YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 136

136
ကျေး​ဇူး​တော်​ချီး​မွမ်း​သီ​ချင်း
1ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။#၅ ရာ၊ ၁၆:၃၄၊ ၆ ရာ၊ ၅:၁၃၊ ၇:၃၊ ဧဇ၊ ၃:၁၁၊ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ယေ၊ ၃၃:၁၁။ 2ဘု​ရား​တို့၏​အ​ရှင်၊ ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ 3အ​ရှင်​တို့၏​သ​ခင်၊ ဘု​ရား​ရှင်၏​က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ 4က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို တစ်​ပါး​တည်း​သာ ပြု​တော်​မူ​ထ​သော၊ 5က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ပ​ညာ​တ​ရား​အ​တိုင်း ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊#က၊ ၁:၁။ 6က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ရေ​ပေါ်​မှာ မြေ​ကြီး​ကို ဖြန့်​တော်​မူ​ထ​သော၊#က၊ ၁:၂။ 7က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ အ​လင်း​အိမ်​ကြီး​တို့​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊#က၊ ၁:၁၆။ 8က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ နေ့​ကို​အုပ်​စိုး​ရ​သော နေ​ကို​လည်း​ကောင်း၊ 9က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ည​ကို​အုပ်​စိုး​ရ​သော လ​နှင့် ကြယ်​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ​ထ​သော၊ 10က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အဲ​ဂု​တ္တု​ပြည်​မှာ သား​ဦး​များ​ကို ဒဏ်​ခတ်​တော်​မူ​ထ​သော၊#ထွ၊ ၁၂:၂၉။ 11က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အား​ကြီး​သော​လက်၊ ဆန့်​သော​လက်​ရုံး​တော်​ကို လက်​နက်​ပြု​တော်​မူ​ထ​သော၊#ထွ၊ ၁၂:၅၁။ 12က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​သား​တို့ အ​ထဲ​က ထုတ်​ဆောင်​တော်​မူ​ထ​သော၊ 13က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဧ​ဒုံ​ပင်​လယ်​ကို အ​ပိုင်း​ပိုင်း​ခွဲ​တော်​မူ​ထ​သော၊#ထွ၊ ၁၄:၂၁-၂၉။ 14က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ပင်​လယ်​အ​လယ်၌ ဣ​သ​ရေ​လ​အ​မျိုး​ကို လျှောက်​သွား​စေ​တော်​မူ​ထ​သော၊ 15က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဖာ​ရော​မင်း​နှင့် ဗိုလ်​ခြေ​များ​ကို ဧ​ဒုံ​ပင်​လယ်​ထဲ၌ လှဲ​ချ​တော်​မူ​ထ​သော၊ 16က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ မိ​မိ​လူ​စု​ကို​တော၌ ပို့​ဆောင်​တော်​မူ​ထ​သော၊ 17က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ကြီး​သော​ဘု​ရင်​တို့​ကို ဒဏ်​ခတ်​တော်​မူ​ထ​သော၊ 18-20က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ အာ​မော​ရိ​ပြည်​ကို အ​စိုး​ရ​သော ရှိ​ဟုန်​မင်း​ကို​လည်း​ကောင်း၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဗာ​ရှန်​ပြည်​ကို​အ​စိုး​ရ​သော ဩ​ဃ​မင်း​ကို​လည်း​ကောင်း၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဘုန်း​ကြီး​သော​ဘု​ရင်​များ​ကို​လည်း​ကောင်း လုပ်​ကြံ​တော်​မူ​ထ​သော၊#တော၊ ၂၁:၂၁-၃၀။ #တော၊ ၂၁:၃၁-၃၅။ 21က​ရု ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ သူ​တို့​နေ​ရာ​မြေ​ကို လွှဲ​တော်​မူ​ထ​သော၊ 22က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ မိ​မိ​ကျွန် ဣ​သ​ရေ​လ​အ​မျိုး​အား အ​မွေ​ကို​ပေး​ချ​တော်​မူ​ထ​သော၊ 23က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ နှိမ့်​ချ​လျက်​နေ​သော ငါ​တို့​ကို အောက်​မေ့​တော်​မူ​ထ​သော၊ 24က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ငါ​တို့​ကို ရန်​သူ​တို့​အ​ထဲ​က ရွေး​နုတ်​တော်​မူ​ထ​သော၊ 25က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ကျွေး​မွေး​တော်​မူ​သော၊ 26ကောင်း​ကင်​ဘုံ၏​အ​ရှင်​ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 136: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ