ဘာမြေကြီး​ပေါ်သို့ စေလွှတ်​တော်မူ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် လျင်မြန်​စွာ​ပြေး​တတ်​၏​။ ကိုယ်တော်​သည် နှင်းပွင့်​ကို သိုးမွေး​ကဲ့သို့​ချထား​တော်မူ​၏​။ နှင်းခဲ​ကို ပြာ​ကဲ့သို့​ပြန့်ကြဲ​စေ​တော်မူ​၏​။ မိမိ​၏​မိုးသီး​ကို မုန့်အစအန​များ​ကဲ့သို့ ပစ်ချ​တော်မူ​၏​။ ကိုယ်တော်​ချမ်းအေး​စေ​တော်မူ​ခြင်း​ကို မည်သူ​ခံနိုင်​မည်နည်း​။ ကိုယ်တော်​သည် မိမိ​၏​နှုတ်ကပတ်တော်​ကို​စေလွှတ်​၍ ၎င်း​တို့​ကို အရည်ပျော်​စေ​တော်မူ​၏​။ မိမိ​၏​လေ​ကို​တိုက်​စေ​တော်မူ​သောအခါ ရေ​တို့​သည် စီးဆင်း​ကြ​၏​။ ကိုယ်တော်​သည် မိမိ​၏​နှုတ်ကပတ်တော်​ကို ယာကုပ်​အမျိုး​အား​လည်းကောင်း​၊ မိမိ​၏​ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကို အစ္စရေး​လူမျိုး​အား​လည်းကောင်း ဖွင့်ပြ​တော်မူ​၏​။ ကိုယ်တော်​သည် မည်သည့် လူမျိုးခြား​၌​မျှ ဤကဲ့သို့​ပြု​တော်​မ​မူ​ခဲ့​ပေ​။ ထို​လူမျိုးခြား​တို့​သည် ကိုယ်တော်​၏ စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​သိ​ကြ​ပေ​။ ဟာလေလုယ​။