သုတ္တံ 10:17-32
သုတ္တံ 10:17-32 Judson Bible (JBMLE)
နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။ အငြိုးဖွဲ့သောသဘောကို မုသားနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သောသူသည် မိုက်သောသဘောရှိ၏။ စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။ ဖြောင့်မတ်သောသူ၏ လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးသောသူ၏ နှလုံးမူကား အဖိုးမထိုက်။ ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် လူအများကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဉာဏ်မရှိသောကြောင့် သေကြလိမ့်မည်။ ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။ မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်၏။ ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။ မတရားသောသူ ကြောက်တတ်သောအမှုသည် သူ့အပေါ်သို့ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသောအကျိုးကိုကား၊ ဘုရားသခင်ပေးတော်မူမည်။ မတရားသောသူသည် လွန်သွားသော လေပွေကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံသော တိုက်မြစ်ဖြစ်၏။ ပုံးရည်သည် သွား၌လည်းကောင်း၊ မီးခိုးသည် မျက်စိ၌လည်းကောင်းဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သောသူ၌ ဖြစ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။ ဖြောင့်မတ်သောသူ၏မျှော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏မျှော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။ ထာဝရဘုရား၏တရားလမ်းသည် ဖြောင့်မတ်သောသူ ခိုင်ခံ့ခြင်းအကြောင်းဖြစ်၏။ မတရားသဖြင့် ကျင့်သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။ ဖြောင့်မတ်သောသူသည် အစဉ်မပြတ် နေရာမှမရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည်မကျရ။ ဖြောင့်မတ်သောသူ၏နှုတ်မှ ပညာစကား ထွက်တတ်၏။ ကောက်လိမ်သောလျှာမူကား၊ အဖြတ်ခံရလိမ့်မည်။ ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဖွယ်သောအရာကို သိကျွမ်းတတ်၏။ မတရားသောသူတို့မူကား၊ ဆန့်ကျင်သော စကားကို ပြောတတ်ကြ၏။
သုတ္တံ 10:17-32 Common Language Bible (BCL)
နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲတတ်၏။ အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။ စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ၏။ ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ ၏။ ဆိုးသောသူ ၏ နှလုံးမူကား အဘိုးမထိုက်။ ဖြောင့်မတ်သော သူ၏နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။ ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။ မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့ တတ်၏။ ဥာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။ မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူ မည်။ မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံ သော တိုက်မြစ်ဖြစ်၏။ ပုံးရည်သည်သွား၌၎င်း၊ မီးခိုးသည် မျက်စိ၌ ၎င်း ဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သော သူ၌ဖြစ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသော သူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။ ဖြောင့်မတ်သောသူ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။ ထာဝရဘုရား၏ တရားလမ်းသည် ဖြောင့်မတ် သောသူ ခိုင်ခံ့ခြင်းအကြောင်း ဖြစ်၏။ မတရားသဖြင့် ကျင့်သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြ လိမ့်မည်။ ဖြောင့်မတ်သောသူသည် အစဉ်မပြတ်နေရာမှ မရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည် မကျရ။ ဖြောင့်မတ်သောသူ၏ နှုတ်မှပညာစကား ထွက် တတ်၏။ ကောက်လိမ်သော လျှာမူကား၊ အဖြတ်ခံရ လိမ့်မည်။ ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဘွယ်သော အရာကို သိကျွမ်းတတ်၏။ မတရား သော သူတို့မူကား၊ ဆန့်ကျင်သော စကားကို ပြောတတ် ကြ၏။
သုတ္တံ 10:17-32 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဆုံးမပဲ့ပြင်ခြင်းကို စောင့်ထိန်းသောသူသည် အသက်ရှင်ခြင်းလမ်း၌ရှိ၏။ ဆိုဆုံးမစကားကိုငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။ မုန်းတီးခြင်းကိုဖုံးကွယ်ထားသောသူ၌ မုသားနှုတ်ခမ်းရှိ၏။ အသရေပျက်စေသောစကားကို ဖြန့်သူသည် မိုက်မဲသောသူဖြစ်၏။ စကားများစွာပြောဆိုသောအခါ အပြစ်ပါလာတတ်၏။ မိမိ၏နှုတ်ကိုချုပ်တည်းသောသူမူကား ပညာသတိရှိ၏။ ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးယုတ်သောသူ၏စိတ်နှလုံးမူကား တန်ဖိုးနည်းလှ၏။ ဖြောင့်မတ်သောသူ၏နှုတ်ခမ်းသည် များစွာသောသူတို့ကို ကျွေးမွေးတတ်၏။ ဆိုးမိုက်သောသူတို့မူကား အသိစိတ်မရှိသောကြောင့် သေကြလိမ့်မည်။ ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် လူကိုချမ်းသာကြွယ်ဝစေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်ဝမှု၌ မည်သည့်ခက်ခဲပင်ပန်းမှုကိုမျှ ထပ်ပေါင်းတော်မမူ။ မိုက်မဲသောသူသည် ညစ်ညမ်းသောအမှုကိုပြုခြင်း၌ ပျော်မွေ့တတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား ဉာဏ်ပညာ၌ ပျော်မွေ့တတ်၏။ ဆိုးယုတ်သောသူကြောက်လန့်သောအမှုသည် သူ့အပေါ်သို့သက်ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒကိုကား ကိုယ်တော်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။ လေပွေတိုက်ခတ်သွားသောအခါ ဆိုးယုတ်သောသူသည် ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူ၌ကား အစဉ်အမြဲတည်သောအုတ်မြစ်ရှိ၏။ ပျင်းရိသောသူသည် သူ့ကိုစေလွှတ်သောသူအတွက် သွားကိုထိသောရှာလကာရည်ကဲ့သို့လည်းကောင်း၊ မျက်စိထဲဝင်သောမီးခိုးကဲ့သို့လည်းကောင်း ဖြစ်၏။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ကိုရှည်စေတတ်၏။ ဆိုးယုတ်သောသူတို့၏နှစ်ကာလမူကား တိုတတ်၏။ ဖြောင့်မတ်သောသူတို့မျှော်မှန်းသောအရာသည် ဝမ်းမြောက်ခြင်းဖြစ်၏။ ဆိုးယုတ်သောသူတို့၏မျှော်လင့်ချက်မူကား ပျက်စီးသွားလိမ့်မည်။ ထာဝရဘုရား၏လမ်းတော်သည် တည်ကြည်သောသူအတွက် မှီခိုရာဖြစ်၏။ အပြစ်ဒုစရိုက်ကိုပြုကျင့်သောသူတို့အတွက်မူကား ပျက်စီးခြင်းအကြောင်းဖြစ်၏။ ဖြောင့်မတ်သောသူသည် မည်သည့်အခါမျှမရွေ့ရာ။ ဆိုးယုတ်သောသူတို့မူကား ပြည်တော်၌ နေထိုင်ရလိမ့်မည်မဟုတ်။ ဖြောင့်မတ်သောသူ၏နှုတ်သည် ဉာဏ်ပညာကိုတိုးပွားစေ၏။ ဖောက်ပြန်လွဲမှားသောလျှာမူကား အဖြတ်ခံရလိမ့်မည်။ ဖြောင့်မတ်သောသူ၏နှုတ်ခမ်းသည် နှစ်သက်ဖွယ်သောအရာကို သိ၏။ ဆိုးယုတ်သောသူ၏နှုတ်မူကား ဖောက်ပြန်လွဲမှားသောအရာများကိုသာ သိ၏။