YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 16

16
1စိတ်​နှ​လုံး​အ​ကြံ​အ​စည်​တို့​သည် လူ​နှင့်​ဆိုင်​ကြ၏။ လျှာ​နှင့် ပြန်​ပြော​ချက်​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။ 2လူ​သည် မိ​မိ​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို နှစ်​သက်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ စိတ်​သ​ဘော​တို့​ကို ချိန်​တော်​မူ၏။ 3ကိုယ်​ပြု​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား၌​အပ်​လော့။ သို့​ပြု​လျှင် သင်၏​အ​ကြံ​အ​စည်​တို့​သည် တည်​ကြ​လိမ့်​မည်။ 4ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ကိုယ်​တော်​အ​ဖို့၊ မ​တ​ရား​သော​သူ​တို့​ကို​လည်း ဘေး​ဒဏ်​ခံ​ရ​သော​နေ့​အ​ဖို့ ဖန်​ဆင်း​တော်​မူ၏။ 5မာ​န​ကြီး​သော​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ သူ​တို့​သည်​အ​သင်း​ဖွဲ့​သော်​လည်း၊ အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ​ကြ။ 6က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​အား​ဖြင့် အ​ပြစ်​ပြေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​အား​ဖြင့် ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ 7လူ​ကျင့်​သော​အ​ကျင့်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​သော​အ​ခါ၊ ထို​သူ၏​ရန်​သူ​ကို​ပင် သူ​နှင့် သင့်​တင့်​စေ​တော်​မူ၏။ 8ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​နှင့် ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည်၊ မ​တ​ရား​သ​ဖြင့်​ရ​သော ဥ​စ္စာ​အ​များ​ထက်​သာ၍​ကောင်း၏။ 9လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို စိတ်​ထဲ​မှာ ကြံ​စည်၏။ သို့​သော်​လည်း သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။ 10ရှင်​ဘု​ရင်၏​နှုတ်​ခမ်း​တို့၌ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဖြစ်၍၊ တ​ရား​ဆုံး​ဖြတ်​ရာ​အ​မှု၌ နှုတ်​တော်​သည် မ​မှား​စေ​နှင့်။ 11မှန်​သော​အ​လေး​နှင့် မှန်​သော​ချိန်​ခွင်​သည် ထာ​ဝ​ရ​ဘု​ရား၏​ဥ​စ္စာ​ဖြစ်၏။ အ​လေး​အိတ်၌ ပါ​သ​မျှ​သော​အ​လေး​တို့​သည် စီ​ရင်​တော်​မူ​ရာ ဖြစ်​ကြ၏။ 12ရှင်​ဘု​ရင်​ပြု​သော​ဒု​စ​ရိုက်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ရာ​ဇ​ပ​လ္လင်​သည် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်​သာ တည်​တတ်၏။ 13ဖြောင့်​မတ်​သော​နှုတ်​ခမ်း​တို့​သည် ရှင်​ဘု​ရင် နှစ်​သက်​ရာ​ဖြစ်၏။ မှန်​ကန်​စွာ​ပြော​သော​သူ​ကို ရှင်​ဘု​ရင် ချစ်​တတ်၏။ 14ရှင်​ဘု​ရင်၏​အ​မျက်​သည် သေ​မင်း​တ​မန်​ကဲ့​သို့ ဖြစ်၏။ သို့​သော်​လည်း၊ ပ​ညာ​ရှိ​သော​သူ​သည် အ​မျက်​တော်​ကို ဖြေ​တတ်၏။ 15ရှင်​ဘု​ရင်​မျက်​နှာ​ပွင့်​လန်း​သော​အား​ဖြင့် အ​သက်​ချမ်း​သာ​ရ၏။ ကျေး​ဇူး​တော်​သည် နောက်​ရွာ​သော​မိုး​တိမ်​ကဲ့​သို့ ဖြစ်၏။
16ရွှေ​ကို​ရ​တတ်​ခြင်း​ထက် ပ​ညာ​ကို​ရ​တတ်​ခြင်း​သည် အ​လွန်​ကောင်း၏။ ငွေ​ကို​အ​မြတ်​မ​ထား၊ ဉာဏ်​နှင့် ပြည့်​စုံ​ခြင်း​ကို အ​မြတ်​ထား​စ​ရာ​အ​လွန်​ကောင်း၏။ 17ဖြောင့်​မတ်​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ ဒု​စ​ရိုက်​ကို ရှောင်​ခြင်း​တည်း။ ထို​လမ်း​မှ​မ​လွှဲ​ဘဲ အ​မြဲ​လိုက်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​တတ်၏။ 18မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။ 19စိတ်​နှိမ့်​ချ​သော​သူ​တို့​နှင့် ပေါင်း​ဖော်၍ စိတ်​နှိမ့်​ချ​ခြင်း​သည်၊ မာ​န​ကြီး​သော​သူ​တို့​နှင့် ဆက်​ဆံ၍ လု​ယူ​သော​ဥ​စ္စာ​ကို ဝေ​မျှ​ခြင်း​ထက် သာ၍​ကောင်း၏။ 20ပ​ညာ​နှင့် အ​မှု​စောင့်​သော​သူ​သည် အ​ကျိုး​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​သည်​လည်း မင်္ဂ​လာ​ရှိ၏။ 21လိ​မ္မာ​သော စိတ်​သ​ဘော​ရှိ​သော​သူ​သည် ပ​ညာ​သ​တိ​ရှိ​သည်​ဟု ကျော်​စော​ရာ​သို့ ရောက်​တတ်၏။ ချို​သော​စ​ကား​ကို ပြော​တတ်​သော နှုတ်​သ​တ္တိ​သည်​လည်း ပ​ညာ​အ​တတ်​ကို တိုး​ပွား​စေ​တတ်၏။ 22ဉာဏ်​ပ​ညာ​ကို​ရ​သော​သူ​သည် အ​သက်​စမ်း​ရေ​တွင်း​ကို ရ၏။ မိုက်​သော​သူ​တို့၏ သွန်​သင်​ခြင်း​မူ​ကား၊ မိုက်​ခြင်း​ဖြစ်၏။ 23ပ​ညာ​ရှိ​သော​သူ၏​နှ​လုံး​သည် သူ၏​နှုတ်​ကို​သွန်​သင်၍၊ သူ၏​နှုတ်​ခမ်း​တို့၌ ပ​ညာ​အ​တတ်​ကို ထပ်​လောင်း​တတ်၏။ 24သာ​ယာ​သော​စ​ကား​တို့​သည် ပျား​လ​ပို့​ကဲ့​သို့​ဖြစ်၍၊ စိတ်​ဝိ​ညာဉ်၌ ချို​မြိန်​လျက်၊ ကိုယ်​အ​ရိုး​ကို ကျန်း​မာ​စေ​လျက်​ရှိ​ကြ၏။ 25လူ​ထင်​သည်​အ​တိုင်း မှန်​သော​လ​က္ခ​ဏာ​ရှိ​သော်​လည်း၊ အ​ဆုံး၌ သေ​ခြင်း​သို့​ပို့​သော​လမ်း​တစ်​မျိုး​ရှိ၏။#သု၊ ၁၄:၁၂။ 26အ​လုပ်​လုပ်​သော​သူ​သည်၊ မိ​မိ​ပါး​စပ်​တောင်း​သော​ကြောင့်၊ မိ​မိ​အ​ဖို့ လုပ်​တတ်၏။ 27အ​ဓ​မ္မ​လူ​သည် မ​ကောင်း​သော​အ​မှု​ကို ကြိုး​စား၍ ကြံ​စည်​တတ်၏။ သူ၏​နှုတ်​ခမ်း၌ လောင်​သော​မီး​ကဲ့​သို့ ရှိ၏။ 28သ​ဘော​ကောက်​သော​သူ​သည် ရန်​မျိုး​စေ့​ကို ကြဲ​တတ်၏။ ကုန်း​တိုက်​သော​သူ​သည်​လည်း၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ​တတ်၏။ 29ကြမ်း​ကြုတ်​သော​သူ​သည် အိမ်​နီး​ချင်း​ကို​ချော့​မော့၍၊ မ​ကောင်း​သော​လမ်း​ထဲ​သို့ သွေး​ဆောင်​တတ်၏။ 30ကောက်​သော​အ​ကြံ​ကို ကြံ​စည်​ခြင်း​ငှာ​မျက်​စိ​မှိတ်၍၊ နှုတ်​ခမ်း​တို့​ကို လှုပ်​သ​ဖြင့်၊ ဆိုး​ယုတ်​သော​အ​မှု​ကို ပြီး​စီး​တတ်၏။ 31ဖြူ​သော​ဆံ​ပင်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း၌​တည်​လျှင်၊ ဘုန်း​ကြီး​သော​သ​ရ​ဖူ​ဖြစ်၏။ 32စိတ်​ရှည်​သော​သူ​သည် ခွန်​အား​ကြီး​သော​သူ​ထက်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​ချုပ်​တည်း​သော​သူ​သည် မြို့​ကို​တိုက်​ယူ​သော သူ​ထက်​လည်း​ကောင်း သာ၍​ကောင်း၏။ 33စာ​ရေး​တံ​တို့​ကို အိတ်​ထဲ၌​လောင်း​လျက်​ရှိ​ရာ​တွင်၊ ခွဲ​ဝေ​စီ​ရင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။