1
သုတ္တံကျမ်း 10:22
မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် လူကိုချမ်းသာကြွယ်ဝစေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်ဝမှု၌ မည်သည့်ခက်ခဲပင်ပန်းမှုကိုမျှ ထပ်ပေါင်းတော်မမူ။
နှိုင်းယှဉ်
သုတ္တံကျမ်း 10:22ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 10:19
စကားများစွာပြောဆိုသောအခါ အပြစ်ပါလာတတ်၏။ မိမိ၏နှုတ်ကိုချုပ်တည်းသောသူမူကား ပညာသတိရှိ၏။
သုတ္တံကျမ်း 10:19ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 10:12
မုန်းတီးခြင်းသည် အငြင်းပွားမှုများဖြစ်စေရန် လှုံ့ဆော်တတ်၏။ ချစ်ခြင်းမေတ္တာမူကား ကျူးလွန်သောအပြစ်ရှိသမျှကို ဖုံးအုပ်တတ်၏။
သုတ္တံကျမ်း 10:12ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 10:4
လုံ့လနည်းသောလက်သည် ဆင်းရဲခြင်းကိုဖြစ်စေ၏။ ဝီရိယရှိသောလက်မူကား ချမ်းသာကြွယ်ဝစေ၏။
သုတ္တံကျမ်း 10:4ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 10:17
ဆုံးမပဲ့ပြင်ခြင်းကို စောင့်ထိန်းသောသူသည် အသက်ရှင်ခြင်းလမ်း၌ရှိ၏။ ဆိုဆုံးမစကားကိုငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။
သုတ္တံကျမ်း 10:17ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 10:9
တည်ကြည်စွာလျှောက်လှမ်းသောသူသည် ဘေးကင်းလုံခြုံစွာလျှောက်လှမ်းရလိမ့်မည်။ မိမိလမ်းတို့ကိုကွေ့ကောက်စေသောသူ၏ သဘောမူကား သိသာထင်ရှားလာလိမ့်မည်။
သုတ္တံကျမ်း 10:9ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း 10:27
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ကိုရှည်စေတတ်၏။ ဆိုးယုတ်သောသူတို့၏နှစ်ကာလမူကား တိုတတ်၏။
သုတ္တံကျမ်း 10:27ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း 10:3
ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို ဆာလောင်မွတ်သိပ်စေတော်မမူ။ ဆိုးယုတ်သောသူတို့၏အလိုရမ္မက်ကိုကား ပယ်ချတော်မူ၏။
သုတ္တံကျမ်း 10:3ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံကျမ်း 10:25
လေပွေတိုက်ခတ်သွားသောအခါ ဆိုးယုတ်သောသူသည် ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူ၌ကား အစဉ်အမြဲတည်သောအုတ်မြစ်ရှိ၏။
သုတ္တံကျမ်း 10:25ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ