YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 16:1-16

သုတ္တံ 16:1-16 Judson Bible (JBMLE)

စိတ်​နှ​လုံး​အ​ကြံ​အ​စည်​တို့​သည် လူ​နှင့်​ဆိုင်​ကြ၏။ လျှာ​နှင့် ပြန်​ပြော​ချက်​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။ လူ​သည် မိ​မိ​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို နှစ်​သက်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ စိတ်​သ​ဘော​တို့​ကို ချိန်​တော်​မူ၏။ ကိုယ်​ပြု​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား၌​အပ်​လော့။ သို့​ပြု​လျှင် သင်၏​အ​ကြံ​အ​စည်​တို့​သည် တည်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ကိုယ်​တော်​အ​ဖို့၊ မ​တ​ရား​သော​သူ​တို့​ကို​လည်း ဘေး​ဒဏ်​ခံ​ရ​သော​နေ့​အ​ဖို့ ဖန်​ဆင်း​တော်​မူ၏။ မာ​န​ကြီး​သော​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ သူ​တို့​သည်​အ​သင်း​ဖွဲ့​သော်​လည်း၊ အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ​ကြ။ က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​အား​ဖြင့် အ​ပြစ်​ပြေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​အား​ဖြင့် ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ လူ​ကျင့်​သော​အ​ကျင့်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​သော​အ​ခါ၊ ထို​သူ၏​ရန်​သူ​ကို​ပင် သူ​နှင့် သင့်​တင့်​စေ​တော်​မူ၏။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​နှင့် ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည်၊ မ​တ​ရား​သ​ဖြင့်​ရ​သော ဥ​စ္စာ​အ​များ​ထက်​သာ၍​ကောင်း၏။ လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို စိတ်​ထဲ​မှာ ကြံ​စည်၏။ သို့​သော်​လည်း သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။ ရှင်​ဘု​ရင်၏​နှုတ်​ခမ်း​တို့၌ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဖြစ်၍၊ တ​ရား​ဆုံး​ဖြတ်​ရာ​အ​မှု၌ နှုတ်​တော်​သည် မ​မှား​စေ​နှင့်။ မှန်​သော​အ​လေး​နှင့် မှန်​သော​ချိန်​ခွင်​သည် ထာ​ဝ​ရ​ဘု​ရား၏​ဥ​စ္စာ​ဖြစ်၏။ အ​လေး​အိတ်၌ ပါ​သ​မျှ​သော​အ​လေး​တို့​သည် စီ​ရင်​တော်​မူ​ရာ ဖြစ်​ကြ၏။ ရှင်​ဘု​ရင်​ပြု​သော​ဒု​စ​ရိုက်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ရာ​ဇ​ပ​လ္လင်​သည် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်​သာ တည်​တတ်၏။ ဖြောင့်​မတ်​သော​နှုတ်​ခမ်း​တို့​သည် ရှင်​ဘု​ရင် နှစ်​သက်​ရာ​ဖြစ်၏။ မှန်​ကန်​စွာ​ပြော​သော​သူ​ကို ရှင်​ဘု​ရင် ချစ်​တတ်၏။ ရှင်​ဘု​ရင်၏​အ​မျက်​သည် သေ​မင်း​တ​မန်​ကဲ့​သို့ ဖြစ်၏။ သို့​သော်​လည်း၊ ပ​ညာ​ရှိ​သော​သူ​သည် အ​မျက်​တော်​ကို ဖြေ​တတ်၏။ ရှင်​ဘု​ရင်​မျက်​နှာ​ပွင့်​လန်း​သော​အား​ဖြင့် အ​သက်​ချမ်း​သာ​ရ၏။ ကျေး​ဇူး​တော်​သည် နောက်​ရွာ​သော​မိုး​တိမ်​ကဲ့​သို့ ဖြစ်၏။ ရွှေ​ကို​ရ​တတ်​ခြင်း​ထက် ပ​ညာ​ကို​ရ​တတ်​ခြင်း​သည် အ​လွန်​ကောင်း၏။ ငွေ​ကို​အ​မြတ်​မ​ထား၊ ဉာဏ်​နှင့် ပြည့်​စုံ​ခြင်း​ကို အ​မြတ်​ထား​စ​ရာ​အ​လွန်​ကောင်း၏။

သုတ္တံ 16:1-16 Common Language Bible (BCL)

စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့်ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော် မူ၏။ လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘော တို့ကို ချိန်တော်မူ၏။ ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြ လိမ့်မည်။ ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။ မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော် လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။ ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။ လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။ ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည်၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ၍ ကောင်း၏။ လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။ ရှင်ဘုရင်၏ နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည် ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေ နှင့်။ မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။ ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ်၏။ ဖြောင့်မတ်သော နှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ်၏။ ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။ ရှင်ဘုရင် မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။ ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။

သုတ္တံ 16:1-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

စိတ်နှလုံး​၏​တွေးတောကြံစည်မှု​တို့​သည် လူ​နှင့်​ဆိုင်​၏​။ လျှာ​ဖြေကြား​သော​စကား​မူကား ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။ လူ​သည် မိမိ​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​ကို သန့်ရှင်းစင်ကြယ်​သည်​ဟု ထင်မြင်​တတ်​၏​။ သို့သော် ထာဝရဘုရား​သည် စိတ်သဘော​ကို​ချိန်တွယ်​တော်မူ​၏​။ သင်​ပြု​သော​အမှု​တို့​ကို ထာဝရဘုရား​ထံ​အပ်နှံ​လော့​။ သို့ပြုလျှင် သင်​၏​အကြံအစည်​တို့​သည် တည်​ကြ​လိမ့်မည်​။ ထာဝရဘုရား​သည် ခပ်သိမ်း​သော​အရာ​တို့​ကို မိမိ​ရည်ရွယ်​ချက်​အတွက် ပြင်ဆင်​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​ကို​ပင်လျှင် ဒုက္ခခံရာ​နေ့ရက်​အတွက် ပြင်ဆင်​တော်မူ​၏​။ ဘဝင်မြင့်​သော​သူ​အပေါင်း​တို့​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ သူ​တို့​သည် မည်သို့မျှ အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ မေတ္တာကရုဏာ​နှင့်​သမ္မာတရား​အားဖြင့် အပြစ်​ဖြေလွှတ်​ခြင်း​ခံရ​၍ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​အားဖြင့် မကောင်းမှု​မှ​ဖယ်ခွာ​နိုင်​၏​။ လူ​တစ်ဦး​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို ထာဝရဘုရား​နှစ်သက်​တော်မူ​သောအခါ ထို​သူ​၏​ရန်သူ​များ​ကို​ပင် သူ​နှင့်​သင့်မြတ်​စေ​တော်မူ​၏​။ တရားသဖြင့်​ရ​သော အမြတ်အစွန်း​အနည်းငယ်​သည် မတရား​သဖြင့်​ရ​သော အမြတ်အစွန်း​များစွာ​ထက် ပို၍​ကောင်း​၏​။ လူ​၏​စိတ်နှလုံး​သည် မိမိ​သွား​ရာ​လမ်း​ကို ကြံစည်​တတ်​၏​။ သို့သော် ထာဝရဘုရား​သည် သူ​၏​ခြေလှမ်း​များ​ကို တည့်မတ်​စေ​တော်မူ​မည်​။ ရှင်ဘုရင်​၏​နှုတ်ခမ်း​တွင် နိမိတ်စကား​ရှိ​၏​။ တရားစီရင်​ရာ​၌ သူ​၏​နှုတ်​သည် မှားယွင်း​မည်​မ​ဟုတ်​။ မှန်ကန်​သော​ကတ္တား​နှင့်​ချိန်ခွင်​ကို ထာဝရဘုရား​ပိုင်​တော်မူ​၏​။ အိတ်​ထဲ၌​ရှိ​သော​အလေး​အားလုံး​ကို​လည်း ကိုယ်တော်​ပြုလုပ်​တော်မူ​၏​။ ရာဇပလ္လင်​သည် ဖြောင့်မတ်​ခြင်း​အားဖြင့် တည်မြဲ​သည်​ဖြစ်၍ ရှင်ဘုရင်​တို့​သည် ဆိုးယုတ်​သော​အမှု​ပြု​ရ​မည်​ကို စက်ဆုပ်ရွံရှာ​ကြ​၏​။ ရှင်ဘုရင်​တို့​သည် ဖြောင့်မတ်​သော​နှုတ်ခမ်း​ကို​နှစ်သက်​၍ ဖြောင့်မှန်​စွာ​ပြောဆို​သော​သူ​ကို ချစ်​ကြ​၏​။ ရှင်ဘုရင်​၏​အမျက်ဒေါသ​သည် သေ​ခြင်း​၏​စေတမန်​ဖြစ်​၏​။ သို့သော် ပညာရှိ​သော​သူ​သည် ၎င်း​ကို​ပြေ​စေ​တတ်​၏​။ ရှင်ဘုရင်​၏​မျက်နှာ​တော်​ကြည်လင်​တောက်ပ​ရာ​၌ အသက်ရှင်​ခြင်း​ရှိ​၏​။ သူ​၏​ကျေးဇူး​ပြု​ခြင်း​သည် နွေဦးမိုး​ကို​ရွာ​စေ​သည့် တိမ်တိုက်​ကဲ့သို့​ဖြစ်​၏​။ ရွှေ​ကို​ရရှိ​ခြင်း​ထက် ဉာဏ်ပညာ​ကို​ရရှိ​ခြင်း​သည် အလွန်​ကောင်း​၏​။ ငွေ​ကို​ရရှိ​ခြင်း​ထက် အသိဉာဏ်​ရရှိ​ခြင်း​ကို ရွေးချယ်​ရန်​ကောင်း​၏​။