YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 136:1-26

ဆာလံ 136:1-26 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ဘု​ရား​တို့၏​အ​ရှင်၊ ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ရှင်​တို့၏​သ​ခင်၊ ဘု​ရား​ရှင်၏​က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို တစ်​ပါး​တည်း​သာ ပြု​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ပ​ညာ​တ​ရား​အ​တိုင်း ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ရေ​ပေါ်​မှာ မြေ​ကြီး​ကို ဖြန့်​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ အ​လင်း​အိမ်​ကြီး​တို့​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ နေ့​ကို​အုပ်​စိုး​ရ​သော နေ​ကို​လည်း​ကောင်း၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ည​ကို​အုပ်​စိုး​ရ​သော လ​နှင့် ကြယ်​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အဲ​ဂု​တ္တု​ပြည်​မှာ သား​ဦး​များ​ကို ဒဏ်​ခတ်​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အား​ကြီး​သော​လက်၊ ဆန့်​သော​လက်​ရုံး​တော်​ကို လက်​နက်​ပြု​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​သား​တို့ အ​ထဲ​က ထုတ်​ဆောင်​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဧ​ဒုံ​ပင်​လယ်​ကို အ​ပိုင်း​ပိုင်း​ခွဲ​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ပင်​လယ်​အ​လယ်၌ ဣ​သ​ရေ​လ​အ​မျိုး​ကို လျှောက်​သွား​စေ​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဖာ​ရော​မင်း​နှင့် ဗိုလ်​ခြေ​များ​ကို ဧ​ဒုံ​ပင်​လယ်​ထဲ၌ လှဲ​ချ​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ မိ​မိ​လူ​စု​ကို​တော၌ ပို့​ဆောင်​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ကြီး​သော​ဘု​ရင်​တို့​ကို ဒဏ်​ခတ်​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ အာ​မော​ရိ​ပြည်​ကို အ​စိုး​ရ​သော ရှိ​ဟုန်​မင်း​ကို​လည်း​ကောင်း၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဗာ​ရှန်​ပြည်​ကို​အ​စိုး​ရ​သော ဩ​ဃ​မင်း​ကို​လည်း​ကောင်း၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဘုန်း​ကြီး​သော​ဘု​ရင်​များ​ကို​လည်း​ကောင်း လုပ်​ကြံ​တော်​မူ​ထ​သော၊ က​ရု ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ သူ​တို့​နေ​ရာ​မြေ​ကို လွှဲ​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ မိ​မိ​ကျွန် ဣ​သ​ရေ​လ​အ​မျိုး​အား အ​မွေ​ကို​ပေး​ချ​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ နှိမ့်​ချ​လျက်​နေ​သော ငါ​တို့​ကို အောက်​မေ့​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ငါ​တို့​ကို ရန်​သူ​တို့​အ​ထဲ​က ရွေး​နုတ်​တော်​မူ​ထ​သော၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ကျွေး​မွေး​တော်​မူ​သော၊ ကောင်း​ကင်​ဘုံ၏​အ​ရှင်​ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

ဆာလံ 136:1-26 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​ဖြင့် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ဘု​ရား​ရှိ​သ​မျှ​တို့​ထက်​ကြီး​မြတ်​တော်​မူ​သော အ​ရှင်​၏​ကျေး​ဇူး​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ အ​ရှင်​သ​ခင်​ရှိ​သ​မျှ​တို့​ထက် တန်​ခိုး​ကြီး​တော်​မူ​သော​အ​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​အ​လွန် ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​တို့​ကို​ပြ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​နေ​နှင့်​လ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ နေ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ​နေ့​ကို အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ လ​နှင့်​ကြယ်​များ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ ညဥ့်​ကို​အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​များ​၏ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ယင်း​သို့​ထုတ်​ဆောင်​တော်​မူ​သည်​မှာ​ခွန်​အား ကြီး​မား​သည့်​လက်​တော်​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​ကြီး​မား​သည့်​လက်​ရုံး​တော် အား​ဖြင့်​လည်း​ကောင်း​ဖြစ်​ပေ​သည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​နှစ်​ပိုင်း​ကွဲ​စေ တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​ထို​ပင်​လယ်​ကို ဖြတ်​၍​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို ရေ​နစ်​သေ​ဆုံး​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပြ​ပို့​ဆောင်​တော် မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​ဘုန်း​ကြီး​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​ကျော်​စော​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ အာ​မော​ရိ​ပြည်​ဘု​ရင်​ရှိ​ဟုန်​မင်း​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​မင်း​ကို​လည်း ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​သူ​တို့​၏​ပြည်​နယ်​များ​ကို မိ​မိ​၏​လူ​စု​တော်​အား​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ထို​ပြည်​နယ်​များ​ကို​ကိုယ်​တော်​သည်​မိ​မိ​၏ အ​စေ​ခံ​ဣ​သ​ရေ​လ​အား​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ​ကိုယ်​တော်​သည် ငါ​တို့​အား​မေ့​လျော့​တော်​မ​မူ။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​တို့​၏​လက်​မှ လွတ်​မြောက်​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​သတ္တဝါ​တို့​အား အ​စား​အ​စာ​များ​ကို​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

ဆာလံ 136:1-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ဘုရား​တကာ​တို့​၏​ဘုရား​ကို ကျေးဇူးတင်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ အရှင်​တကာ​တို့​၏​အရှင်​ကို ကျေးဇူးတင်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ကြီးမား​၍​အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ ပြု​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ဉာဏ်​တော်​အားဖြင့် ကောင်းကင်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ မြေကြီး​ကို ရေပြင်​ပေါ်၌ ဖြန့်ကြက်​ထား​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ကြီးမား​သော​အလင်း​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ကိုယ်တော်​သည် နေ့​ကို​အုပ်စိုး​စေရန် နေ​ကို​ဖန်ဆင်း​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ည​ကို​အုပ်စိုး​စေရန် လ​နှင့်​ကြယ်​များ​ကို ဖန်ဆင်း​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ အီဂျစ်​လူမျိုး​တို့​၏​သားဦး​များ​ကို ဒဏ်ခတ်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ကိုယ်တော်​သည် အစ္စရေး​လူမျိုး​ကို ထို​သူ​တို့​အထဲ​မှ ထုတ်ဆောင်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ တန်ခိုးကြီး​သော​လက်​တော်​နှင့် ဆန့်တန်း​သော​လက်ရုံး​တော်​ဖြင့် ထုတ်ဆောင်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ပင်လယ်​နီ​ကို နှစ်​ပိုင်း​ခွဲ​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ကိုယ်တော်​သည် အစ္စရေး​လူမျိုး​ကို ထို​ပင်လယ်​၏​အလယ်​မှ​ဖြတ်သွား​စေ​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ဖာရော​မင်းကြီး​နှင့်​သူ​၏​တပ်​ကို​မူကား ပင်လယ်​နီ​ထဲ၌ လှဲချ​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ မိမိ​၏​လူမျိုး​တော်​ကို တောကန္တာရ​တွင် ပို့ဆောင်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ကြီးမြတ်​သော​ရှင်ဘုရင်​တို့​ကို ဒဏ်ခတ်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ကိုယ်တော်​သည် တန်ခိုးကြီး​သော​ရှင်ဘုရင်​များ​ကို ကွပ်မျက်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ၎င်း​တို့​တွင် အာမောရိ​ဘုရင် ရှိဟုန်​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ဗာရှန်​ဘုရင် ဩဃ​လည်း​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ထို့နောက် ထို​သူ​တို့​၏​ပြည်​ကို အမွေ​အဖြစ်​ပေး​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ မိမိ​၏​အစေအပါး​အစ္စရေး​အတွက် အမွေ​အဖြစ်​ပေး​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ငါ​တို့​နိမ့်ကျ​လျက်​ရှိ​စဉ် ကိုယ်တော်​သည် ငါ​တို့​ကို​အောက်မေ့​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ငါ​တို့​၏​ရန်သူ​များ​ထံမှ​လည်း ငါ​တို့​ကို​ကယ်နုတ်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ကိုယ်တော်​သည် ခပ်သိမ်း​သော​သတ္တဝါ​တို့​အား အစာ​ကို​ပေး​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ ကောင်းကင်ဘုံရှင် ဘုရားသခင်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။