YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 6:4-11

သုတ္တံ 6:4-11 Judson Bible (JBMLE)

အိပ်​မ​ပျော်​နှင့်။ မျက်​စိ​မှိတ်၍ မ​ငိုက်​နှင့်။ မု​ဆိုး​လက်​မှ သ​မင်​ဒ​ရယ်​ကို​လည်း​ကောင်း၊ ငှက်​ကို​လည်း​ကောင်း နုတ်​ရ​သ​ကဲ့​သို့ ကိုယ်​ကို​နုတ်​လော့။ အ​ချင်း​လူ​ပျင်း၊ ပု​ရွက်​ဆိတ်​ထံ​သို့ သွား၍၊ သူ၏​အ​ပြု​အ​မူ​တို့​ကို ဆင်​ခြင်​သ​ဖြင့် ပ​ညာ​ရှိ​စေ​လော့။ ပု​ရွက်​ဆိတ်​သည် ဆ​ရာ​မ​ရှိ၊ ပဲ့​ပြင်​သော​သူ​မ​ရှိ၊ မင်း​မ​ရှိ​ဘဲ​လျက်၊ နွေ​ကာ​လ​နှင့် စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိ​မိ​စား​စ​ရာ​အ​စာ​ကို ရှာ​ဖွေ​သို​ထား​တတ်၏။ အို​လူ​ပျင်း၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​အိပ်​လျက် နေ​လိမ့်​မည်​နည်း။ အ​ဘယ်​သော​အ​ခါ နိုး​လိမ့်​မည်​နည်း။ ခ​ဏ​အိပ်​လျက်၊ ခ​ဏ​ပျော်​လျက်၊ အိပ်​ပျော်​အံ့​သော​ငှာ ခ​ဏ​လက်​ချင်း​ပိုက်​လျက်​နေ​စဉ်​တွင်၊ ဆင်း​ရဲ​ခြင်း​သည် ခ​ရီး​သွား​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ဥ​စ္စာ​ပြုန်း​တီး​ခြင်း​သည် သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ​လိမ့်​မည်။

သုတ္တံ 6:4-11 Common Language Bible (BCL)

အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။ မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။ အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပရွတ်ဆိတ်သည်ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။ အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။

သုတ္တံ 6:4-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင့်​မျက်စိ​ကို အိပ်စက်​ခွင့်​မ​ပြု​နှင့်​။ သင့်​မျက်လွှာ​ကို​လည်း ပိတ်​ခွင့်​မ​ပြု​နှင့်​။ ဒရယ်​သည် အမဲလိုက်သူ​လက်​မှ​လည်းကောင်း​၊ ငှက်​သည် ငှက်မုဆိုး​လက်​မှ​လည်းကောင်း လွတ်မြောက်​သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်​လွတ်မြောက်​အောင်​ပြု​လော့​။ အချင်း​လူပျင်း​၊ ပုရွက်ဆိတ်​ထံသို့​သွား​၍ ၎င်း​၏​လုပ်ဆောင်မှု​တို့​ကို​ကြည့်ရှုဆင်ခြင်​လျက် ဉာဏ်ပညာရှိ​လော့​။ ပုရွက်ဆိတ်​သည် ဦးစီးဦးဆောင်​သူ​မ​ရှိ​၊ ကြီးကြပ်သူ​မ​ရှိ​၊ အုပ်စိုး​သူ​လည်း​မ​ရှိ​ဘဲ​လျက် နွေရာသီ​၌ မိမိ​အစားအစာ​ကို​ပြင်ဆင်​၍ ရိတ်သိမ်း​ချိန်​၌ မိမိ​စားစရာ​ကို ရှာဖွေ​စုဆောင်း​တတ်​၏​။ အချင်း​လူပျင်း​၊ သင်​သည် မည်မျှ​ကြာ​အောင် အိပ်​လျက်​နေ​မည်နည်း​။ မည်သည့်​အချိန်​မှ အိပ်ရာ​ထ​မည်နည်း​။ ခဏ​အိပ်​လျက်​၊ ခဏ​ငိုက်​လျက်​၊ ခဏ​လက်ပိုက်​အနားယူ​လျက်​နေစဉ် ဆင်းရဲ​ခြင်း​သည် သူခိုးဓားပြ​ကဲ့သို့​လည်းကောင်း​၊ ချို့တဲ့​နွမ်းပါး​ခြင်း​သည် လက်နက်​ကိုင်ဆောင်​သူ​ကဲ့သို့​လည်းကောင်း သင့်​ထံသို့​ရောက်လာ​လိမ့်မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။