ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ဘုရားတကာတို့၏ဘုရားကို ကျေးဇူးတင်ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ အရှင်တကာတို့၏အရှင်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ကြီးမား၍အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာ ပြုတော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ဉာဏ်တော်အားဖြင့် ကောင်းကင်ကိုဖန်ဆင်းတော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ မြေကြီးကို ရေပြင်ပေါ်၌ ဖြန့်ကြက်ထားတော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ကြီးမားသောအလင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ကိုယ်တော်သည် နေ့ကိုအုပ်စိုးစေရန် နေကိုဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ညကိုအုပ်စိုးစေရန် လနှင့်ကြယ်များကို ဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ အီဂျစ်လူမျိုးတို့၏သားဦးများကို ဒဏ်ခတ်တော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ကိုယ်တော်သည် အစ္စရေးလူမျိုးကို ထိုသူတို့အထဲမှ ထုတ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ တန်ခိုးကြီးသောလက်တော်နှင့် ဆန့်တန်းသောလက်ရုံးတော်ဖြင့် ထုတ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ပင်လယ်နီကို နှစ်ပိုင်းခွဲတော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ကိုယ်တော်သည် အစ္စရေးလူမျိုးကို ထိုပင်လယ်၏အလယ်မှဖြတ်သွားစေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ဖာရောမင်းကြီးနှင့်သူ၏တပ်ကိုမူကား ပင်လယ်နီထဲ၌ လှဲချတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ မိမိ၏လူမျိုးတော်ကို တောကန္တာရတွင် ပို့ဆောင်တော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ကြီးမြတ်သောရှင်ဘုရင်တို့ကို ဒဏ်ခတ်တော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ကိုယ်တော်သည် တန်ခိုးကြီးသောရှင်ဘုရင်များကို ကွပ်မျက်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ၎င်းတို့တွင် အာမောရိဘုရင် ရှိဟုန်ပါ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ဗာရှန်ဘုရင် ဩဃလည်းပါ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ထို့နောက် ထိုသူတို့၏ပြည်ကို အမွေအဖြစ်ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ မိမိ၏အစေအပါးအစ္စရေးအတွက် အမွေအဖြစ်ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ငါတို့နိမ့်ကျလျက်ရှိစဉ် ကိုယ်တော်သည် ငါတို့ကိုအောက်မေ့တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ငါတို့၏ရန်သူများထံမှလည်း ငါတို့ကိုကယ်နုတ်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ကိုယ်တော်သည် ခပ်သိမ်းသောသတ္တဝါတို့အား အစာကိုပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ ကောင်းကင်ဘုံရှင် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ဆာလံကျမ်း 136 ကိုဖတ်ပါ။
နားထောင်ပါ ဆာလံကျမ်း 136
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 136:1-26
17 Days
Japan is the world’s second largest unreached people group even after decades of dedicated evangelism and church presence. In this highly sophisticated society most Japanese see Christianity as nice but irrelevant. Church attendance hovers around 0.3%. Let’s agree with the Word of God as we worship, declare and pray for breakthrough in this beautiful nation.
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ