သုတ္တံ 15:18-33
သုတ္တံ 15:18-33 Judson Bible (JBMLE)
မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သောသူမူကား ငြိမ်းတတ်၏။ ပျင်းရိသောသူ သွားရာလမ်း၌ ဆူးပင်ဆီးကာလျက်ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။ ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။ ဉာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့တတ်၏။ ဉာဏ်ရှိသောသူမူကား၊ ဖြောင့်မတ်သောအကျင့်ကို ကျင့်တတ်၏။ တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်၏။ လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။ ပညာရှိသောသူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။ မာနထောင်လွှားသောသူ၏အိမ်ကို ထာဝရဘုရားဖျက်ဆီးတော်မူမည်။ မုဆိုးမနေရာ အရပ်ကိုကား၊ တည်စေတော်မူမည်။ မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။ မတရားသော စီးပွားကိုရှာသောသူသည် မိမိအိမ်သားတို့ကို နှောင့်ယှက်တတ်၏။ တံစိုးကိုရွံသောသူမူကား အသက်ချမ်းသာရလိမ့်မည်။ ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသောသူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်းလောင်းတတ်၏။ ထာဝရဘုရားသည် မတရားသောသူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ပတ္ထနာစကားကိုကား နားထောင်တော်မူ၏။ မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ်၏။ ကောင်းသောသတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့် ပြည့်ဝစေတတ်၏။ အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နားထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဖော်ရသောအခွင့်ရှိ၏။ ဆုံးမခြင်းစကားကိုပယ်သောသူသည် မိမိအသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နားထောင်သောသူမူကား၊ ဉာဏ်ကိုရတတ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။

သုတ္တံ 15:18-33 Common Language Bible (BCL)
မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သော သူမူကားငြိမ်းတတ်၏။ ပျင်းရိသောသူသွားရာ လမ်း၌ဆူးပင်ဆီးကာ လျက် ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။ ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့ တတ်၏။ ဥာဏ်ရှိသော သူမူကား၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ်၏။ တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင် ပင်သော သူများလျှင်မူကား၊ အကြံတည်တတ်၏။ လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်း မြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသော စကားသည်လည်း အလွန်လျောက်ပတ်ပေ၏။ ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။ မာနထောင်လွှားသော သူ၏အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည်။ မုတ်ဆိုးမနေရာ အရပ်ကို ကား၊ တည်စေတော်မူမည်။ မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။ မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။ ဖြောင့်မတ်သော သူသည်အဘယ်သို့ ပြန်ပြော ရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသော သူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်း လောင်းတတ်၏။ ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။ မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ် ၏။ ကောင်းသော သိတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝစေတတ်၏။ အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နား ထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဘော်ရသော အခွင့်ရှိ၏။ ဆုံးမခြင်းစကားကို ပယ်သောသူသည် မိမိ အသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နား ထောင်သော သူမူကား၊ ဥာဏ်ကိုရတတ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
သုတ္တံ 15:18-33 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။ ပျင်းရိသောသူ၏လမ်းသည် ဆူးစည်းရိုးသဖွယ်ဖြစ်၏။ ဖြောင့်မှန်သောသူတို့၏လမ်းခရီးမူကား ပြန့်ပြူး၏။ ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေတတ်၏။ မိုက်မဲသောသားမူကား မိမိ၏မိခင်ကိုမထီမဲ့မြင်ပြုတတ်၏။ အသိစိတ်မရှိသောသူသည် မိုက်မဲခြင်း၌ဝမ်းမြောက်တတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား ဖြောင့်မှန်စွာလျှောက်လှမ်းတတ်၏။ ဆွေးနွေးတိုင်ပင်ခြင်းမရှိလျှင် အကြံအစည်များပျက်တတ်၏။ အကြံပေးသူများစွာရှိလျှင်မူကား အကြံအစည်ထမြောက်တတ်၏။ လူသည် မိမိနှုတ်၏တုံ့ပြန်စကားအားဖြင့် ဝမ်းမြောက်ခြင်းကိုခံစားရ၏။ သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည်လည်း ကောင်းမြတ်လှပေ၏။ အသက်ရှင်ခြင်းလမ်းသည် ပညာသတိရှိသောသူကို အထက်အရပ်သို့ပို့ဆောင်ပေး၏။ ထိုသို့အားဖြင့် သူသည် အောက်မရဏာနိုင်ငံမှဖယ်ခွာနိုင်မည်ဖြစ်၏။ ထာဝရဘုရားသည် မောက်မာသောသူ၏အိမ်ကို ဖြိုဖျက်တော်မူလိမ့်မည်။ မုဆိုးမ၏နယ်နိမိတ်ကိုကား တည်စေတော်မူလိမ့်မည်။ မကောင်းမှုပြုသောသူ၏အကြံအစည်များကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သို့သော် နှစ်လိုဖွယ်စကားတို့သည် စင်ကြယ်၏။ မတရားသောအကျိုးစီးပွားကိုတပ်မက်သောသူသည် မိမိအိမ်သူအိမ်သားတို့ကို ဒုက္ခပေးတတ်၏။ တံစိုးလက်ဆောင်ကိုမုန်းသောသူမူကား အသက်ရှင်ရလိမ့်မည်။ ဖြောင့်မတ်သောသူ၏စိတ်နှလုံးသည် မည်သို့ဖြေကြားရမည်ကို တွေးဆတတ်၏။ ဆိုးယုတ်သောသူတို့၏နှုတ်မူကား မကောင်းသောအရာများကို သွန်ထုတ်တတ်၏။ ထာဝရဘုရားသည် ဆိုးယုတ်သောသူတို့နှင့် ဝေးကွာတော်မူ၏။ ဖြောင့်မတ်သောသူတို့၏ဆုတောင်းချက်ကိုကား နားညောင်းတော်မူ၏။ မျက်စိအလင်းသည် စိတ်နှလုံးကိုဝမ်းမြောက်စေတတ်၏။ ကောင်းသောသတင်းစကားသည်လည်း အရိုးကိုကျန်းမာစေတတ်၏။ အသက်ရှင်ခြင်းနှင့်ဆိုင်သောဆိုဆုံးမစကားကို နားထောင်သောသူသည် ပညာရှိသောသူတို့အလယ်၌ နေရလိမ့်မည်။ ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူသည် ကိုယ့်ကိုယ်ကိုယ်အလေးမထားတတ်။ ဆိုဆုံးမစကားကိုနားထောင်သောသူမူကား အသိဉာဏ်ကိုရတတ်၏။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာနှင့်ဆိုင်သောဆုံးမပဲ့ပြင်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။