YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 135:15-18

ဆာလံ 135:15-18 Common Language Bible (BCL)

လူ​မျိုး​တ​ကာ​တို့​ကိုး​ကွယ်​ကြ​သည့်​ရုပ်​တု များ​သည် ရွှေ​ငွေ​ဖြင့်​ပြီး​ကြ​၏။ ယင်း​တို့​သည်​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော အ​ရာ​များ​ဖြစ်​ပေ​သည်။ ထို​ရုပ်​တု​တို့​သည်​နှုတ်​များ​ရှိ​ပါ​လျက် စ​ကား​မပြော​နိုင်၊ မျက်​စိ​များ​ရှိ​ပါ​လျက်​မ​မြင်​နိုင်။ သူ​တို့​သည်​နား​များ​ရှိ​ပါ​လျက်​မ​ကြား​နိုင်။ သူ​တို့​၏​ခံ​တွင်း​၌​လည်း​ထွက်​သက်​ဝင်​သက်​မ​ရှိ။ ရုပ်​တု​များ​ကို​ပြု​လုပ်​သူ​တို့​နှင့်​ရုပ်​တု​ကို ကိုး​စား​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​ပြု လုပ်​သည့် ရုပ်​တု​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။