YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 6:20-29

သုတ္တံ 6:20-29 Judson Bible (JBMLE)

ငါ့​သား၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​လော့။ အ​မိ​ပေး​သော တ​ရား​ကို မ​ပယ်​နှင့်။ နှ​လုံး​ပေါ်​မှာ အ​မြဲ​ချည်၍ လည်​ပင်း၌ ဆွဲ​ထား​လော့။ သင်​သည် အ​ခြား​သို့​သွား​သော​အ​ခါ၊ ထို​ပ​ညတ်​တ​ရား​သည် လမ်း​ပြ​လိမ့်​မည်။ အိပ်​သော​အ​ခါ သင့်​ကို​စောင့်​လိမ့်​မည်။ နိုး​သော​အ​ခါ သင်​နှင့် နှုတ်​ဆက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တော်​သည် မီး​ခွက်​ဖြစ်၏။ တ​ရား​တော်​သည် အ​လင်း​ဖြစ်၏။ အ​ပြစ်​ကို ပြ​တတ်​သော ဩ​ဝါ​ဒ​စ​ကား​သည် အ​သက်​လမ်း​ဖြစ်၏။ ဆိုး​သော မိန်း​မ​နှင့်​လည်း​ကောင်း၊ အ​မျိုး​ပျက်​သော​မိန်း​မ ချော့​မော့​တတ်​သော​နှုတ်​နှင့်​လည်း​ကောင်း လွတ်​စေ​ခြင်း​ငှာ၊ သင့်​ကို​စောင့်​ဖို့​ရာ ဖြစ်​သ​တည်း။ ထို​သို့​သော​မိန်း​မ​သည် အ​ဆင်း​လှ​သော်​လည်း၊ တပ်​မက်​သော​စိတ်​မ​ရှိ​နှင့်။ သူ​သည် မျက်​ခမ်း​တို့​ဖြင့် သင့်​ကို မ​ကျော့​မိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ပြည့်​တန်​ဆာ​မ​ကို မှီ​ဝဲ​သော​ယောက်ျား​သည် ဆင်း​ရဲ၍၊ မုန့်​တစ်​လုံး​ကို​သာ​ရ​တတ်၏။ မျောက်​မ​ထား​သော မိန်း​မ​သည်​လည်း မြတ်​သော​အ​သက်​ကို​ဖမ်း​တတ်၏။ လူ​သည် အ​ဝတ်​မ​လောင်​ဘဲ မီး​ကို ပိုက်​ဖက်​နိုင်​သ​လော။ ခြေ​မ​လောင်​ဘဲ မီး​ခဲ​ပေါ်​မှာ နင်း​နိုင်​သ​လော။ သူ့​မ​ယား​ထံ​သို့ ဝင်​သော​သူ​သည် ထို​နည်း​တူ​ဖြစ်၏။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့် မ​ကင်း​မ​လွတ်​နိုင်​ရာ၊

သုတ္တံ 6:20-29 Common Language Bible (BCL)

ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင် လော့။ အမိပေးသော တရားကို မပယ်နှင့်။ နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။ သင်သည် အခြားသို့ သွားသောအခါ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည်။ အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။ ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။ ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။ အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။ လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။ ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော။ သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊

သုတ္တံ 6:20-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​သား​၊ သင့်​ဖခင်​၏​ပညတ်ချက်​ကို လိုက်နာကျင့်သုံး​လော့​။ သင့်​မိခင်​၏​သွန်သင်ချက်​ကို မ​ပစ်ပယ်​နှင့်​။ ၎င်း​တို့​ကို သင်​၏​စိတ်နှလုံး​တွင် အစဉ်မပြတ်​ချည်​ထား​၍ သင်​၏​လည်ပင်း​၌​ဆွဲထား​လော့​။ ၎င်း​တို့​သည် သင်​သွားလာ​သောအခါ သင့်​ကို​ပို့ဆောင်​လိမ့်မည်​။ သင်​အိပ်​သောအခါ သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။ သင်​နိုး​သောအခါ သင့်​ကို​စကားပြော​လိမ့်မည်​။ အကြောင်းမူကား ပညတ်ချက်​သည် မီးခွက်​ဖြစ်​၍ သွန်သင်ချက်​သည် အလင်း​ဖြစ်​၏​။ ဆုံးမပဲ့ပြင်​ပေး​သော​ဆိုဆုံးမစကား​တို့​သည်​လည်း အသက်​လမ်း​ဖြစ်၍ မကောင်း​သော​မိန်းမ​၏​ဘေးရန်​မှ​လည်းကောင်း​၊ ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏​ချော့မြှူ​သော​စကား​မှ​လည်းကောင်း သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။ သင်​၏​စိတ်နှလုံး​ထဲတွင် ထို​မိန်းမ​၏​အလှ​ကို မ​တပ်မက်​နှင့်​။ သူ့​မျက်လွှာ​ဖြင့် ညှို့ယူ​ဖမ်းစား​ခြင်း​ကို​မ​ခံ​နှင့်​။ အကြောင်းမူကား ပြည့်တန်ဆာ​မ​တစ်​ယောက်​ကို မုန့်​တစ်​လုံး​ဖြင့်​ရ​နိုင်​၏​။ လင်ရှိမယား​မူကား အဖိုးတန်​သော​အသက်​ကို လိုက်ဖမ်း​တတ်​၏​။ လူ​သည် မိမိ​အဝတ်​ကို မ​လောင်​စေ​ဘဲ မိမိ​ရင်ခွင်​၌ မီး​ကို​ပွေ့ပိုက်​နိုင်​မည်လော​။ သို့မဟုတ် သူ​သည် မိမိ​ခြေ​ကို မ​လောင်မြိုက်​စေ​ဘဲ မီးခဲ​ပေါ်တွင် လမ်းလျှောက်​နိုင်​မည်လော​။ မိမိ​အိမ်နီးချင်း​၏​မယား​ထံသို့ ဝင်​သော​သူ​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။ ထို​မိန်းမ​နှင့်​ထိတွေ့​သော​သူ​မှန်သမျှ အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။