YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 6:20-29

သုတ္တံကျမ်း 6:20-29 MSBU

ငါ့​သား​၊ သင့်​ဖခင်​၏​ပညတ်ချက်​ကို လိုက်နာကျင့်သုံး​လော့​။ သင့်​မိခင်​၏​သွန်သင်ချက်​ကို မ​ပစ်ပယ်​နှင့်​။ ၎င်း​တို့​ကို သင်​၏​စိတ်နှလုံး​တွင် အစဉ်မပြတ်​ချည်​ထား​၍ သင်​၏​လည်ပင်း​၌​ဆွဲထား​လော့​။ ၎င်း​တို့​သည် သင်​သွားလာ​သောအခါ သင့်​ကို​ပို့ဆောင်​လိမ့်မည်​။ သင်​အိပ်​သောအခါ သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။ သင်​နိုး​သောအခါ သင့်​ကို​စကားပြော​လိမ့်မည်​။ အကြောင်းမူကား ပညတ်ချက်​သည် မီးခွက်​ဖြစ်​၍ သွန်သင်ချက်​သည် အလင်း​ဖြစ်​၏​။ ဆုံးမပဲ့ပြင်​ပေး​သော​ဆိုဆုံးမစကား​တို့​သည်​လည်း အသက်​လမ်း​ဖြစ်၍ မကောင်း​သော​မိန်းမ​၏​ဘေးရန်​မှ​လည်းကောင်း​၊ ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏​ချော့မြှူ​သော​စကား​မှ​လည်းကောင်း သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။ သင်​၏​စိတ်နှလုံး​ထဲတွင် ထို​မိန်းမ​၏​အလှ​ကို မ​တပ်မက်​နှင့်​။ သူ့​မျက်လွှာ​ဖြင့် ညှို့ယူ​ဖမ်းစား​ခြင်း​ကို​မ​ခံ​နှင့်​။ အကြောင်းမူကား ပြည့်တန်ဆာ​မ​တစ်​ယောက်​ကို မုန့်​တစ်​လုံး​ဖြင့်​ရ​နိုင်​၏​။ လင်ရှိမယား​မူကား အဖိုးတန်​သော​အသက်​ကို လိုက်ဖမ်း​တတ်​၏​။ လူ​သည် မိမိ​အဝတ်​ကို မ​လောင်​စေ​ဘဲ မိမိ​ရင်ခွင်​၌ မီး​ကို​ပွေ့ပိုက်​နိုင်​မည်လော​။ သို့မဟုတ် သူ​သည် မိမိ​ခြေ​ကို မ​လောင်မြိုက်​စေ​ဘဲ မီးခဲ​ပေါ်တွင် လမ်းလျှောက်​နိုင်​မည်လော​။ မိမိ​အိမ်နီးချင်း​၏​မယား​ထံသို့ ဝင်​သော​သူ​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။ ထို​မိန်းမ​နှင့်​ထိတွေ့​သော​သူ​မှန်သမျှ အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။