ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။ ပျင်းရိသောသူ၏လမ်းသည် ဆူးစည်းရိုးသဖွယ်ဖြစ်၏။ ဖြောင့်မှန်သောသူတို့၏လမ်းခရီးမူကား ပြန့်ပြူး၏။ ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေတတ်၏။ မိုက်မဲသောသားမူကား မိမိ၏မိခင်ကိုမထီမဲ့မြင်ပြုတတ်၏။ အသိစိတ်မရှိသောသူသည် မိုက်မဲခြင်း၌ဝမ်းမြောက်တတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား ဖြောင့်မှန်စွာလျှောက်လှမ်းတတ်၏။ ဆွေးနွေးတိုင်ပင်ခြင်းမရှိလျှင် အကြံအစည်များပျက်တတ်၏။ အကြံပေးသူများစွာရှိလျှင်မူကား အကြံအစည်ထမြောက်တတ်၏။ လူသည် မိမိနှုတ်၏တုံ့ပြန်စကားအားဖြင့် ဝမ်းမြောက်ခြင်းကိုခံစားရ၏။ သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည်လည်း ကောင်းမြတ်လှပေ၏။ အသက်ရှင်ခြင်းလမ်းသည် ပညာသတိရှိသောသူကို အထက်အရပ်သို့ပို့ဆောင်ပေး၏။ ထိုသို့အားဖြင့် သူသည် အောက်မရဏာနိုင်ငံမှဖယ်ခွာနိုင်မည်ဖြစ်၏။ ထာဝရဘုရားသည် မောက်မာသောသူ၏အိမ်ကို ဖြိုဖျက်တော်မူလိမ့်မည်။ မုဆိုးမ၏နယ်နိမိတ်ကိုကား တည်စေတော်မူလိမ့်မည်။ မကောင်းမှုပြုသောသူ၏အကြံအစည်များကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သို့သော် နှစ်လိုဖွယ်စကားတို့သည် စင်ကြယ်၏။ မတရားသောအကျိုးစီးပွားကိုတပ်မက်သောသူသည် မိမိအိမ်သူအိမ်သားတို့ကို ဒုက္ခပေးတတ်၏။ တံစိုးလက်ဆောင်ကိုမုန်းသောသူမူကား အသက်ရှင်ရလိမ့်မည်။ ဖြောင့်မတ်သောသူ၏စိတ်နှလုံးသည် မည်သို့ဖြေကြားရမည်ကို တွေးဆတတ်၏။ ဆိုးယုတ်သောသူတို့၏နှုတ်မူကား မကောင်းသောအရာများကို သွန်ထုတ်တတ်၏။ ထာဝရဘုရားသည် ဆိုးယုတ်သောသူတို့နှင့် ဝေးကွာတော်မူ၏။ ဖြောင့်မတ်သောသူတို့၏ဆုတောင်းချက်ကိုကား နားညောင်းတော်မူ၏။ မျက်စိအလင်းသည် စိတ်နှလုံးကိုဝမ်းမြောက်စေတတ်၏။ ကောင်းသောသတင်းစကားသည်လည်း အရိုးကိုကျန်းမာစေတတ်၏။ အသက်ရှင်ခြင်းနှင့်ဆိုင်သောဆိုဆုံးမစကားကို နားထောင်သောသူသည် ပညာရှိသောသူတို့အလယ်၌ နေရလိမ့်မည်။ ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူသည် ကိုယ့်ကိုယ်ကိုယ်အလေးမထားတတ်။ ဆိုဆုံးမစကားကိုနားထောင်သောသူမူကား အသိဉာဏ်ကိုရတတ်၏။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာနှင့်ဆိုင်သောဆုံးမပဲ့ပြင်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
သုတ္တံကျမ်း 15 ကိုဖတ်ပါ။
နားထောင်ပါ။ သုတ္တံကျမ်း 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံကျမ်း 15:18-33
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ