YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 10

10
ရှောလမုန်မင်းကြီး၏သုတ္တံစကားပေါင်းချုပ်
1ရှောလမုန်​၏​သုတ္တံ​စကား​များ​။
ပညာရှိ​သော​သား​သည် ဖခင်​ကို​ဝမ်းမြောက်​စေ​၏​။
မိုက်မဲ​သော​သား​မူကား သူ​၏​မိခင်​အတွက် ပူဆွေးစရာ​ဖြစ်​၏​။
2မတရား​သဖြင့်​ရ​သော​ဥစ္စာဘဏ္ဍာ​သည် အကျိုး​မ​ရှိ​။
ဖြောင့်မတ်​ခြင်း​မူကား သေ​ခြင်း​မှ​လွတ်မြောက်​စေ​တတ်​၏​။
3ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​ကို ဆာလောင်မွတ်သိပ်​စေ​တော်​မ​မူ​။
ဆိုးယုတ်​သော​သူ​တို့​၏​အလိုရမ္မက်​ကို​ကား ပယ်ချ​တော်မူ​၏​။
4လုံ့လနည်း​သော​လက်​သည် ဆင်းရဲ​ခြင်း​ကို​ဖြစ်​စေ​၏​။
ဝီရိယ​ရှိ​သော​လက်​မူကား ချမ်းသာကြွယ်ဝ​စေ​၏​။
5နွေရာသီ​၌ ရှာဖွေ​စုဆောင်း​သော​သူ​သည် ပညာသတိ​ရှိ​သော​သား​ဖြစ်​၏​။
ရိတ်သိမ်း​ချိန်​၌ အိပ်မောကျ​နေ​သော​သူ​မူကား အရှက်ကွဲ​စေ​သော​သား​ဖြစ်​၏​။
6ဖြောင့်မတ်​သော​သူ​၏​ဦးခေါင်း​ပေါ်၌ ကောင်းချီးမင်္ဂလာ​များ​ရှိ​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​သည် ရက်စက်ကြမ်းကြုတ်မှု​ကို​ဖုံးကွယ်​တတ်​၏​။
7ဖြောင့်မတ်​သော​သူ​နှင့်ဆိုင်သော​အောက်မေ့စရာ​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​၏​။
ဆိုးယုတ်​သော​သူ​၏​အမည်​မူကား ပျောက်ပျက်​သွား​လိမ့်မည်​။
8စိတ်နှလုံး​၌​ပညာရှိ​သော​သူ​သည် ပညတ်ချက်​တို့​ကို လက်ခံ​တတ်​၏​။
နှုတ်ဖွာ​သည့် ဆိုးမိုက်​သော​သူ​ကား ပျက်စီး​ခြင်း​သို့ ရောက်​ရ​လိမ့်မည်​။
9တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​သည် ဘေးကင်းလုံခြုံ​စွာ​လျှောက်လှမ်း​ရ​လိမ့်မည်​။
မိမိ​လမ်း​တို့​ကို​ကွေ့ကောက်​စေ​သော​သူ​၏ သဘော​မူကား သိသာထင်ရှား​လာ​လိမ့်မည်​။
10မျက်စိ​မှိတ်ပြ​သော​သူ​သည် ဝမ်းနည်းပူဆွေးမှု​ကို​ဖြစ်ပေါ်​စေ​တတ်​၏​။
နှုတ်ဖွာ​သည့် ဆိုးမိုက်​သော​သူ​ကား ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။
11ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် အသက်​စမ်းရေတွင်း​ဖြစ်​၏​။
ဆိုးယုတ်​သော​သူ​၏​နှုတ်​မူကား ရက်စက်ကြမ်းကြုတ်မှု​ကို ဖုံးကွယ်​တတ်​၏​။
12မုန်းတီး​ခြင်း​သည် အငြင်းပွားမှု​များ​ဖြစ်​စေရန် လှုံ့ဆော်​တတ်​၏​။
ချစ်ခြင်းမေတ္တာ​မူကား ကျူးလွန်​သော​အပြစ်​ရှိသမျှ​ကို ဖုံးအုပ်​တတ်​၏​။#၁ပေ 4:8။
13အသိဉာဏ်​ရှိ​သော​သူ​၏​နှုတ်ခမ်း​တွင် ဉာဏ်ပညာ​ကို​တွေ့​ရ​၏​။
အသိစိတ်​မ​ရှိ​သော​သူ​၏​ကျောကုန်း​အတွက်​မူကား ကြိမ်လုံး​ရှိ​၏​။
14ပညာရှိ​သော​သူ​သည် အသိပညာ​ကို​သိုမှီး​တတ်​၏​။
ဆိုးမိုက်​သော​သူ​၏​နှုတ်​မူကား ပျက်စီး​ခြင်း​နှင့်​နီးကပ်​၏​။
15ချမ်းသာ​သော​သူ​၏​စည်းစိမ်ဥစ္စာ​သည် သူ​၏​ခိုင်ခံ့​သော​မြို့​ဖြစ်​၏​။
ဆင်းရဲ​သော​သူ​တို့​၏​ပျက်စီး​ခြင်း​အကြောင်း​သည် သူ​တို့​၏​ဆင်းရဲ​ခြင်း​ဖြစ်​၏​။
16ဖြောင့်မတ်​သော​သူ​ရရှိ​သော​အဖိုးအခ​သည် အသက်​ဖြစ်​၏​။
ဆိုးယုတ်​သော​သူ​ရရှိ​သော​အမြတ်အစွန်း​သည် အပြစ်​ဖြစ်​၏​။
17ဆုံးမပဲ့ပြင်​ခြင်း​ကို စောင့်ထိန်း​သော​သူ​သည် အသက်ရှင်​ခြင်း​လမ်း​၌​ရှိ​၏​။
ဆိုဆုံးမစကား​ကို​ငြင်းပယ်​သော​သူ​မူကား လမ်းလွဲ​တတ်​၏​။
18မုန်းတီး​ခြင်း​ကို​ဖုံးကွယ်​ထား​သော​သူ​၌ မုသား​နှုတ်ခမ်း​ရှိ​၏​။
အသရေပျက်​စေ​သော​စကား​ကို ဖြန့်​သူ​သည် မိုက်မဲ​သော​သူ​ဖြစ်​၏​။
19စကား​များစွာ​ပြောဆို​သောအခါ အပြစ်​ပါလာ​တတ်​၏​။
မိမိ​၏​နှုတ်​ကို​ချုပ်တည်း​သော​သူ​မူကား ပညာသတိ​ရှိ​၏​။#သု 17:27၊ ယာ 1:19။
20ဖြောင့်မတ်​သော​သူ​၏​လျှာ​သည် ငွေ​စင်​နှင့်​တူ​၏​။
ဆိုးယုတ်​သော​သူ​၏​စိတ်နှလုံး​မူကား တန်ဖိုးနည်း​လှ​၏​။
21ဖြောင့်မတ်​သော​သူ​၏​နှုတ်ခမ်း​သည် များစွာ​သော​သူ​တို့​ကို ကျွေးမွေး​တတ်​၏​။
ဆိုးမိုက်​သော​သူ​တို့​မူကား အသိစိတ်​မ​ရှိ​သောကြောင့် သေ​ကြ​လိမ့်မည်​။
22ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​သည် လူ​ကို​ချမ်းသာကြွယ်ဝ​စေ​၏​။
ကိုယ်တော်​သည် ထို​ချမ်းသာကြွယ်ဝမှု​၌ မည်သည့်​ခက်ခဲပင်ပန်းမှု​ကို​မျှ ထပ်ပေါင်း​တော်​မ​မူ​။
23မိုက်မဲ​သော​သူ​သည် ညစ်ညမ်း​သော​အမှု​ကို​ပြု​ခြင်း​၌ ပျော်မွေ့​တတ်​၏​။
ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား ဉာဏ်ပညာ​၌ ပျော်မွေ့​တတ်​၏​။
24ဆိုးယုတ်​သော​သူ​ကြောက်လန့်​သော​အမှု​သည် သူ့​အပေါ်​သို့​သက်ရောက်​လိမ့်မည်​။
ဖြောင့်မတ်​သော​သူ​တို့​၏​အလိုဆန္ဒ​ကို​ကား ကိုယ်တော်​ဖြည့်ဆည်း​ပေး​တော်မူ​လိမ့်မည်​။
25လေပွေ​တိုက်ခတ်​သွား​သောအခါ ဆိုးယုတ်​သော​သူ​သည် ပျောက်ကွယ်​သွား​၏​။
ဖြောင့်မတ်​သော​သူ​၌​ကား အစဉ်အမြဲ​တည်​သော​အုတ်မြစ်​ရှိ​၏​။
26ပျင်းရိ​သော​သူ​သည် သူ့​ကို​စေလွှတ်​သော​သူ​အတွက်
သွား​ကို​ထိ​သော​ရှာလကာရည်​ကဲ့သို့​လည်းကောင်း​၊
မျက်စိ​ထဲ​ဝင်​သော​မီးခိုး​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။
27ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်​ကို​ရှည်​စေ​တတ်​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​နှစ်ကာလ​မူကား တို​တတ်​၏​။
28ဖြောင့်မတ်​သော​သူ​တို့​မျှော်မှန်း​သော​အရာ​သည် ဝမ်းမြောက်​ခြင်း​ဖြစ်​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​မျှော်လင့်ချက်​မူကား ပျက်စီး​သွား​လိမ့်မည်​။
29ထာဝရဘုရား​၏​လမ်း​တော်​သည် တည်ကြည်​သော​သူ​အတွက် မှီခို​ရာ​ဖြစ်​၏​။
အပြစ်ဒုစရိုက်​ကို​ပြုကျင့်​သော​သူ​တို့​အတွက်​မူကား ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။
30ဖြောင့်မတ်​သော​သူ​သည် မည်သည့်​အခါ​မျှ​မ​ရွေ့​ရာ​။
ဆိုးယုတ်​သော​သူ​တို့​မူကား ပြည်​တော်​၌ နေထိုင်​ရ​လိမ့်မည်​မ​ဟုတ်​။
31ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် ဉာဏ်ပညာ​ကို​တိုးပွား​စေ​၏​။
ဖောက်ပြန်လွဲမှား​သော​လျှာ​မူကား အဖြတ်​ခံရ​လိမ့်မည်​။
32ဖြောင့်မတ်​သော​သူ​၏​နှုတ်ခမ်း​သည် နှစ်သက်​ဖွယ်​သော​အရာ​ကို သိ​၏​။
ဆိုးယုတ်​သော​သူ​၏​နှုတ်​မူကား ဖောက်ပြန်လွဲမှား​သော​အရာ​များ​ကို​သာ သိ​၏​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။