YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 145:3-9

ဆာလံကျမ်း 145:3-9 MSBU

ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ အလွန်​ချီးမွမ်းဖွယ်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ကြီးမြတ်​တော်မူ​ခြင်း​ကို စူးစမ်း​၍​မ​ကုန်​နိုင်​။ မျိုးဆက်​တစ်​ဆက်​သည် နောက်​မျိုးဆက်​တစ်​ဆက်​အား ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ထောမနာပြု​ပြောဆို​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ အကြောင်း​ကို​လည်း ပြောကြား​ပါ​လိမ့်မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏ ဘုန်းကျက်သရေ​နှင့်​ဆိုင်​သည့် ဘုန်းအသရေ​ခန့်ညားထည်ဝါမှု​ကို​လည်းကောင်း​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း ဆင်ခြင်အောက်မေ့​ပါ​မည်​။ သူ​တို့​သည် ကိုယ်တော်​၏​အံ့ဩ​ဖွယ်​ကောင်း​သော တန်ခိုး​တော်​အကြောင်း​ကို ပြောဆို​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​သည်​လည်း ကိုယ်တော်​၏ ကြီးမြတ်​တော်မူ​ခြင်း​အကြောင်း​ကို ပြောကြား​ပါ​မည်​။ သူ​တို့​သည် ကိုယ်တော်​၏ ကြွယ်ဝ​သော​ကောင်းမြတ်​ခြင်း​နှင့်​ဆိုင်​သည့် အောက်မေ့စရာ​ကို မြွက်ဆို​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အကြောင်း​ကို ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါ​လိမ့်မည်​။ ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​၏​။ စိတ်ရှည်​၍ မေတ္တာကရုဏာ​ကြီးမား​တော်မူ​၏​။ ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​တို့​အပေါ် ကောင်းမြတ်​တော်မူ​၏​။ မိမိ​ပြုလုပ်​ဖန်ဆင်း​သော​အရာ​အားလုံး​ကို​လည်း သနားစုံမက်​တော်မူ​၏​။

​ဆာလံကျမ်း 145:3-9 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။