YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 104:24-31

ဆာလံ 104:24-31 Judson Bible (JBMLE)

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​စီ​ရင် ပြု​ပြင်​တော်​မူ​သော​အ​ရာ​တို့​သည် အ​လွန်​များ​ပြား​ပါ၏။ ရှိ​ရှိ​သ​မျှ​တို့​ကို ပ​ညာ​တော်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ၏။ မြေ​ကြီး​သည် ဘ​ဏ္ဍာ​တော်​နှင့် ကြွယ်​ဝ​ပါ၏။ မ​ရေ​တွက်​နိုင်​အောင် တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​အ​ကြီး​အ​ငယ်​အ​များ​တို့​နေ​ရာ ကြီး​မား​ကျယ်​ဝန်း​သော သ​မု​ဒ္ဒ​ရာ​လည်း​ရှိ​ပါ​သေး၏။ ထို​အ​ရပ်၌ သင်္ဘော​တို့​သည် သွား​လာ​ကြ​ပါ၏။ ထို​အ​ရပ်၌ ကွန့်​မြူး​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​သော ငါး​ကြီး​လ​ဝိ​သန်​သည်​လည်း​ရှိ​ပါ၏။ ထို​သို့​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် အ​ချိန်​တန်​လျှင် အ​စာ​ကျွေး​တော်​မူ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ကြ​ပါ၏။ ကိုယ်​တော်​ချ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် သိမ်း​ယူ​ကြ​ပါ၏။ လက်​တော်​ကို ဖွင့်​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် ကောင်း​သော​အ​ရာ​နှင့် ရောင့်​ရဲ​ကြ​ပါ၏။ မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​လျှင်၊ သူ​တို့​သည် ပင်​ပန်း​ကြ​ပါ၏။ သူ​တို့​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​လျှင်၊ သူ​တို့​သည်​သေ၍ မိ​မိ​တို့​မြေ​မှုန့်​ထဲ​သို့ ပြန်​သွား​ကြ​ပါ၏။ တစ်​ဖန်​ဝိ​ညာဉ်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​မျက်​နှာ​ကို အ​သစ်​ပြု​ပြင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နိ​စ္စ​အ​မြဲ​တည်၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​တော်​တို့​တွင် ဝမ်း​မြောက်​တော်​မူ၏။

ဆာလံ 104:24-31 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​တို့​သည် များ​လှ​ပါ​၏။ ဉာဏ်​ပ​ညာ​တော်​ဖြင့်​ထို​အ​ရာ​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင် ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ​များ​နှင့် ပြည့်​လျက်​ရှိ​ပါ​၏။ မ​ရေ​မ​တွက်​နိုင်​သော​သတ္တ​ဝါ​ကြီး​ငယ်​တို့ နေ​ထိုင်​ရာ အ​ပြော​ကျယ်​သည့်​သ​မုဒ္ဒ​ရာ​ကြီး​ရှိ​ပါ​၏။ သ​မုဒ္ဒ​ရာ​ထဲ​တွင်​သင်္ဘော​များ​ရွက်​လွှင့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သည့်​ရေသတ္တ​ဝါ ကြီး လ​ဝိ​သန်​သည်​လည်း​ခုန်​ပေါက်​မြူး​တူး ပါ​၏။ ထို​တိ​ရစ္ဆာန်​များ​အား​လုံး​တို့​သည်​အ​ချိန်​တန်​လျှင် အ​စာ​ရ​ရှိ​ရန်​ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကျွေး​မွေး​တော် မူ​သ​ဖြင့် သူ​တို့​သည်​စား​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​စာ​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ကျေ​နပ်​ရောင့်​ရဲ​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​ထံ​မှ မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​သော​အ​ခါ သူ​တို့​သည်​သေ​၍​မြေ​မှုန့်​အ​ဖြစ်​သို့​ပြန်​လည် ရောက်​ရှိ​သွား​ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​သူ​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​ကို​သွင်း​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဖန်​ဆင်း​ခြင်း​ခံ​ရ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကြီး​ကို အ​သစ်​တစ်​ဖန်​ရှင်​သန်​စေ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် ထာ​ဝ​စဉ်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​အ​တွက် ဝမ်း​မြောက်​တော်​မူ​ပါ​စေ​သော။

ဆာလံ 104:24-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အလွန်​များပြား​လှ​ပါ​၏​။ ကိုယ်တော်​သည် ထို​အရာ​အားလုံး​ကို ဉာဏ်ပညာ​အားဖြင့် ဖန်ဆင်း​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​ဖန်ဆင်း​သော အရာ​များ​ဖြင့် ပြည့်နှက်​လျက်​ရှိ​ပါ​၏​။ ထို​နေရာ​၌ ကြီးမား​ကျယ်ဝန်း​သည့် ပင်လယ်​ရှိ​၍ ၎င်း​တွင် တွားသွားသတ္တဝါ​များ​နှင့် မ​ရေ​မ​တွက်​နိုင်​လောက်အောင်​များ​သော သက်ရှိသတ္တဝါ​အကြီး​အငယ်​တို့​ရှိ​ကြ​ပါ​၏​။ သင်္ဘော​များ​သည်​လည်း ထို​ပင်လယ်​၌ သွားလာ​ကြ​ပြီး ၎င်း​ထဲ၌ ပျော်မြူး​စေရန် ကိုယ်တော်​ပုံဖော်ဖန်ဆင်း​ထား​သော လဝိသန်​လည်း​ရှိ​ပါ​၏​။ ထို​သတ္တဝါ​အပေါင်း​တို့​သည် အချိန်တန်​လျှင် သူ​တို့​ကို​အစာ​ကျွေး​တော်မူ​ရန် ကိုယ်တော်​ကို စောင့်မျှော်​နေ​ကြ​ပါ​၏​။ ကိုယ်တော်​သည် သူ​တို့​ကို​ပေး​တော်မူ​သောအခါ သူ​တို့​သည် စုသိမ်း​ရ​ကြ​ပါ​၏​။ လက်​တော်​ကို​ဖွင့်​တော်မူ​သောအခါ သူ​တို့​သည် ကောင်း​သော​အရာ​များ​နှင့် ပြည့်စုံကြွယ်ဝ​ကြ​ပါ​၏​။ မျက်နှာ​လွှဲ​တော်မူ​သောအခါ သူ​တို့​သည် ထိတ်လန့်​ကြ​ပါ​၏​။ သူ​တို့​၏​အသက်​ကို ရုပ်သိမ်း​တော်မူ​သောအခါ သူ​တို့​သည်​သေ​၍ မိမိ​တို့​ဖြစ်လာ​ရာ မြေမှုန့်​သို့​ပြန်သွား​ကြ​ပါ​၏​။ ဝိညာဉ်​တော်​ကို စေလွှတ်​တော်မူ​သောအခါ သူ​တို့​သည် ဖန်ဆင်း​ခြင်း​ခံရ​ကြ​ပါ​၏​။ ကိုယ်တော်​သည် မြေကြီး​မျက်နှာပြင်​ကို​လည်း အသစ်ပြုပြင်​တော်မူ​၏​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် အစဉ်အမြဲ​တည်ရှိ​ပါစေသော​။ ထာဝရဘုရား​သည် မိမိ​ပြု​တော်မူ​သော အမှု​များ​အတွက် ဝမ်းမြောက်​တော်မူ​ပါစေသော​။