YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 17

17
1ငြိမ်းချမ်းမှု​နှင့်ယှဉ်တွဲ​လျက်​ရှိ​သော မုန့်​ခြောက်​အနည်းငယ်​သည်
ခိုက်ရန်ဖြစ်ပွား​ခြင်း​နှင့်ယှဉ်တွဲ​လျက်​ရှိ​သည့် စားသောက်ဖွယ်​အပြည့်​ရှိ​သော​အိမ်​ထက် ပို၍​ကောင်း​၏​။
2ပညာသတိ​ရှိ​သော​အစေအပါး​သည် အရှက်ကွဲ​စေ​သော​သား​ကို​အုပ်စိုး​၍
ညီအစ်ကို​တို့​နှင့်အတူ အမွေ​ဝေစု​ကို​ရရှိ​လိမ့်မည်​။
3ငွေ​ကို​မိုက်​ဖြင့်​လည်းကောင်း​၊ ရွှေ​ကို​မီးပြင်းဖို​ဖြင့်​လည်းကောင်း စစ်​တတ်​၏​။
စိတ်နှလုံး​ကို​ကား ထာဝရဘုရား​စစ်ဆေး​တော်မူ​၏​။
4ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​သည် ယုတ်ညံ့​သော​စကား​ကို အာရုံစိုက်​နားထောင်​တတ်​၏​။
မုသား​ပြောဆို​သော​သူ​သည်​လည်း ယုတ်မာစဉ်းလဲ​သော​စကား​ကို စူးစိုက်​နားထောင်​တတ်​၏​။
5ဆင်းရဲ​သော​သူ​ကို​ပြက်ရယ်ပြု​သော​သူ​သည် သူ​၏​ဖန်ဆင်းရှင်​ကို စော်ကား​သော​သူ​ဖြစ်​၏​။
သူတစ်ပါး​ဘေးဒုက္ခ​ရောက်​သည်​ကို ဝမ်းမြောက်​သော​သူ​သည်
အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။
6မြေး​တို့​သည် အသက်ကြီး​သော​သူ​တို့​၏​သရဖူ​ဖြစ်​၏​။
သားသမီး​တို့​၏​ဂုဏ်ကျက်သရေ​ကား သူ​တို့​၏​မိဘ​ဘိုးဘွား​ဖြစ်​ကြ​၏​။
7မွန်မြတ်​သော​နှုတ်ခမ်း​သည် မိုက်မဲ​သော​သူ​နှင့်​မ​သင့်လျော်​ပေ​။
ထို့ထက်မက မုသား​နှုတ်ခမ်း​သည် မင်းအရာရှိ​နှင့် ပို၍ပင်​မ​သင့်လျော်​ပေ​။
8တံစိုးလက်ဆောင်​သည် ပေးသူ​၏​အမြင်​တွင် တင့်တယ်​သော​ကျောက်မျက်​ဖြစ်၍
မျက်နှာမူ​ရာ​အရပ်ရပ်​၌ အောင်မြင်​တတ်​၏​။
9သူတစ်ပါး​ကျူးလွန်​သော​အပြစ်​ကို ဖုံးအုပ်​ပေး​သော​သူ​သည် ချစ်ခြင်းမေတ္တာ​ကို​ပြုစု​၏​။
အမှုအရာ​ကို​ထပ်တလဲလဲ​ပြောဆို​သော​သူ​မူကား အပေါင်းအဖော်​ကို ကွဲပြား​စေ​တတ်​၏​။
10အသိဉာဏ်​ရှိ​သော​သူ​ကို တစ်ကြိမ်​ဆုံးမ​ခြင်း​သည်
မိုက်မဲ​သော​သူ​ကို အကြိမ်​တစ်ရာ​ရိုက်​ခြင်း​ထက် ပို၍​အရာ​ရောက်​၏​။
11ဆိုးညစ်​သော​သူ​သည် ပုန်ကန်မှု​ကို​သာ​ရှာကြံ​တတ်​သည်​ဖြစ်၍
ရက်စက်​သော​စေတမန်​သည် သူ့​ထံသို့​စေလွှတ်​ခြင်း​ခံရ​လိမ့်မည်​။
12မိုက်မဲစိတ်​မွှန်​နေ​သော လူမိုက်​နှင့်​တွေ့​ရ​ခြင်း​ထက်
သားငယ်​ဆုံးရှုံး​သော​ဝက်ဝံမ​နှင့်​တွေ့​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။
13တစ်စုံတစ်ဦး​သည် ကောင်းမှု​ကို မကောင်းမှု​ဖြင့်​တုံ့ပြန်​လျှင်
မကောင်းမှု​သည် သူ့​အိမ်​မှ ထွက်ခွာ​လိမ့်မည်​မ​ဟုတ်​။
14အငြင်းပွားမှု​၏​အစ​သည် ရေ​ပေါက်ထွက်​ခါစကဲ့သို့​ဖြစ်​သောကြောင့်
ခိုက်ရန်​မ​ဖြစ်ပွား​မီ အငြင်းပွားမှု​ကို​ရပ်စဲ​လော့​။
15ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​သတ်မှတ်​သော​သူ​နှင့်
ဖြောင့်မတ်​သော​သူ​ကို အပြစ်ရှိ​သည်​ဟု​စီရင်​သော​သူ​နှစ်ဦးစလုံး​ကို
ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
16မိုက်မဲ​သော​သူ​သည် ဉာဏ်​မ​ရှိ​ဘဲ​လျက် ဉာဏ်ပညာ​ကို​ဝယ်ယူ​ရန်
လက်​ထဲ၌​ငွေ​ကိုင်​ထား​သည်​မှာ အဘယ်ကြောင့်​နည်း​။
17မိတ်ဆွေ​သည် အစဉ်အမြဲ ချစ်ခင်​တတ်​၏​။
ညီအစ်ကို​သည်​လည်း ဆင်းရဲဒုက္ခ​ရောက်​ချိန်​အတွက် မွေးဖွား​လာ​၏​။
18အသိဉာဏ်​မ​ရှိ​သော​သူ​သည် သူတစ်ပါး​အတွက် တာဝန်ခံ​ပေး​၍
မိမိ​၏​အိမ်နီးချင်း​အတွက် အာမခံ​ပေး​တတ်​၏​။
19အပြစ်​ကျူးလွန်​ခြင်း​ကို​နှစ်သက်​သော​သူ​သည် ခိုက်ရန်​ပြု​ခြင်း​ကို​နှစ်သက်​တတ်​၏​။
မိမိ​၏​တံခါး​ကို​မြှင့်​သော​သူ​သည် ပျက်စီး​ခြင်း​ကို​ရှာကြံ​သော​သူ​ဖြစ်​၏​။
20စိတ်နှလုံး​ကောက်ကျစ်​သော​သူ​သည် ကောင်း​သော​အရာ​ကို​တွေ့​ရ​မည်​မ​ဟုတ်​။
လိမ်လည်​ပြောဆို​သော​သူ​သည်​လည်း ဒုက္ခတွင်း​ထဲသို့​ကျရောက်​လိမ့်မည်​။
21မိုက်မဲ​သော​သား​ကို​ရ​သော​သူ​၌ ပူဆွေးခြင်း​ရှိ​၏​။
မိုက်မဲ​သော​သူ​၏​ဖခင်​၌​လည်း ဝမ်းမြောက်​ခြင်း​မ​ရှိ​။
22ဝမ်းမြောက်​သော​စိတ်နှလုံး​သည် ဆေး​ကောင်း​တစ်​လက်​ဖြစ်​၏​။
စိတ်​ထိခိုက်​နာကျင်​ခြင်း​မူကား အရိုး​ကို​ခြောက်သွေ့​စေ​တတ်​၏​။
23ဆိုးယုတ်​သော​သူ​သည် တရားမျှတ​ခြင်း​လမ်းစဉ်​တို့​ကို​ဖျက်​ရန်
တံစိုးလက်ဆောင်​ကို လျှို့ဝှက်​စွာ​ယူ​တတ်​၏​။
24အသိဉာဏ်​ရှိ​သော​သူ​၏​မျက်နှာ​သည် ဉာဏ်ပညာ​ဘက်​သို့​ရှေးရှု​တတ်​၏​။
မိုက်မဲ​သော​သူ​၏​မျက်စိ​မူကား ကမ္ဘာမြေကြီး​အစွန်း​သို့​ရှေးရှု​တတ်​၏​။
25မိုက်မဲ​သော​သား​သည် သူ​၏​ဖခင်​အတွက် ပူဆွေး​စရာ​ဖြစ်၍
သူ့​ကို​မွေးဖွား​သော​သူ​အတွက် ခါးသီး​စရာ​ဖြစ်​၏​။
26ဖြောင့်မတ်​သော​သူ​ကို အပြစ်ဒဏ်​ပေး​ခြင်း​၊
မင်းအရာရှိ​တို့​ကို ဖြောင့်မှန်မှု​အတွက်​ရိုက်​ခြင်း​သည် မ​ကောင်း​ပေ​။
27မိမိ​စကား​ကို​ထိန်းချုပ်​သော​သူ​သည် အသိပညာ​ရှိ​၏​။
စိတ်​အေးဆေး​တည်ငြိမ်​သော​သူ​သည် ထိုးထွင်းဉာဏ်​ရှိ​သော​သူ​ဖြစ်​၏​။
28ဆိုးမိုက်​သော​သူ​ပင် တိတ်ဆိတ်​စွာ​နေ​လျှင် ပညာရှိ​ဟူ၍​လည်းကောင်း​၊
မိမိ​၏​နှုတ်​ကို​ပိတ်​ထား​လျှင် အသိဉာဏ်​ရှိ​သော​သူ​ဟူ၍​လည်းကောင်း မှတ်ယူ​ခြင်း​ခံရ​တတ်​၏​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။