YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 17:1-28

သုတ္တံ 17:1-28 Judson Bible (JBMLE)

တစ်​အိမ်​လုံး​ပြည့်​သော ယဇ်​ပူ​ဇော်​ပွဲ​ကို ရန်​တွေ့​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ငြိမ်​သက်​ခြင်း​နှင့် ယှဉ်​သော မုန့်​တစ်​လုပ်​စာ​သည် သာ၍​ကောင်း၏။ ပ​ညာ​ရှိ​သော​ကျွန်​သည် အ​ရှက်​ခွဲ​သော​သား​ကို​အုပ်​စိုး၍ ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​တတ်၏။ ငွေ​စစ်​စ​ရာ​ဖို့ မိုက်​ကို​လည်း​ကောင်း၊ ရွှေ​စစ်​စ​ရာ​ဖို့ မီး​ဖို​ကို​လည်း​ကောင်း သုံး​တတ်၏။ စိတ်​နှ​လုံး​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား စစ်​တော်​မူ၏။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​သည် မု​သား​စ​ကား​ကို ယုံ​တတ်၏။ မု​သား​သုံး​သော​သူ​သည်​လည်း ဆိုး​ညစ်​သော​စ​ကား​ကို နား​ထောင်​တတ်၏။ ဆင်း​ရဲ​သား​တို့​ကို မ​ထီ​လေး​စား​ပြု​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ သူ​တစ်​ပါး၌​ဘေး​ရောက်​လျှင် ဝမ်း​မြောက်​တတ်​သော​သူ​သည်​လည်း အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ။ မြေး​တို့​သည် အ​သက်​ကြီး​သော​သူ၏ သ​ရ​ဖူ​ဖြစ်၏။ သား​တို့၏​ဘုန်း​ကား အ​ဘ​တည်း။ မြတ်​သော​စ​ကား​သည် မိုက်​သော​သူ​နှင့် မ​တော်​မ​သင့်။ ထို​မျှ​မ​က၊ မု​သား​စ​ကား​သည် မင်း​နှင့် မ​တော်​မ​သင့်။ လက်​ဆောင်​သည် ခံ​သော​သူ​အ​ထင်​အ​တိုင်း ကျောက်​မြတ်​ကဲ့​သို့ ဖြစ်၍၊ မျက်​နှာ​ပြု​လေ​ရာ​ရာ၌ အောင်​တတ်၏။ သူ​တစ်​ပါး​ပြစ်​မှား​သော အ​မှု​ကို ဝှက်​ထား​သော​သူ​သည် မေ​တ္တာ​ကို ပြု​စု၏။ ကြား​ပြော​သော​သူ​မူ​ကား၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ၏။ မိုက်​သော​သူ​သည် ဒဏ်​ချက်​တစ်​ရာ​ကို အ​မှု​ထား​သည်​ထက်၊ ပ​ညာ​ရှိ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို သာ၍ အ​မှု​ထား​တတ်၏။ ပုန်​ကန်​သော​သူ​သည် မ​တ​ရား​သော​အ​မှု​ကို​သာ ပြု​စု​တတ်၏။ ထို​ကြောင့် ကြမ်း​ကြုတ်​သော​တ​မန်​ကို သူ့​ဆီ​သို့​စေ​လွှတ်​ရ၏။ မိုက်​သော​စိတ် ထ​ဆဲ​ရှိ​သော​လူ​မိုက်​နှင့် မ​တွေ့​ပါ​စေ​နှင့်။ သား​ငယ်​ပျောက်​သော​ဝံ​မ​နှင့် သာ၍​တွေ့​ပါ​စေ​သော။ အ​ကြင်​သူ​သည် ကျေး​ဇူး​ကို​မ​သိ၊ မ​ကောင်း​သော​အ​မှု​နှင့် ဆပ်၏၊ ထို​သူ၏​အိမ်​သည် မ​ကောင်း​သော​အ​မှု​နှင့် မ​ကင်း​မ​လွတ်​ရ။ ရန်​တွေ့​စ​အ​မှု​သည် ရေ​ကန်​ပေါင်​ပေါက်​စ​ကဲ့​သို့ ဖြစ်​သော​ကြောင့်၊ ရန်​မ​တွေ့​မီ တွေ့​စ​ရာ​အ​ကြောင်း​ကို ရှောင်​လော့။ မ​တ​ရား​သော​သူ​တို့​ကို အ​ပြစ်​မှ​လွှတ်​သော​သူ​နှင့်၊ ဖြောင့်​မတ်​သော​သူ​တို့​ကို အ​ပြစ်​စီ​ရင်​သော​သူ နှစ်​ယောက်​လုံး​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ မိုက်​သော​သူ​သည် ပ​ညာ​ကို အ​လို​မ​ရှိ​သည်​ဖြစ်၍၊ ပ​ညာ​အ​ဖိုး​ကို အ​ဘယ်​ကြောင့် သူ၌​အပ်​ရ​သ​နည်း။ အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။ ဉာဏ်​မဲ့​သော​သူ​သည် လက်​ဝါး​ချင်း​ရိုက်၍၊ အ​ဆွေ​ခင်​ပွန်း​ရှေ့​မှာ အာ​မ​ခံ​တတ်၏။ ရန်​တွေ့​ခြင်း​ကို နှစ်​သက်​သော​သူ​သည် လွန်​ကျူး​ခြင်း​ကို​လည်း နှစ်​သက်​တတ်၏။ မိ​မိ​တံ​ခါး​ကို ချီး​မြှင့်​သော​သူ​သည် ပျက်​စီး​ခြင်း​ကို​ရှာ​တတ်၏။ သ​ဘော​ကောက်​သော​သူ​သည် ကောင်း​သော​အ​ကျိုး​ကို မ​တွေ့​တတ်။ စ​ကား​လိမ်​သော​သူ​သည် ဘေး​ဥ​ပဒ်​နှင့် တွေ့​ကြုံ​တတ်၏။ မိုက်​သော​သူ​ကို ဖြစ်​ပွား​စေ​သော​သူ​သည် မိ​မိ​ကိုယ်​မိ​မိ ဝမ်း​နည်း​စေ​တတ်၏။ မိုက်​သော​သူ၏​အ​ဘ၌ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း မ​ရှိ။ စိတ်​ရွှင်​လန်း​ခြင်း​သည် ကျန်း​မာ​စေ​တတ်၏။ စိတ်​ပျက်​ခြင်း​မူ​ကား၊ အ​ရိုး​တို့​ကို သွေ့​ခြောက်​စေ​တတ်၏။ မ​တ​ရား​သော​သူ​သည် တ​ရား​လမ်း​ကို​ဖျက်​သော အ​ဖိုး​တံ​စိုး​ကို သူ​တစ်​ပါး၏​ခါး​ပိုက်​အိတ်​ထဲ​က နှိုက်​ယူ​တတ်၏။ ဉာဏ်​ရှိ​သော​သူ​သည် ပ​ညာ​ကို​မျက်​မှောက်​ပြု​တတ်၏။ မိုက်​သော​သူ၏​မျက်​စိ​မူ​ကား၊ မြေ​ကြီး​စွန်း​တိုင်​အောင်​လှည့်၍ ကြည့်​ရှု​တတ်၏။ မိုက်​သော​သူ​သည် အ​ဘ​ဝမ်း​နည်း​စ​ရာ​အ​ကြောင်း၊ မွေး​သော​အ​မိ စိတ်​ညစ်​စ​ရာ​အ​ကြောင်း​ဖြစ်၏။ ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​ဒဏ်​မ​ပေး​ကောင်း။ တ​ရား​သ​ဖြင့် စီ​ရင်​သော​မင်း​ကို​လည်း မ​ထိ​ခိုက်​ကောင်း။ သိ​ပ္ပံ​အ​တတ်​နှင့် ပြည့်​စုံ​သော​သူ​သည် စ​ကား​မ​များ​တတ်။ ဉာဏ်​ကောင်း​သော​သူ​သည်​လည်း၊ ဧ​သော​စိတ်​ရှိ​တတ်၏။ မိုက်​သော​သူ​ပင် တိတ်​ဆိတ်​စွာ​နေ​လျှင် ပ​ညာ​ရှိ​ဟူ၍​လည်း​ကောင်း၊ မိ​မိ​နှုတ်​ကို မ​ဖွင့်​ဘဲ​နေ​သော​သူ​ကို​လည်း၊ ဉာဏ်​ကောင်း​သော​သူ ဟူ၍​လည်း​ကောင်း သူ​တစ်​ပါး​ထင်​တတ်၏။

သုတ္တံ 17:1-28 Common Language Bible (BCL)

တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။ ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကို အုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ်၏။ ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎င်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။ မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ်၏။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ်၏။ ဆင်းရဲသားတို့ကို မထီလေးစားပြုသော သူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။ မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ် ၏။ သားတို့၏ဘုန်းကား အဘတည်း။ မြတ်သောစကားသည် မိုက်သောသူနှင့် မတော် မသင့်။ ထိုမျှမက၊ မုသာစကားသည် မင်းနှင့်မတော် မသင့်။ လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။ သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။ မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက်၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ၍ အမှုထားတတ်၏။ ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့်ကြမ်းကြုတ်သော တမန်ကို သူ့ဆီသို့စေလွှတ်ရ၏။ မိုက်သောစိတ်ထဆဲရှိသော လူမိုက်နှင့်မတွေ့ပါ စေနှင့်။ သားငယ်ပျောက်သော ဝံမနှင့်သာ၍ တွေ့ပါစေ သော။ အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။ ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။ မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ၏။ မိုက်သောသူသည် ပညာကိုအလိုမရှိသည် ဖြစ် ၍၊ ပညာအဘိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။ အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဘို့ မွေးဘွားလျက်ရှိ၏။ ဥာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက်၍၊ အဆွေ ခင်ပွန်းရှေ့မှာ အာမခံတတ်၏။ ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန် ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကို ချီးမြှင့် သော သူသည် ပျက်စီးခြင်းကို ရှာတတ်၏။ သဘောကောက်သောသူသည် ကောင်းသော အကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေး ဥပဒ်နှင့် တွေ့ကြုံတတ်၏။ မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။ စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။ မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။ ဥာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။ မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။ ဖြောင့်မတ်သော သူကို အပြစ်ဒဏ်မပေး ကောင်း။ တရားသဖြင့် စီရင်သော မင်းကိုလည်း မထိခိုက် ကောင်း။ သိပ္ပံအတတ်နှင့်ပြည့်စုံသော သူသည် စကား မများတတ်။ ဥာဏ်ကောင်းသောသူသည်လည်း၊ ဧသော စိတ်ရှိတတ်၏။ မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိ ဟူ၍၎င်း၊ မိမိနှုတ်ကိုမဖွင့်ဘဲ နေသောသူကို လည်း၊ ဥာဏ်ကောင်းသောသူဟူ၍၎င်းသူတပါး ထင်တတ်၏။

သုတ္တံ 17:1-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငြိမ်းချမ်းမှု​နှင့်ယှဉ်တွဲ​လျက်​ရှိ​သော မုန့်​ခြောက်​အနည်းငယ်​သည် ခိုက်ရန်ဖြစ်ပွား​ခြင်း​နှင့်ယှဉ်တွဲ​လျက်​ရှိ​သည့် စားသောက်ဖွယ်​အပြည့်​ရှိ​သော​အိမ်​ထက် ပို၍​ကောင်း​၏​။ ပညာသတိ​ရှိ​သော​အစေအပါး​သည် အရှက်ကွဲ​စေ​သော​သား​ကို​အုပ်စိုး​၍ ညီအစ်ကို​တို့​နှင့်အတူ အမွေ​ဝေစု​ကို​ရရှိ​လိမ့်မည်​။ ငွေ​ကို​မိုက်​ဖြင့်​လည်းကောင်း​၊ ရွှေ​ကို​မီးပြင်းဖို​ဖြင့်​လည်းကောင်း စစ်​တတ်​၏​။ စိတ်နှလုံး​ကို​ကား ထာဝရဘုရား​စစ်ဆေး​တော်မူ​၏​။ ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​သည် ယုတ်ညံ့​သော​စကား​ကို အာရုံစိုက်​နားထောင်​တတ်​၏​။ မုသား​ပြောဆို​သော​သူ​သည်​လည်း ယုတ်မာစဉ်းလဲ​သော​စကား​ကို စူးစိုက်​နားထောင်​တတ်​၏​။ ဆင်းရဲ​သော​သူ​ကို​ပြက်ရယ်ပြု​သော​သူ​သည် သူ​၏​ဖန်ဆင်းရှင်​ကို စော်ကား​သော​သူ​ဖြစ်​၏​။ သူတစ်ပါး​ဘေးဒုက္ခ​ရောက်​သည်​ကို ဝမ်းမြောက်​သော​သူ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ မြေး​တို့​သည် အသက်ကြီး​သော​သူ​တို့​၏​သရဖူ​ဖြစ်​၏​။ သားသမီး​တို့​၏​ဂုဏ်ကျက်သရေ​ကား သူ​တို့​၏​မိဘ​ဘိုးဘွား​ဖြစ်​ကြ​၏​။ မွန်မြတ်​သော​နှုတ်ခမ်း​သည် မိုက်မဲ​သော​သူ​နှင့်​မ​သင့်လျော်​ပေ​။ ထို့ထက်မက မုသား​နှုတ်ခမ်း​သည် မင်းအရာရှိ​နှင့် ပို၍ပင်​မ​သင့်လျော်​ပေ​။ တံစိုးလက်ဆောင်​သည် ပေးသူ​၏​အမြင်​တွင် တင့်တယ်​သော​ကျောက်မျက်​ဖြစ်၍ မျက်နှာမူ​ရာ​အရပ်ရပ်​၌ အောင်မြင်​တတ်​၏​။ သူတစ်ပါး​ကျူးလွန်​သော​အပြစ်​ကို ဖုံးအုပ်​ပေး​သော​သူ​သည် ချစ်ခြင်းမေတ္တာ​ကို​ပြုစု​၏​။ အမှုအရာ​ကို​ထပ်တလဲလဲ​ပြောဆို​သော​သူ​မူကား အပေါင်းအဖော်​ကို ကွဲပြား​စေ​တတ်​၏​။ အသိဉာဏ်​ရှိ​သော​သူ​ကို တစ်ကြိမ်​ဆုံးမ​ခြင်း​သည် မိုက်မဲ​သော​သူ​ကို အကြိမ်​တစ်ရာ​ရိုက်​ခြင်း​ထက် ပို၍​အရာ​ရောက်​၏​။ ဆိုးညစ်​သော​သူ​သည် ပုန်ကန်မှု​ကို​သာ​ရှာကြံ​တတ်​သည်​ဖြစ်၍ ရက်စက်​သော​စေတမန်​သည် သူ့​ထံသို့​စေလွှတ်​ခြင်း​ခံရ​လိမ့်မည်​။ မိုက်မဲစိတ်​မွှန်​နေ​သော လူမိုက်​နှင့်​တွေ့​ရ​ခြင်း​ထက် သားငယ်​ဆုံးရှုံး​သော​ဝက်ဝံမ​နှင့်​တွေ့​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။ တစ်စုံတစ်ဦး​သည် ကောင်းမှု​ကို မကောင်းမှု​ဖြင့်​တုံ့ပြန်​လျှင် မကောင်းမှု​သည် သူ့​အိမ်​မှ ထွက်ခွာ​လိမ့်မည်​မ​ဟုတ်​။ အငြင်းပွားမှု​၏​အစ​သည် ရေ​ပေါက်ထွက်​ခါစကဲ့သို့​ဖြစ်​သောကြောင့် ခိုက်ရန်​မ​ဖြစ်ပွား​မီ အငြင်းပွားမှု​ကို​ရပ်စဲ​လော့​။ ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​သတ်မှတ်​သော​သူ​နှင့် ဖြောင့်မတ်​သော​သူ​ကို အပြစ်ရှိ​သည်​ဟု​စီရင်​သော​သူ​နှစ်ဦးစလုံး​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ မိုက်မဲ​သော​သူ​သည် ဉာဏ်​မ​ရှိ​ဘဲ​လျက် ဉာဏ်ပညာ​ကို​ဝယ်ယူ​ရန် လက်​ထဲ၌​ငွေ​ကိုင်​ထား​သည်​မှာ အဘယ်ကြောင့်​နည်း​။ မိတ်ဆွေ​သည် အစဉ်အမြဲ ချစ်ခင်​တတ်​၏​။ ညီအစ်ကို​သည်​လည်း ဆင်းရဲဒုက္ခ​ရောက်​ချိန်​အတွက် မွေးဖွား​လာ​၏​။ အသိဉာဏ်​မ​ရှိ​သော​သူ​သည် သူတစ်ပါး​အတွက် တာဝန်ခံ​ပေး​၍ မိမိ​၏​အိမ်နီးချင်း​အတွက် အာမခံ​ပေး​တတ်​၏​။ အပြစ်​ကျူးလွန်​ခြင်း​ကို​နှစ်သက်​သော​သူ​သည် ခိုက်ရန်​ပြု​ခြင်း​ကို​နှစ်သက်​တတ်​၏​။ မိမိ​၏​တံခါး​ကို​မြှင့်​သော​သူ​သည် ပျက်စီး​ခြင်း​ကို​ရှာကြံ​သော​သူ​ဖြစ်​၏​။ စိတ်နှလုံး​ကောက်ကျစ်​သော​သူ​သည် ကောင်း​သော​အရာ​ကို​တွေ့​ရ​မည်​မ​ဟုတ်​။ လိမ်လည်​ပြောဆို​သော​သူ​သည်​လည်း ဒုက္ခတွင်း​ထဲသို့​ကျရောက်​လိမ့်မည်​။ မိုက်မဲ​သော​သား​ကို​ရ​သော​သူ​၌ ပူဆွေးခြင်း​ရှိ​၏​။ မိုက်မဲ​သော​သူ​၏​ဖခင်​၌​လည်း ဝမ်းမြောက်​ခြင်း​မ​ရှိ​။ ဝမ်းမြောက်​သော​စိတ်နှလုံး​သည် ဆေး​ကောင်း​တစ်​လက်​ဖြစ်​၏​။ စိတ်​ထိခိုက်​နာကျင်​ခြင်း​မူကား အရိုး​ကို​ခြောက်သွေ့​စေ​တတ်​၏​။ ဆိုးယုတ်​သော​သူ​သည် တရားမျှတ​ခြင်း​လမ်းစဉ်​တို့​ကို​ဖျက်​ရန် တံစိုးလက်ဆောင်​ကို လျှို့ဝှက်​စွာ​ယူ​တတ်​၏​။ အသိဉာဏ်​ရှိ​သော​သူ​၏​မျက်နှာ​သည် ဉာဏ်ပညာ​ဘက်​သို့​ရှေးရှု​တတ်​၏​။ မိုက်မဲ​သော​သူ​၏​မျက်စိ​မူကား ကမ္ဘာမြေကြီး​အစွန်း​သို့​ရှေးရှု​တတ်​၏​။ မိုက်မဲ​သော​သား​သည် သူ​၏​ဖခင်​အတွက် ပူဆွေး​စရာ​ဖြစ်၍ သူ့​ကို​မွေးဖွား​သော​သူ​အတွက် ခါးသီး​စရာ​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​ကို အပြစ်ဒဏ်​ပေး​ခြင်း​၊ မင်းအရာရှိ​တို့​ကို ဖြောင့်မှန်မှု​အတွက်​ရိုက်​ခြင်း​သည် မ​ကောင်း​ပေ​။ မိမိ​စကား​ကို​ထိန်းချုပ်​သော​သူ​သည် အသိပညာ​ရှိ​၏​။ စိတ်​အေးဆေး​တည်ငြိမ်​သော​သူ​သည် ထိုးထွင်းဉာဏ်​ရှိ​သော​သူ​ဖြစ်​၏​။ ဆိုးမိုက်​သော​သူ​ပင် တိတ်ဆိတ်​စွာ​နေ​လျှင် ပညာရှိ​ဟူ၍​လည်းကောင်း​၊ မိမိ​၏​နှုတ်​ကို​ပိတ်​ထား​လျှင် အသိဉာဏ်​ရှိ​သော​သူ​ဟူ၍​လည်းကောင်း မှတ်ယူ​ခြင်း​ခံရ​တတ်​၏​။