စိတ်နှလုံး၏တွေးတောကြံစည်မှုတို့သည် လူနှင့်ဆိုင်၏။ လျှာဖြေကြားသောစကားမူကား ထာဝရဘုရားထံတော်မှလာ၏။ လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို သန့်ရှင်းစင်ကြယ်သည်ဟု ထင်မြင်တတ်၏။ သို့သော် ထာဝရဘုရားသည် စိတ်သဘောကိုချိန်တွယ်တော်မူ၏။ သင်ပြုသောအမှုတို့ကို ထာဝရဘုရားထံအပ်နှံလော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။ ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို မိမိရည်ရွယ်ချက်အတွက် ပြင်ဆင်တော်မူ၏။ ဆိုးယုတ်သောသူကိုပင်လျှင် ဒုက္ခခံရာနေ့ရက်အတွက် ပြင်ဆင်တော်မူ၏။ ဘဝင်မြင့်သောသူအပေါင်းတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် မည်သို့မျှ အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ မေတ္တာကရုဏာနှင့်သမ္မာတရားအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရ၍ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအားဖြင့် မကောင်းမှုမှဖယ်ခွာနိုင်၏။ လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။ တရားသဖြင့်ရသော အမြတ်အစွန်းအနည်းငယ်သည် မတရားသဖြင့်ရသော အမြတ်အစွန်းများစွာထက် ပို၍ကောင်း၏။ လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။ သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။ ရှင်ဘုရင်၏နှုတ်ခမ်းတွင် နိမိတ်စကားရှိ၏။ တရားစီရင်ရာ၌ သူ၏နှုတ်သည် မှားယွင်းမည်မဟုတ်။ မှန်ကန်သောကတ္တားနှင့်ချိန်ခွင်ကို ထာဝရဘုရားပိုင်တော်မူ၏။ အိတ်ထဲ၌ရှိသောအလေးအားလုံးကိုလည်း ကိုယ်တော်ပြုလုပ်တော်မူ၏။ ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့် တည်မြဲသည်ဖြစ်၍ ရှင်ဘုရင်တို့သည် ဆိုးယုတ်သောအမှုပြုရမည်ကို စက်ဆုပ်ရွံရှာကြ၏။ ရှင်ဘုရင်တို့သည် ဖြောင့်မတ်သောနှုတ်ခမ်းကိုနှစ်သက်၍ ဖြောင့်မှန်စွာပြောဆိုသောသူကို ချစ်ကြ၏။ ရှင်ဘုရင်၏အမျက်ဒေါသသည် သေခြင်း၏စေတမန်ဖြစ်၏။ သို့သော် ပညာရှိသောသူသည် ၎င်းကိုပြေစေတတ်၏။ ရှင်ဘုရင်၏မျက်နှာတော်ကြည်လင်တောက်ပရာ၌ အသက်ရှင်ခြင်းရှိ၏။ သူ၏ကျေးဇူးပြုခြင်းသည် နွေဦးမိုးကိုရွာစေသည့် တိမ်တိုက်ကဲ့သို့ဖြစ်၏။ ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် အလွန်ကောင်း၏။ ငွေကိုရရှိခြင်းထက် အသိဉာဏ်ရရှိခြင်းကို ရွေးချယ်ရန်ကောင်း၏။
သုတ္တံကျမ်း 16 ကိုဖတ်ပါ။
နားထောင်ပါ။ သုတ္တံကျမ်း 16
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံကျမ်း 16:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ