1
သုတ္တံ 16:3
Judson Bible
ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ်လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။
နှိုင်းယှဉ်
သုတ္တံ 16:3ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံ 16:9
လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည်၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။
သုတ္တံ 16:9ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံ 16:24
သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။
သုတ္တံ 16:24ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံ 16:1
စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့် ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော်မူ၏။
သုတ္တံ 16:1ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံ 16:32
စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်လည်းကောင်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကိုတိုက်ယူသော သူထက်လည်းကောင်း သာ၍ကောင်း၏။
သုတ္တံ 16:32ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံ 16:18
မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။
သုတ္တံ 16:18ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံ 16:2
လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘောတို့ကို ချိန်တော်မူ၏။
သုတ္တံ 16:2ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံ 16:20
ပညာနှင့် အမှုစောင့်သောသူသည် အကျိုးကိုရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။
သုတ္တံ 16:20ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံ 16:8
ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သော ဥစ္စာအနည်းငယ်သည်၊ မတရားသဖြင့်ရသော ဥစ္စာအများထက်သာ၍ကောင်း၏။
သုတ္တံ 16:8ရှာဖွေလေ့လာလိုက်ပါ။
10
သုတ္တံ 16:25
လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။
သုတ္တံ 16:25ရှာဖွေလေ့လာလိုက်ပါ။
11
သုတ္တံ 16:28
သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သောသူသည်လည်း၊ မိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။
သုတ္တံ 16:28ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ