YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 10:16-18

ဆာလံ 10:16-18 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​သူ​တို့​သည် ပြည်​တော်​မှ​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လျက် သူ​တို့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော်​မူ​လိမ့် မည်။ ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​များ​နှင့် မိ​ဘ​မဲ့​သူ​များ​အား နောက်​တစ်​ဖန်​မ​ခြောက်​မ​လှန့်​နိုင်​စိမ့်​သော​ငှာ ကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​၏​ဟစ်​အော်​သံ​ကို ကြား​တော်​မူ​၍ သူ​တို့​၏​အ​ကျိုး​ကို​ထောက်​လျက်​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။

ဆာလံ 10:16-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် ကာလ​အစဉ်အဆက် ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ တိုင်းနိုင်ငံ​တို့​သည် ကိုယ်တော်​၏​ပြည်​တော်​ထဲမှ ပျောက်ကွယ်​သွား​ကြ​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏​အလိုဆန္ဒ​ကို ကြားသိ​လျက် သူ​တို့​၏​စိတ်နှလုံး​ကို တည်ကြည်​စေ​တော်မူ​၏​။ မြေကြီး​မှ​ဖြစ်လာ​သော​သူ​သည် နောက်တစ်ဖန် မ​ခြောက်လှန့်​နိုင်​မည့်​အကြောင်း ကိုယ်တော်​သည် အာရုံစိုက်​နားထောင်​လျက် မိဘမဲ့သူ​နှင့်​ဖိနှိပ်​ခြင်း​ခံရ​သော​သူ​တို့​အတွက် တရားစီရင်​ပေး​တော်မူ​၏​။