YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 145:3-9

ဆာလံ 145:3-9 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍ အ​လွန်​ချီး​မွမ်း​ဖွယ် ဖြစ်​တော်​မူ၏။ ကြီး​မြတ်​တော်​မူ​ခြင်း​ကို စစ်၍​မ​ကုန်​နိုင်။ အ​မှု​တော်​တို့​ကို လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ချီး​မွမ်း၍၊ တန်​ခိုး​တော်​များ​ကို ဟော​ပြော​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို​လည်း​ကောင်း မြွက်​ဆို​ပါ​မည်။ သူ​တို့​သည် ကြောက်​မက်​ဖွယ်​သော အ​မှု​တော်​တို့၌​ပါ​သော တန်​ခိုး​ကို​မြွက်​ဆို၍၊ အ​ကျွန်ုပ်​သည်​လည်း၊ ကြီး​မြတ်​တော်​မူ​ခြင်း အ​ကြောင်း​ကို ကြား​ပြော​ပါ​မည်။ သူ​တို့​သည် အ​လွန်​ကောင်း​မြတ်​တော်​မူ​ခြင်း​ကို အောက်​မေ့​ဖို့​ရာ မြွက်​ဆို၍၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ရာ​ကို ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ သ​နား​စုံ​မက်​တတ်​သော​သ​ဘော​နှင့် ပြည့်​စုံ၍၊ ခ​န္တီ​တော်​နှင့် က​ရု​ဏာ​တော်​သည် အ​လွန်​ကြွယ်​ဝ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော​ရှိ၍၊ ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။

ဆာလံ 145:3-9 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ထော​မ​နာ​ပြု​ခြင်း​ကို​အ​လွန်​ခံ​ထိုက်​တော်​မူ​၏။ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဆင်​ခြင်​တိုင်း​ထွာ​၍ မ​ရ​နိုင်။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​ကို လူ​တို့​သည်​သား​စဉ်​မြေး​ဆက်​ထော​မ​နာ​ပြု ပါ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော မ​ဟာ​အ​မှု​တော်​တို့​ကို​ထုတ်​ဖော်​ကြေ​ညာ ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ တော်​နှင့် အာ​နု​ဘော်​တော်​ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​တို့​ကို​စဉ်း​စား​ဆင်​ခြင် ပါ​မည်။ လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော မ​ဟာ​အ​မှု​တော်​တို့​ကို​ကြား​ပြော​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​သည်​လည်း​ကိုယ်​တော်​ရှင်​၏ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေညာ​ပါ​မည်။ သူ​တို့​သည်​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို မြွက်​ဆို​၍​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​တော်​မူ​၍ ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ကြွယ်​ဝ​တော် မူ​၏။ ကိုယ်​တော်​သည်​လူ​တိုင်း​ကို​ကျေး​ဇူး​ပြု​တော် မူ​၍ မိ​မိ​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​သတ္တ​ဝါ​တို့ အား က​ရု​ဏာ​ထား​တော်​မူ​၏။

ဆာလံ 145:3-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ အလွန်​ချီးမွမ်းဖွယ်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ကြီးမြတ်​တော်မူ​ခြင်း​ကို စူးစမ်း​၍​မ​ကုန်​နိုင်​။ မျိုးဆက်​တစ်​ဆက်​သည် နောက်​မျိုးဆက်​တစ်​ဆက်​အား ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ထောမနာပြု​ပြောဆို​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ အကြောင်း​ကို​လည်း ပြောကြား​ပါ​လိမ့်မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏ ဘုန်းကျက်သရေ​နှင့်​ဆိုင်​သည့် ဘုန်းအသရေ​ခန့်ညားထည်ဝါမှု​ကို​လည်းကောင်း​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း ဆင်ခြင်အောက်မေ့​ပါ​မည်​။ သူ​တို့​သည် ကိုယ်တော်​၏​အံ့ဩ​ဖွယ်​ကောင်း​သော တန်ခိုး​တော်​အကြောင်း​ကို ပြောဆို​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​သည်​လည်း ကိုယ်တော်​၏ ကြီးမြတ်​တော်မူ​ခြင်း​အကြောင်း​ကို ပြောကြား​ပါ​မည်​။ သူ​တို့​သည် ကိုယ်တော်​၏ ကြွယ်ဝ​သော​ကောင်းမြတ်​ခြင်း​နှင့်​ဆိုင်​သည့် အောက်မေ့စရာ​ကို မြွက်ဆို​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အကြောင်း​ကို ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါ​လိမ့်မည်​။ ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​၏​။ စိတ်ရှည်​၍ မေတ္တာကရုဏာ​ကြီးမား​တော်မူ​၏​။ ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​တို့​အပေါ် ကောင်းမြတ်​တော်မူ​၏​။ မိမိ​ပြုလုပ်​ဖန်ဆင်း​သော​အရာ​အားလုံး​ကို​လည်း သနားစုံမက်​တော်မူ​၏​။