YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 135

135
ကြီးမြတ်တော်မူသောထာဝရဘုရား
1ဟာလေလုယ​။ ထာဝရဘုရား​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။
ထာဝရဘုရား​၏​အစေအပါး​တို့​၊
2ထာဝရဘုရား​၏​အိမ်​တော်​၌​လည်းကောင်း​၊
ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​တံတိုင်း​၌​လည်းကောင်း
အမှုထမ်း​ကြ​သော ထာဝရဘုရား​၏​အစေအပါး​တို့​၊
ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။
3ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​သည်​ဖြစ်၍
ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။
ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် နှစ်လို​ဖွယ်​ကောင်း​၏​။
4အကယ်စင်စစ် ထာဝရဘုရား​သည် ယာကုပ်​ကို မိမိ​အတွက်​လည်းကောင်း​၊
အစ္စရေး​ကို မိမိ​၏​ဘဏ္ဍာ​အဖြစ်​လည်းကောင်း ရွေးချယ်​တော်မူ​၏​။
5အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​ကြောင်း​၊
ငါ​တို့​၏​အရှင်​သည် ဘုရား​တကာ​တို့​ထက် မြင့်မြတ်​တော်မူ​ကြောင်း​ကို ငါ​သိ​၏​။
6ထာဝရဘုရား​သည် ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌​လည်းကောင်း​၊
ပင်လယ်​နှင့်​နက်ရှိုင်း​ရာ​အရပ်​ရှိသမျှ​တို့​၌​လည်းကောင်း
အလို​တော်​ရှိ​သော​အရာ​အားလုံး​ကို ပြု​တော်မူ​၏​။
7ကိုယ်တော်​သည် မိုးတိမ်​များ​ကို ကမ္ဘာမြေကြီး​အစွန်း​မှ​တက်လာ​စေ​၍
မိုး​နှင့်အတူ​လျှပ်စီး​များ​ကို​ဖြစ်ပေါ်​စေ​ကာ လေ​ကို မိမိ​၏​သိုလှောင်​တိုက်​မှ ထုတ်ဆောင်​တော်မူ​၏​။
8ကိုယ်တော်​သည် အီဂျစ်​ပြည်​တွင် လူ​မှစ၍​တိရစ္ဆာန်​တိုင်အောင်
သားဦး​ရှိသမျှ​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။
9အို အီဂျစ်​ပြည်​၊ ကိုယ်တော်​သည် နိမိတ်လက္ခဏာ​များ​နှင့်​တန်ခိုးလက္ခဏာ​တို့​ကို
သင်​၏​အလယ်​၊ ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​အပေါင်း​တို့​အပေါ် ကျရောက်​စေ​တော်မူ​၏​။
10ကိုယ်တော်​သည် များစွာ​သော​လူမျိုး​ကို ဒဏ်ခတ်​လျက်
အင်အားကြီး​သော​ရှင်ဘုရင်​တို့​ကို ကွပ်မျက်​တော်မူ​၏​။
11၎င်း​တို့​တွင် အာမောရိ​ဘုရင် ရှိဟုန်​၊
ဗာရှန်​ဘုရင် ဩဃ​နှင့် ခါနာန်​တိုင်းနိုင်ငံ​အပေါင်း​တို့​ပါ​၏​။
12ထို့နောက် ထို​သူ​တို့​၏​ပြည်​ကို အမွေ​အဖြစ်​၊
မိမိ​၏​လူမျိုး​တော်​အစ္စရေး​အတွက် အမွေ​အဖြစ်​ပေး​တော်မူ​၏​။
13အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​သည် အစဉ်အမြဲ​တည်​ပါ​၏​။
အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ဂုဏ်​သတင်း​သည် မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။
14အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​ကို​စစ်ကြောစီရင်​၍
မိမိ​၏​အစေအပါး​တို့​အပေါ် သနား​ကရုဏာ​ထား​တော်မူ​၏​။
15လူမျိုးခြား​တို့​၏​ရုပ်တု​များ​သည် ရွှေ​ငွေ​များ​ဖြစ်​ကြ​၏​။
လူ့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ဖြစ်​ကြ​၏​။
16၎င်း​တို့​သည် နှုတ်​ရှိ​သော်လည်း စကား​မ​ပြော​နိုင်​ကြ​။
မျက်စိ​ရှိ​သော်လည်း မ​မြင်​နိုင်​ကြ​။
17နား​ရှိ​သော်လည်း မ​ကြား​နိုင်​ကြ​။#ဆာ 115:6၊ ဗျာ 9:20။
၎င်း​တို့​၏​ပါးစပ်​၌​လည်း ထွက်သက်ဝင်သက်​မ​ရှိ​။
18၎င်း​တို့​ကို ပြုလုပ်​သော​သူ​နှင့် ယုံကြည်ကိုးစား​သော​သူ​အပေါင်း​တို့​သည်
၎င်း​တို့​ကဲ့သို့​ဖြစ်လာ​ကြ​လိမ့်မည်​။
19အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။
အို အာရုန်​၏​အမျိုးအနွယ်​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။
20အို လေဝိ​၏​အမျိုးအနွယ်​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။
ထာဝရဘုရား​ကို ကြောက်ရွံ့​သော​သူ​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။
21ဂျေရုဆလင်​မြို့​တွင် ကိန်းဝပ်​တော်မူ​သော​ထာဝရဘုရား​သည်
ဇိအုန်​၌ မင်္ဂလာရှိ​တော်မူ​၏​။
ဟာလေလုယ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 135: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ