1
သုတ္တံ 17:17
Judson Bible
အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။
နှိုင်းယှဉ်
သုတ္တံ 17:17ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံ 17:22
စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။
သုတ္တံ 17:22ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံ 17:9
သူတစ်ပါးပြစ်မှားသော အမှုကို ဝှက်ထားသောသူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။
သုတ္တံ 17:9ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံ 17:27
သိပ္ပံအတတ်နှင့် ပြည့်စုံသောသူသည် စကားမများတတ်။ ဉာဏ်ကောင်းသောသူသည်လည်း၊ ဧသောစိတ်ရှိတတ်၏။
သုတ္တံ 17:27ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံ 17:28
မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိနှုတ်ကို မဖွင့်ဘဲနေသောသူကိုလည်း၊ ဉာဏ်ကောင်းသောသူ ဟူ၍လည်းကောင်း သူတစ်ပါးထင်တတ်၏။
သုတ္တံ 17:28ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံ 17:1
တစ်အိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့သောစိတ်နှင့် စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ်သော မုန့်တစ်လုပ်စာသည် သာ၍ကောင်း၏။
သုတ္တံ 17:1ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံ 17:14
ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မီ တွေ့စရာအကြောင်းကို ရှောင်လော့။
သုတ္တံ 17:14ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံ 17:15
မတရားသောသူတို့ကို အပြစ်မှလွှတ်သောသူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သောသူ နှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
သုတ္တံ 17:15ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ