1
သုတ္တံ 18:21
Judson Bible
လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကိုအစိုးရ၏။ လျှာကိုနှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
နှိုင်းယှဉ်
သုတ္တံ 18:21ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံ 18:10
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
သုတ္တံ 18:10ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံ 18:24
အပေါင်းအဖော်များသောသူသည် အကျိုးနည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည်ထက် သာ၍ စွဲကပ်တတ်၏။
သုတ္တံ 18:24ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံ 18:22
မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။
သုတ္တံ 18:22ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံ 18:13
အကျိုးအကြောင်းကို မစစ်မီ၊ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
သုတ္တံ 18:13ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံ 18:2
မိုက်သောသူမူကား၊ မိမိစိတ်သဘောကို ပြစရာအခွင့်မှတစ်ပါး၊ အခြားသောအကြောင်းကြောင့် ဉာဏ်ပညာ၌ မပျော်မွေ့တတ်။
သုတ္တံ 18:2ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံ 18:12
ပျက်စီးခြင်းအရင်၌ လူသည် စိတ်မြင့်ခြင်း၏နေရာ၊ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
သုတ္တံ 18:12ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ