YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 135

135
ထော​မ​နာ​သီ​ချင်း
1ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။ 2ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၊ ငါ​တို့ ဘု​ရား​သ​ခင်၏​အိမ်​တော်​တံ​တိုင်း​တွင် အ​မှု​စောင့်​သော ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​တော်​တို့၊ ချီး​မွမ်း​ခြင်း​ကို ပြု​ကြ​လော့။ 3ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ ထို​သို့​သော​အ​မှု​သည် တင့်​တယ်​လျောက်​ပတ်​ပေ၏။ 4အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​အ​မျိုး​ကို ကိုယ်​တော်​အ​ဖို့​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဘ​ဏ္ဍာ​တော် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ရွေး​ကောက်​တော်​မူ​ပြီ။
5ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​တော်​မူ​ကြောင်း၊ ငါ​တို့၏​ဘု​ရား​ရှင်​သည် ဘု​ရား​တ​ကာ​တို့​ထက် မြတ်​တော်​မူ​ကြောင်း​ကို ငါ​သိ၏။ 6ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ၊ နက်​နဲ​ရာ​အ​ရပ်​ရပ်​တို့၌ အ​လို​တော်​ရှိ​သ​မျှ​တို့​ကို ပြု​တော်​မူ၏။ 7မြေ​ကြီး​စွန်း​မှ မိုး​တိမ်​တို့​ကို တက်​စေ​တော်​မူ၏။ မိုး​နှင့်​တ​ကွ လျှပ်​စစ်​ကို​ဖန်​ဆင်း​တော်​မူ၏။ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က လေ​ကို ထုတ်​တော်​မူ၏။ 8အဲ​ဂု​တ္တု​ပြည်၌ လူ​မှ​စ၍ တိ​ရ​စ္ဆာန်​တိုင်​အောင် သား​ဦး​ရှိ​သ​မျှ​တို့​ကို ဒဏ်​ခတ်​တော်​မူ၏။ 9အို အဲ​ဂု​တ္တု​ပြည်၊ သင်၏​အ​ထဲ​မှာ ဖာ​ရော​မင်း​မှ​စ၍၊ သူ၏​ကျွန်​အ​ပေါင်း​တို့၏​အ​ပေါ်​သို့ လ​က္ခ​ဏာ​သက်​သေ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို စေ​လွှတ်​တော်​မူ၏။ 10-11အာ​မော​ရိ​ပြည်​ကို​အ​စိုး​ရ​သော ရှိ​ဟုန်​မင်း၊ ဗာ​ရှန်​ပြည်​ကို အ​စိုး​ရ​သော ဩ​ဃ​မင်း​နှင့်​တ​ကွ၊ ဘုန်း​ကြီး​သော ရှင်​ဘု​ရင်​များ​ကို ကွပ်​မျက်၍၊ များ​ပြား​သော လူ​မျိုး​နှင့်​တ​ကွ၊ ခါ​နာန်​တိုင်း​နိုင်​ငံ​အ​ပေါင်း​တို့​ကို လုပ်​ကြံ​သ​ဖြင့်၊ 12သူ​တို့​နေ​ရာ မြေ​ကို​လွှဲ၍၊ မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​အား အ​မွေ​ကို​ပေး​ချေ​တော်​မူ၏။ 13အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​အ​မည်​သည် နိ​စ္စ​ထာ​ဝ​ရ​ဖြစ်​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ဘွဲ့​နာ​မ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက် တည်​ပါ၏။ 14ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​တို့၏​အ​တွက် နောင်​တ​ရ၍၊ မိ​မိ​လူ​စု​ဘက်​မှ တ​ရား​စီ​ရင်​တော်​မူ၏။
15သာ​သ​နာ​ပ​လူ​တို့​ကိုး​ကွယ်​သော ရုပ်​တု​တို့​ကား ငွေ​လည်း​ဖြစ်၏။ ရွှေ​လည်း​ဖြစ်၏။ လူ​လက်​ဖြင့် လုပ်​သော​အ​ရာ​ပေ​တည်း။ 16ထို​ရုပ်​တု​တို့​သည် နှုတ်​ရှိ၍ စ​ကား​မ​ပြော​တတ်။ မျက်​စိ​ရှိ၍ မ​မြင်​တတ်။ 17နား​ရှိ၍ မ​ကြား​တတ်။ သူ​တို့​ပါး​စပ်၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ​ပါ​တ​ကား။ 18လုပ်​သော​သူ​တို့​လည်း အ​တူ​တူ၊ ကိုး​စား​သော​သူ​အ​ပေါင်း​တို့​လည်း အ​တူ​တူ​ပါ​တ​ကား။#ဆာ၊ ၁၁၅:၄-၈။ ဗျာ၊ ၉:၂၀။ 19အို​ဣ​သ​ရေ​လ​အ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ အို​အာ​ရုန် အ​မျိုး​အ​နွယ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ 20အို​လေ​ဝိ​အ​မျိုး​အ​နွယ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။ 21ယေ​ရု​ရှ​လင်​မြို့​မှာ ကျိန်း​ဝပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​မှာ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဟာ​လေ​လု​ယ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 135: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ