YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 10

10
ရန်​သူ​လက်​မှ​လွတ်​မြောက်​ရန်​ဆု​တောင်း
1အို​ထာ​ဝ​ရ​ဘု​ရား။ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် ဝေး​ဝေး​ရပ်၍ နေ​တော်​မူ​သ​နည်း။ ဘေး​အ​န္တ​ရာယ် ရောက်​သည်​ကာ​လ အ​ဘယ်​ကြောင့် ပုန်း​ကွယ်၍ နေ​တော်​မူ​သ​နည်း။ 2မ​တ​ရား​သော​သူ​သည် မာ​န​စိတ်​ရှိ၍၊ ဆင်း​ရဲ​သော​သူ​ကို ညှဉ်း​ဆဲ​တတ်​ပါ၏။ မိ​မိ​ပြု​သော ပ​ရိ​ယာယ်​အား​ဖြင့် ထို​သူ​ကို ဖမ်း​ဆီး​တတ်​ပါ၏။ 3မ​တ​ရား​သော​သူ​သည် မိ​မိ​စိတ်​အ​လို၌ ဝါ​ကြွား​တတ်​ပါ၏။ လော​ဘ​ကြီး​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပယ်၍ မ​ထီ​မဲ့​မြင်​ပြု​တတ်​ပါ၏။ 4မ​တ​ရား​သော​သူ​သည် မာ​န​ထောင်​လွှား​သော​ကြောင့်၊ မ​စဉ်း​စား​တတ်​ပါ။ ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ် အောက်​မေ့​တတ်​ပါ၏။ 5အ​စဉ်​ခိုင်​မာ​စွာ ကျင့်​ကြံ​ပြု​မူ​တတ်​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် သူ​နှင့်​ဝေး​မြင့်​သည်​ဖြစ်၍ ခပ်​သိမ်း​သော​ရန်​သူ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ပါ၏။ 6ငါ​သည် အ​စဉ်​မ​ရွေ့​ရ၊ ဆင်း​ရဲ​ခြင်း​သို့ မ​ရောက်​ရ​ဟု အောက်​မေ့​တတ်​ပါ၏။ 7သူ၏​နှုတ်​သည် ကျိန်​ဆဲ​ခြင်း၊ လှည့်​စား​ခြင်း၊ ရှုတ်​ချ​ခြင်း​နှင့် ပြည့်​ဝ​ပါ၏။ လျှာ​အောက်​မှာ မ​ကောင်း​သော​အ​ကြံ​နှင့် မ​တ​ရား​သော​အ​မှု​ရှိ​ပါ၏။#ရော၊ ၃:၁၄။ 8ရွာ​အ​နား​တွင် ပုန်း​နေ​ရာ​အ​ရပ်​မှာ​ထိုင်၍၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်၌ သတ်​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ချောင်း​မြောင်း​တတ်​ပါ၏။ 9ချုံ​ထဲ​မှာ​နေ​သော ခြင်္သေ့​ကဲ့​သို့ ကွယ်​ရာ​အ​ရပ်၌ ပုန်း၍​နေ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ဖမ်း​ဆီး​ခြင်း​ငှာ ပုန်း​ကွယ်၍ နေ​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ကွန်​ရွက်​ထဲ​သို့​ဆွဲ၍ ဖမ်း​ဆီး​တတ်​ပါ၏။ 10ထို​သို့ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ၍၊ ဆင်း​ရဲ​သော​သူ အ​ပေါင်း​တို့​သည် သူ၏​လက်​သို့ ကျ​ရောက်​တတ် ကြ​ပါ၏။ 11ထို​သူ​က၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​တော်​မူ၏။ မျက်​နှာ​ကို လွှဲ​တော်​မူ၏။ မြင်​တော်​မ​မူ​ဟု အောက်​မေ့​တတ်​ပါ၏။
12အို​ထာ​ဝ​ရ​ဘု​ရား ထ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင် လက်​တော်​ကို ချီ​တော်​မူ​ပါ။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​ကို မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။ 13မ​တ​ရား​သော​သူ​သည် ဘု​ရား​သ​ခင်​ကို အ​ဘယ်​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​ရ​ပါ​အံ့​နည်း။ ကိုယ်​တော်​သည် စစ်​တော်​မ​မူ​ဟု အ​ဘယ်​ကြောင့် အောက်​မေ့​ရ​ပါ​အံ့​နည်း။ 14သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ 15မ​တ​ရား​သ​ဖြင့်​ပြု၍ ဆိုး​သော​သူ၏ လက်​ရုံး​ကို ချိုး​တော်​မူ​ပါ။ သူ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို အ​ကုန်​အ​စင် စစ်​တော်​မူ​ပါ။
16ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​မြဲ​တည်​သော​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ၍၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် နိုင်​ငံ​တော်​ထဲ​က ကွယ်​ပျောက်​ကြ​ပါ​လိမ့်​မည်။ 17အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့၏ တောင့်​တ​ခြင်း​အ​သံ​ကို ကြား​တော်​မူ၏။ သူ​တို့၏​စိတ်​နှ​လုံး​ကို တည်​ကြည်​စေ​တော်​မူ၏။ 18ဆင်း​ရဲ​သား​ကို သူ၏​မြေ​မှ တစ်​ဖန်​မ​နှင်​ထုတ်​မည်​အ​ကြောင်း၊ မိ​ဘ​မ​ရှိ​သော​သူ​နှင့် ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို တ​ရား​ပေး​ခြင်း​ငှာ နား​တော်​ကို​ဖွင့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။